သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ကမ္ဘာမှာ ကာကွယ်ဆေးမထိုးဖြစ်တဲ့ ကလေးပေါင်း ၆၇ သန်းခန့်ရှိ (UNICEF)


ရန်ကုန်မြို့မှာ ဝက်သက်ကာကွယ်ဆေးထိုးခံနေတဲ့ ကလေးငယ်တဦး (နိုဝင်ဘာ ၂၆၊ ၂၀၁၉)
ရန်ကုန်မြို့မှာ ဝက်သက်ကာကွယ်ဆေးထိုးခံနေတဲ့ ကလေးငယ်တဦး (နိုဝင်ဘာ ၂၆၊ ၂၀၁၉)

မြန်မာအပါအဝင် ကမ္ဘာတဝန်း ကလေးငယ် အနည်းဆုံး ၆၇ သန်းဟာ ကိုဗစ်ကပ်ဘေးကြုံခဲ့ရတဲ့၂၀၁၉ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်ကြား ကာလအတွင်း ကာကွယ်ဆေး ထိုးဖို့ လုံးလုံးလျားလျားဖြစ်စေ တစိတ်တပိုင်းဖြစ်စေ ပျက်ကွက်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံ‌ငွေ အဖွဲ့ UNICEF အဖွဲ့က မနေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ကိုဗစ် 19 ကပ်ရောဂါ ကူးစက်မှု တားဆီးရေး အပြင်မထွက်ရ ပိတ်ပင်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှု ပုံမှန် အလုပ်နိုင်ခဲ့တဲ့ အခြေအနေတွေကြောင့် အခုလို ကလေးငယ်တွေ ကာကွယ်ဆေး ထိုးဖို့ ပျက်ကွက်ခဲ့တာလို့လည်း ပြောပါတယ်။

ကာကွယ်ဆေး လုံးဝထိုးဖို့ ပျက်ကွက်ခဲ့တဲ့ ကလေးငယ်တွေ တိုးလာတဲ့ အများဆုံး နိုင်ငံတွေဟာ အိန္ဒိယနဲ့ နိုင်ဂျီးရီးယား နိုင်ငံတွေ ဖြစ်တယ်လို့ UNICEF အဖွဲ့ကြီးရဲ့ အမှုဆောင် ဒါရိုက်တာ Catherine Russell က ပြောဆိုသွားတာပါ။ တချိန်တည်းမှာ မြန်မာနဲ့ ဖိလစ်ပိုင် နိုင်ငံတွေမှာလည်း ကာကွယ်ဆေးလုံးဝ မထိုးတဲ့ ကလေးငယ်တွေ သိသိသာသာ တိုးလာတယ်လို့ သူက ပြောပါတယ်။ ဆယ်စုနှစ်တစုကျော် ခက်ခက်ခဲခဲရအောင်ကြိုးပမ်းခဲ့ရတဲ့ ကလေးတွေကို ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့တဲ့ အောင်မြင်မှုတွေ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံ‌ငွေ အဖွဲ့ UNICEF ရဲ့ အစီရင်ခံစာသစ်က သတိပေးထားတာပါ။

ကလေးငယ် ၆၇ သန်း ထဲမှာ ၄၈ သန်းက ဆေးထိုးဖို့ လုံးလုံးလျားလျား ပျက်ကွက်ခဲ့တာ ဖြစ်ပြီး ဒီလို ပျက်ကွက်ခဲ့တဲ့အတွက် ပိုလီယိုနဲ့ ဝက်သက်လိုရောဂါတွေ ဖြစ်ပွားလာမှာ စိုးရိမ်ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အရင်ကလို ပုံမှန် ကာကွယ်ဆေးထိုးနိုင်တဲ့ အခြေအနေ ပြန်ရောက်ဖို့ဆိုတာ တော်တော်လေး ခက်ခက်ခဲခဲ ကြိုးပမ်းရလိမ့်မယ်လို့လည်း UNICEF အဖွဲ့ တာဝန်ရှိသူတွေက ထောက်ပြပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG