(Zawgyi / Unicode)
ရခိုင္ျပည္နယ္အတြင္း ရခိုင္လက္နက္ကိုင္ AA ဘက္က ဖမ္းဆီးခံခဲ့ရတဲ့ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနမွ ယာဥ္ေမာင္း ၁၆ ဦးနဲ႔ က်န္ ၂ ဦး ေပါင္း ၁၈ ဦး ျပန္လြတ္လာတဲ့အခါ တာဝန္က်ရာ ခရီးလမ္းကို ဆက္မသြားတာေၾကာင့္ဆိုတဲ့ စြဲခ်က္နဲ႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက ခုံ႐ုံးဖဲြ႔စစ္ေဆးမွာ ျဖစ္ပါတယ္။ စစ္ေဆးခံရမယ့္သူေတြကေတာ့ အခုလို ခုံ႐ုံးဖဲြ႔ စစ္ေဆးရတဲ့ အဓိကအေၾကာင္းရင္းဟာ အဖမ္းဆီးခံရစဥ္အတြင္း ျဖစ္စဥ္ေတြကုိ မီဒီယာေတြမွာ အမွန္တိုင္း ေျပာဆိုခဲ့တာနဲ႔ ပတ္သက္ေနတယ္လို႔ ယူဆပါတယ္။ အျပည့္အစံုကို ဆက္သြယ္ေမးျမန္းထားတဲ့ ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။
AA အဖြဲ႔က ဖမ္းဆီးခဲ့ၿပီး ျပန္လြတ္လာတဲ့ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာနက ယာဥ္ေမာင္း ၁၆ ဦးနဲ႔ က်န္ ၂ ဦးကို တာ၀န္က်ရာ ေမာင္ေတာၿမိဳ႕ ႀကိဳဆိုလက္ခံေရးစခန္းကို မသြားလို႔ဆိုၿပီး ဌာနကေန ခုံ႐ုံးဖြင့္ အေရးယူဖို႔ စီစဥ္ေနတာပါ။
ယာဥ္ေမာင္း ၁၈ ဦးကို ခုံ႐ုံးဖဲြ႔ စစ္ေဆးမယ့္အေၾကာင္းကိုေတာ့ အဖမ္းခံရအထဲ ျပန္လြတ္လာတဲ့ ယာဥ္ေမာင္း ဒု-ႀကီးၾကပ္ေရးမွဴး ဦးေဇာ္ထြန္းဦးက ဗီြအိုေအကို အခုလိုေျပာပါတယ္။
“က်ေနာ္တုိ႔ကို ပထမ ဌာနကလႊတ္လိုက္တယ္။ သူတို႔က လုံၿခံဳေရးေရာ ဘာေရာ အကုန္စိတ္ခ်ရပါတယ္။ အဆင့္ဆင့္ သတင္းပို႔သြားပါ။ တာ၀န္ယူပါတယ္ဆိုၿပီးေတာ့ လႊတ္တာေပါ့ေနာ္ က်ေနာ္တုိ႔ကို။ တာ၀န္မယူႏုိင္လို႔ပဲ က်ေနာ္တုိ႔ လက္ေတြ႔ အဖမ္းခံရတယ္ေလ။ က်ေနာ္တုိ႔ အဖြဲ႔အစည္းအဆိုအရ လုံၿခံဳေရးက်ိဳးေပါက္သြားၿပီး။ ၿပီးရင္ က်ေနာ္တို႔ရဲ႕ ၀န္ထမ္းေတြ စိတ္ခံစားမႈ ျဖစ္သြားၿပီး။ က်ေနာ္တုိ႔က ဟိုကို ကားသြားေမာင္းဖို႔ တာ၀န္ထမ္းေဆာင္ဖို႔ဆိုတာ က်ေနာ္တုိ႔အတြက္ ဘယ္လိုမွ မျဖစ္ႏုိင္ေတာ့ဘူးေပါ့။ က်ေနာ္တုိ႔က ဟိုကိုသြားလဲရမယ့္တာ၀န္ကို မလဲႏုိင္ေတာ့ဘူးေပါ့။ အဲဒါကို သူတို႔ က်ေနာ္တုိ႔ကို ဘယ္လိုအျပစ္ျမင္လဲဆိုေတာ့ က်ေနာ္တို႔သေဘာနဲ႔ က်ေနာ္တုိ႔ ျပန္လာပါတယ္ ဆိုၿပီးေတာ့ပဲ အထက္ကို ထိုးခ်တာေပါ့ေနာ္။ အဲဒီလိုပုံစံမ်ိဳး။ ခုံ႐ုံးဖြဲ႔စစ္တာက က်ေနာ္တုိ႔ ၁၈ ေယာက္လုံးကို စစ္မွာေပါ့ေနာ္။ က်ေနာ္တုိ႔ဆီက စစ္ဗိုလ္ေတြပါပဲခင္ဗ်။ ဗိုလ္ႀကီးမင္းႏုိင္ေပါ့ေနာ္ တပ္မေတာ္က ေျပာင္းလာတာေပါ့။ ဗိုလ္ႀကီးမင္းႏုိင္၊ ဗိုလ္ႀကီးေအာင္ေမာ္၊ ဗိုလ္ႀကီးေက်ာ္သီဟ သူတို႔က က်ေနာ္တုိ႔ရဲ႕ဌာနမွာ ရာထူးယူထားၿပီးေတာ့ တပ္မေတာ္က ေရႊ႕လာတာေပါ့။ အဲဒီလူေတြက ေခါင္းေဆာင္ၿပီးေတာ့ စစ္မွာေပါ့ေနာ္။ တနလၤာေန႔ကစၿပီး ေသာၾကာေန႔အထိ စစ္မွာပါ။”
အဲလို ဖမ္းဆီးခံရသူ ၁၆ ဦးထဲ ယာဥ္ေမာင္း ဒု-ႀကီးၾကပ္ေရးမွဴး ဦးေဇာ္ထြန္းဦးလည္း ပါတာမို႔ အခုလို ခုံ႐ုံးဖဲြ႔ စစ္ေဆးတာမွာ သူလည္း ထြက္ဆိုရမွာျဖစ္ပါတယ္။
ဒီခုံ႐ုံးကို တပ္မေတာ္ကေန ေျပာင္းလာတဲ့ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန တာ၀န္ရွိသူေတြနဲ႔ ဖြဲ႔စည္းထားတယ္လို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၃၁ ရက္ေန႔က စစ္ေတြ-ဘူးသီးေတာင္ၿမိဳ႕ကို ေျပးဆဲြတဲ့ ေအာင္တံခြန္ ၇ ေရယာဥ္ေပၚ လိုက္ပါလာၿပီး ဒုကၡသည္ႀကိဳဆိုေရး လက္ခံစခန္းကို သြားမယ့္ ယာဥ္ေမာင္း ၁၆ ဦးကို ရေသ့ေတာင္ၿမိဳ႕နယ္၊ စဖိုကၽြန္းအနီးမွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႔က ဖမ္းဆီးသြားခဲ့တာပါ။ က်န္တဲ့ ၂ ဦးကေတာ့ အဖမ္းဆီးခံရတဲ့အထဲ ပါမသြားခဲ့ပါဘူး။
တရက္သာ ထိန္းသိမ္းထားၿပီး ဇန္န၀ါရီ ၁ ရက္ေန႔မွာ ျပန္လည္လႊတ္ေပးခဲ့ေပမယ့္ တာ၀န္က်ရာ ေမာင္ေတာၿမိဳ႕နယ္ လွဖိုးေခါင္ ငါးခူရ ျပန္လည္လက္ခံေရး ႀကိဳဆိုေရးစခန္း မသြားဘဲ ျပန္လာတဲ့အတြက္ စုစုေပါင္း ယာဥ္ေမာင္း ၁၈ ဦးကို ေနျပည္ေတာ္မွာ ခုံ႐ုံးဖဲြ႔ စစ္ေဆးခံရမွာ ျဖစ္ပါတယ္။
ခုံ႐ုံးဖြဲ႔ စစ္ေဆးခံရတဲ့ အဓိကအေၾကာင္းရင္းဟာ ဖမ္းဆီးခံရစဥ္အတြင္း ျဖစ္စဥ္ေတြကုိ မီဒီယာေတြမွာ အမွန္တိုင္း ေျပာဆိုခဲ့တာနဲ႔ ပတ္သက္ေနတယ္လို႔ ဦးေဇာ္ထြန္းဦးက ယူဆ ေျပာဆိုပါတယ္။
“အဓိက အႏွစ္ခ်ဳပ္ေျပာခ်င္တာက က်ေနာ္တုိ႔ကို တိုင္းရင္းသားေတြက ေကာင္းေကာင္းဆက္ဆံလိုက္တဲ့ အေပၚမွာ သူတို႔စိတ္ထဲမွာ ဒီတပ္ဘက္က လူေတြက မလိုလားဘူးပုံစံမ်ိဳး ျဖစ္ေနတယ္။ က်ေနာ့္ကုိ သတင္းေထာက္ေတြက ေမးေတာ့ က်ေနာ္ ဒီဆိပ္ကမ္းတက္တက္ခ်င္းေပါ့ေနာ္။ က်န္းမာေရးေကာင္းသလား ဘာလား အဲဒီလိုေမးလိုက္တဲ့ အခ်ိန္မွာ က်ေနာ္ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ က်ေနာ့္အသက္ကိုလည္း သူတို႔လႊတ္ေပးလိုက္တယ္ေလ ေနာ။ တိုင္းရင္းသားေတြမွာလည္း သူ႔ဂုဏ္ သူ႔အဆင့္အတန္းနဲ႔ ေလးစားစရာ ေကာင္းတာေတြ ရွိပါတယ္လို႔ က်ေနာ္ အဲဒီလိုေျဖလိုက္တာ။ အဲဒီအေပၚ သူတို႔ မလိုလားဘူးထင္တာေပါ့။ က်ေနာ္တုိ႔ေသသြားၿပီး က်ေနာ္တုိ႔ အႏွိပ္စက္ခံရတယ္။ သူတို႔ အဲဒါကုိပဲ လိုတယ္။ က်ေနာ္တို႔က တကယ္ပဲ မႏွိပ္စက္တာ။ မႏွိပ္စက္တာ မႏွိပ္စက္ဘူးလို႔ ေျပာရမွာေပါ့။ က်ေနာ္တုိ႔ဌာနကလည္း တပ္ကလူခ်ည္းပဲ အကုန္လုံး။”
ဒီလိုျဖစ္စဥ္အေပၚ ႏုိင္ငံေတာ္ပင္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို တင္ျပသြားမယ္လို႔ ဦးေဇာ္ထြန္းဦးက ဆက္ေျပာပါတယ္။
“က်ေနာ္တုိ႔အဖြဲ႔ တိုင္ပင္ထားတာေတာ့ က်ေနာ္တို႔ အစစ္ခံမယ္။ သူတို႔ တိုက္႐ုိက္စစ္နဲ႔ လုပ္တာနဲ႔ တၿပိဳင္နက္တည္း က်ေနာ္တုိ႔ ဒီ ၁၈ ေယာက္လုံးစုၿပီး အတိုင္ပင္ခံအိမ္ကို သြားေတြ႔မယ္။ အတိုင္ပင္ခံ အေတြ႔ခံမလား က်ေနာ္တုိ႔ပဲ အဖမ္းခံရမလား။ က်ေနာ္တုိ႔ ဆက္ေလွ်ာက္မွာေပါ့ေနာ္။ ဒီလိုႀကီး အမွန္တကယ္ျဖစ္ေနၿပီး။ ေျမျပင္ေပၚမွာေတာ့ လက္ေတြ႔ ဒါေတြကို တာ၀န္ရွိတဲ့သူေတြ ဘယ္လိုဆုံးျဖတ္ေပးမလဲ ဆိုတာကို က်ေနာ္ အျဖဴအမည္း သဲကြဲေစခ်င္တာေပါ့ေနာ္။”
ကညနယာဥ္ေမာင္း ၁၈ ဦးကို ခုံ႐ုံးဖြဲ႔ စစ္ေဆးမယ္ဆိုတဲ့ ျဖစ္စဥ္အေပၚ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက လက္ေထာက္အတြင္းဝန္ ဦးေအာင္ရဲထြန္းကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ေလာေလာဆယ္က က်ေနာ္ ႐ုံးပိတ္ရက္ျဖစ္တယ္။ နယ္ကိုလည္း ခရီးထြက္ေနတယ္။ ေလာေလာဆယ္ မေျဖႏုိင္ေသးဘူး။” လို႔ ေျပာပါတယ္။
လက္ရွိ ခုံ႐ုံးဖြဲ႔ စစ္ေဆးခံရမယ့္ ကညနယာဥ္ေမာင္း ၁၈ ဦးဟာ ေဒသအႏွံ႔က မိမိတို႔ေနအိမ္မွာ ရွိေနသလို လာမယ့္ ဇန္န၀ါရီ ၁၃ ရက္ေန႔ ေနျပည္ေတာ္မွာ စစ္ေဆးခံရမွာ ျဖစ္ပါတယ္။
ခုံ႐ုံးဖဲြ႔ စစ္ေဆးၿပီးရင္ သူတို႔ကို ရာထူးခ်တာ (သို႔မဟုတ္) အလုပ္က ထုတ္ပယ္သည္အထိ ျဖစ္လာႏုိင္မယ္လို႔လည္း ဒု-ႀကီးၾကပ္ေရးမွဴး ဦးေဇာ္ထြန္းဦးက ေျပာပါတယ္။
ရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ စစ္ေရးတင္းမာမႈေတြ ျဖစ္ပြားဆဲျဖစ္သလို ခရီးသြားလာရာမွာလည္း အစိုးရနဲ႔ သက္ဆိုင္တဲ့ ၀န္ထမ္းေတြကို AA အဖြဲ႔ကေန မၾကာခန ဖမ္းဆီးမႈေတြ ရွိေနတာပါ။
ၿပီးခဲ့တဲ့ ၂၀၁၉ ဒီဇင္ဘာ ၂၄ ရက္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ ေတာင္ဘဇာစခန္းက လဝက လက္ေထာက္ၫႊန္ၾကားေရးမွဴး ဦးတင္မ်ိဳးေအာင္နဲ႔ လာႀကိဳသူ လ၀က အရာရွိ ၂ ဦး ေပါင္း ၃ ဦးကို AA အဖြဲ႔ကေန ဖမ္းဆီးေခၚေဆာင္သြားခဲ့သလို ေအာက္တိုဘာ ၂၆ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္အတြင္း အျမန္ေရယာဥ္တစီးေပၚ ပါလာတဲ့ တပ္မေတာ္သား၊ ရဲနဲ႔ အစိုးရ၀န္ထမ္း စုစုေပါင္း ၁၆ ဦးကို ဖမ္းဆီးသြားခဲ့တာျဖစ္ၿပီး အခုအခ်ိန္အထိ ျပန္မလြတ္ေသးပါဘူး။
ပဋိပကၡျဖစ္ပြားရာေဒသကို သြားလာမယ္ဆိုရင္ သက္ဆိုင္ရာကို အေၾကာင္းၾကားဖို႔ ခြင့္ျပဳခ်က္ရမွာသာ သြားလာဖို႔ ရခိုင္ျပည္နယ္ ပညာေရးဌာနကလည္း ဒီရက္ပိုင္းမွာ ေၾကညာခ်က္ ျဖန္႔ေ၀ထားပါတယ္။
----------------------------------
(Unicode)
AA မှ ပြန်လွတ်လာသူ ယာဉ်မောင်းများ ခုံရုံးဖွဲ့စစ်ဆေးခံရမယ်
ရခိုင်ပြည်နယ်အတွင်း ရခိုင်လက်နက်ကိုင် AA ဘက်က ဖမ်းဆီးခံခဲ့ရတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်မောင်း ၁၆ ဦးနဲ့ ကျန် ၂ ဦး ပေါင်း ၁၈ ဦး ပြန်လွတ်လာတဲ့အခါ တာဝန်ကျရာ ခရီးလမ်းကို ဆက်မသွားတာကြောင့်ဆိုတဲ့ စွဲချက်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ခုံရုံးဖွဲ့စစ်ဆေးမှာ ဖြစ်ပါတယ်။ စစ်ဆေးခံရမယ့်သူတွေကတော့ အခုလို ခုံရုံးဖွဲ့ စစ်ဆေးရတဲ့ အဓိကအကြောင်းရင်းဟာ အဖမ်းဆီးခံရစဉ်အတွင်း ဖြစ်စဉ်တွေကို မီဒီယာတွေမှာ အမှန်တိုင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်နေတယ်လို့ ယူဆပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။
AA အဖွဲ့က ဖမ်းဆီးခဲ့ပြီး ပြန်လွတ်လာတဲ့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက ယာဉ်မောင်း ၁၆ ဦးနဲ့ ကျန် ၂ ဦးကို တာဝန်ကျရာ မောင်တောမြို့ ကြိုဆိုလက်ခံရေးစခန်းကို မသွားလို့ဆိုပြီး ဌာနကနေ ခုံရုံးဖွင့် အရေးယူဖို့ စီစဉ်နေတာပါ။
ယာဉ်မောင်း ၁၈ ဦးကို ခုံရုံးဖွဲ့ စစ်ဆေးမယ့်အကြောင်းကိုတော့ အဖမ်းခံရအထဲ ပြန်လွတ်လာတဲ့ ယာဉ်မောင်း ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။
“ကျနော်တို့ကို ပထမ ဌာနကလွှတ်လိုက်တယ်။ သူတို့က လုံခြုံရေးရော ဘာရော အကုန်စိတ်ချရပါတယ်။ အဆင့်ဆင့် သတင်းပို့သွားပါ။ တာဝန်ယူပါတယ်ဆိုပြီးတော့ လွှတ်တာပေါ့နော် ကျနော်တို့ကို။ တာဝန်မယူနိုင်လို့ပဲ ကျနော်တို့ လက်တွေ့ အဖမ်းခံရတယ်လေ။ ကျနော်တို့ အဖွဲ့အစည်းအဆိုအရလုံခြုံရေးကျိုးပေါက်သွားပြီး။ ပြီးရင် ကျနော်တို့ရဲ့ ဝန်ထမ်းတွေ စိတ်ခံစားမှု ဖြစ်သွားပြီး။ ကျနော်တို့က ဟိုကို ကားသွားမောင်းဖို့ တာဝန်ထမ်းဆောင်ဖို့ဆိုတာ ကျနော်တို့အတွက် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးပေါ့။ ကျနော်တို့က ဟိုကိုသွားလဲရမယ့်တာဝန်ကို မလဲနိုင်တော့ဘူးပေါ့။ အဲဒါကို သူတို့ ကျနော်တို့ကို ဘယ်လိုအပြစ်မြင်လဲဆိုတော့ ကျနော်တို့သဘောနဲ့ ကျနော်တို့ ပြန်လာပါတယ် ဆိုပြီးတော့ပဲ အထက်ကို ထိုးချတာပေါ့နော်။ အဲဒီလိုပုံစံမျိုး။ ခုံရုံးဖွဲ့စစ်တာက ကျနော်တို့ ၁၈ ယောက်လုံးကို စစ်မှာပေါ့နော်။ ကျနော်တို့ဆီက စစ်ဗိုလ်တွေပါပဲခင်ဗျ။ ဗိုလ်ကြီးမင်းနိုင်ပေါ့နော် တပ်မတော်က ပြောင်းလာတာပေါ့။ ဗိုလ်ကြီးမင်းနိုင်၊ ဗိုလ်ကြီးအောင်မော်၊ ဗိုလ်ကြီးကျော်သီဟ သူတို့က ကျနော်တို့ရဲ့ဌာနမှာ ရာထူးယူထားပြီးတော့ တပ်မတော်က ရွှေ့လာတာပေါ့။ အဲဒီလူတွေက ခေါင်းဆောင်ပြီးတော့ စစ်မှာပေါ့နော်။ တနင်္လာနေ့ကစပြီး သောကြာနေ့အထိ စစ်မှာပါ။”
အဲလို ဖမ်းဆီးခံရသူ ၁၆ ဦးထဲ ယာဉ်မောင်း ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးလည်း ပါတာမို့ အခုလို ခုံရုံးဖွဲ့ စစ်ဆေးတာမှာ သူလည်း ထွက်ဆိုရမှာဖြစ်ပါတယ်။
ဒီခုံရုံးကို တပ်မတော်ကနေ ပြောင်းလာတဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့က စစ်တွေ-ဘူးသီးတောင်မြို့ကို ပြေးဆွဲတဲ့ အောင်တံခွန် ၇ ရေယာဉ်ပေါ် လိုက်ပါလာပြီး ဒုက္ခသည်ကြိုဆိုရေး လက်ခံစခန်းကို သွားမယ့် ယာဉ်မောင်း ၁၆ ဦးကို ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းအနီးမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။ ကျန်တဲ့ ၂ ဦးကတော့ အဖမ်းဆီးခံရတဲ့အထဲ ပါမသွားခဲ့ပါဘူး။
တရက်သာ ထိန်းသိမ်းထားပြီး ဇန်နဝါရီ ၁ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် တာဝန်ကျရာ မောင်တောမြို့နယ် လှဖိုးခေါင် ငါးခူရ ပြန်လည်လက်ခံရေး ကြိုဆိုရေးစခန်း မသွားဘဲ ပြန်လာတဲ့အတွက် စုစုပေါင်း ယာဉ်မောင်း ၁၈ ဦးကို နေပြည်တော်မှာ ခုံရုံးဖွဲ့ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
ခုံရုံးဖွဲ့ စစ်ဆေးခံရတဲ့ အဓိကအကြောင်းရင်းဟာ ဖမ်းဆီးခံရစဉ်အတွင်း ဖြစ်စဉ်တွေကို မီဒီယာတွေမှာ အမှန်တိုင်း ပြောဆိုခဲ့တာနဲ့ ပတ်သက်နေတယ်လို့ ဦးဇော်ထွန်းဦးက ယူဆ ပြောဆိုပါတယ်။
“အဓိက အနှစ်ချုပ်ပြောချင်တာက ကျနော်တို့ကို တိုင်းရင်းသားတွေက ကောင်းကောင်းဆက်ဆံလိုက်တဲ့ အပေါ်မှာ သူတို့စိတ်ထဲမှာ ဒီတပ်ဘက်က လူတွေက မလိုလားဘူးပုံစံမျိုး ဖြစ်နေတယ်။ ကျနော့်ကို သတင်းထောက်တွေက မေးတော့ ကျနော် ဒီဆိပ်ကမ်းတက်တက်ချင်းပေါ့နော်။ ကျန်းမာရေးကောင်းသလား ဘာလား အဲဒီလိုမေးလိုက်တဲ့ အချိန်မှာ ကျနော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်အသက်ကိုလည်း သူတို့လွှတ်ပေးလိုက်တယ်လေ နော။ တိုင်းရင်းသားတွေမှာလည်း သူ့ဂုဏ် သူ့အဆင့်အတန်းနဲ့ လေးစားစရာ ကောင်းတာတွေ ရှိပါတယ်လို့ ကျနော် အဲဒီလိုဖြေလိုက်တာ။ အဲဒီအပေါ် သူတို့ မလိုလားဘူးထင်တာပေါ့။ ကျနော်တို့သေသွားပြီး ကျနော်တို့ အနှိပ်စက်ခံရတယ်။ သူတို့ အဲဒါကိုပဲ လိုတယ်။ ကျနော်တို့က တကယ်ပဲ မနှိပ်စက်တာ။ မနှိပ်စက်တာ မနှိပ်စက်ဘူးလို့ ပြောရမှာပေါ့။ ကျနော်တို့ဌာနကလည်း တပ်ကလူချည်းပဲ အကုန်လုံး။”
ဒီလိုဖြစ်စဉ်အပေါ် နိုင်ငံတော်ပင်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြသွားမယ်လို့ ဦးဇော်ထွန်းဦးက ဆက်ပြောပါတယ်။
“ကျနော်တို့အဖွဲ့ တိုင်ပင်ထားတာတော့ ကျနော်တို့ အစစ်ခံမယ်။ သူတို့ တိုက်ရိုက်စစ်နဲ့ လုပ်တာနဲ့ တပြိုင်နက်တည်း ကျနော်တို့ ဒီ ၁၈ ယောက်လုံးစုပြီး အတိုင်ပင်ခံအိမ်ကို သွားတွေ့မယ်။ အတိုင်ပင်ခံ အတွေ့ခံမလား ကျနော်တို့ပဲ အဖမ်းခံရမလား။ ကျနော်တို့ ဆက်လျှောက်မှာပေါ့နော်။ ဒီလိုကြီး အမှန်တကယ်ဖြစ်နေပြီး။ မြေပြင်ပေါ်မှာတော့ လက်တွေ့ ဒါတွေကို တာဝန်ရှိတဲ့သူတွေ ဘယ်လိုဆုံးဖြတ်ပေးမလဲ ဆိုတာကို ကျနော် အဖြူအမည်း သဲကွဲစေချင်တာပေါ့နော်။”
ကညနယာဉ်မောင်း ၁၈ ဦးကို ခုံရုံးဖွဲ့ စစ်ဆေးမယ်ဆိုတဲ့ ဖြစ်စဉ်အပေါ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “လောလောဆယ်က ကျနော် ရုံးပိတ်ရက်ဖြစ်တယ်။ နယ်ကိုလည်း ခရီးထွက်နေတယ်။ လောလောဆယ် မဖြေနိုင်သေးဘူး။” လို့ ပြောပါတယ်။
လက်ရှိ ခုံရုံးဖွဲ့ စစ်ဆေးခံရမယ့် ကညနယာဉ်မောင်း ၁၈ ဦးဟာ ဒေသအနှံ့က မိမိတို့နေအိမ်မှာ ရှိနေသလို လာမယ့် ဇန်နဝါရီ ၁၃ ရက်နေ့ နေပြည်တော်မှာ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
ခုံရုံးဖွဲ့ စစ်ဆေးပြီးရင် သူတို့ကို ရာထူးချတာ (သို့မဟုတ်) အလုပ်က ထုတ်ပယ်သည်အထိ ဖြစ်လာနိုင်မယ်လို့လည်း ဒု-ကြီးကြပ်ရေးမှူး ဦးဇော်ထွန်းဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားဆဲဖြစ်သလို ခရီးသွားလာရာမှာလည်း အစိုးရနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတွေကို AA အဖွဲ့ကနေ မကြာခန ဖမ်းဆီးမှုတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်မှာ ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းက လဝက လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်နဲ့ လာကြိုသူ လဝက အရာရှိ ၂ ဦး ပေါင်း ၃ ဦးကို AA အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း အမြန်ရေယာဉ်တစီးပေါ် ပါလာတဲ့ တပ်မတော်သား၊ ရဲနဲ့ အစိုးရဝန်ထမ်း စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အခုအချိန်အထိ ပြန်မလွတ်သေးပါဘူး။
ပဋိပက္ခဖြစ်ပွားရာဒေသကို သွားလာမယ်ဆိုရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ ခွင့်ပြုချက်ရမှာသာ သွားလာဖို့ ရခိုင်ပြည်နယ် ပညာရေးဌာနကလည်း ဒီရက်ပိုင်းမှာ ကြေညာချက် ဖြန့်ဝေထားပါတယ်။