သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တံငါသည် (၁၆) ယောက် ဘင်္ဂလား ဒေ့ရှ်လက်ကို AA လွှဲအပ်


မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ကြား "No man's land" ဧရိယာကိုကာရံထားတဲ့ ခြံစည်းရိုးနားမှာ လုံခြုံရေးယူနေတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ကြား "No man's land" ဧရိယာကိုကာရံထားတဲ့ ခြံစည်းရိုးနားမှာ လုံခြုံရေးယူနေတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (တောင်ပြိုလက်ယာကျေးရွာအနီး၊ မောင်တောမြို့) (ဇွန် ၂၉၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်တံငါသည် ၁၆ ယောက်ကို အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကို အောက်တိုဘာ ၁၄ ရက်က လွှဲပြောင်းအပ်လိုက်ပါတယ်။ နတ်မြစ်နယ်ခြားမှာ မနေ့ညက လွှဲပြောင်းပေးခဲ့တယ်လို့ တက်နတ်ဖ် အမှတ် ၂ နယ်ခြားစောင့်တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး Mohammad Mohiuddin Ahmed က ပြောကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရပိုင် အွန်လိုင်း သတင်းဌာန Bangladesh Sangbad Sangstha (BSS) က အင်္ဂါနေ့သတင်းမှာ ဆိုပါတယ်။

Cox’s Bazar မှာရှိတဲ့ Nunyarchhara ဆိပ်ကနေ စက်တင်ဘာလ ၂၈ ရက်နေ့မှာ တံငါလှေက ဘင်္ဂလား ပင်လယ်အော်ထဲကိ ထွက်ခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နေ့မှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ ပင်လယ်ဓားပြတွေက သူတို့ကို တိုက်ခိုက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ BSS က ဆိုပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် မြန်မာဘက်ကမ်းမှာ သူတို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဒေသခံတွေကတဆင့် အာရက္ခတပ်တော် နဲ့ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ AA တာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ အကြောင်းကြားခဲ့ပြီးတဲ့နောက် အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တို့ လွှဲပြောင်းရေးအတွက် ညှိနှိုင်းခဲ့ကြတယ်ဖြစ်ပါတယ်။ တံငါသည် ၁၅ ယောက်လုံး မိသားစုတွေဆီ ပြန်ရောက်သွားကြပြီ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG