သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူသားခ်င္းစာနာအကူအညီ သန္း ၆၀ ေက်ာ္ ဂ်ပန္ထပ္ေပးမယ္ 


ထိုင္း-ျမန္မာနယ္စပ္ ကရင္ျပည္နယ္ထဲက စစ္ေဘးေရွာင္ဒုကၡသည္စခန္းတခု (ေဖေဖာ္ဝါရီ ၁၄၊ ၂၀၂၂)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ဒုကၡေရာက္ရသူေတြအတြက္ ဂ်ပန္ႏိုင္ငံက လူသားခ်င္းစာနာေထာက္ထားမႈအကူအညီေတြ ထပ္မံေပးသြားမယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဌာနက ဒီေန႔ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး လိုအပ္ေနသူေတြလက္ထဲ အကူအညီေတြ အဟန႔္အတားမရွိပို႔ေပးႏိုင္ေရး ျမန္မာႏိုင္ငံဘက္က ခြင့္ျပဳဖို႔ ဂ်ပန္အစိုးရက ေတာင္းဆိုပါတယ္။

အခုလက္႐ွိ ျမန္မာႏိုင္ငံ ေနရာစံုမွာ အၾကမ္းဖက္မႈေတြ ပိုျဖစ္ေနသလို လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီ ပိုၿပီးလိုအပ္ေနတဲ့အတြက္ လူသားခ်င္းစာနာမႈအကူအညီ စုစုေပါင္း ေဒၚလာ သန္း ၆၀ ေက်ာ္ ထပ္ေပးဖုိ႔ ဂ်ပန္အစိုးရက ဆုံးျဖတ္ခဲ့ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ဒီေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္တာပါ။ အကူအညီေတြကို UNHCR, UNICEF, WFP စတဲ့ အဖြဲ႕အစည္းေတြအပါဝင္ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ အဖြဲ႕အစည္းေတြကတဆင့္ ေပးအပ္မွာျဖစ္ပါတယ္။ ဒုကၡသည္ေတြအတြက္ အစားအေသာက္၊ ေဆးဝါး၊ ေနထိုင္ခိုလႈံစရာေတြအျပင္ ေရနဲ႔ မိလႅာစနစ္ေကာင္းမြန္ဖို႔၊ အဟာရျဖည့္ဆည္းေပးဖို႔၊ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ပညာေရးအေထာက္အပံ့ေတြအျပင္ တရားမဝင္မူးယစ္ေဆးဝါး တိုက္ဖ်က္ေရးလို ကိစၥေတြအတြက္ အသုံးျပဳသြားမွ ျဖစ္တဲ့အေၾကာင္း ဂ်ပန္အစိုးရက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီး ၂ ႏွစ္အတြင္း ျမန္မာျပည္သူေတြအတြက္ ဂ်ပန္ႏိုင္ငံက အခုခ်ိန္အထိ လူသားခ်င္းစာနာမႈအကူအညီ အေမရိကန္ေဒၚလာ ၄၇ သန္းဖိုး ေထာက္ပံ့ေပးခဲ့ၿပီးျဖစ္တယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ ဇႏၷဝါရီလ ၂၅ ရက္ေန႔ ထုတ္ျပန္တဲ့ ကုလသမဂၢရဲ႕ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ ျပည္တြင္း အိုးမဲ့အိမ္မဲ့ထြက္ေျပးပုန္းေရွာင္ေနရသူေတြအပါအဝင္ လူဦးေရ ၁၇ သန္း ၆ သိန္း အကူအညီလိုအပ္တယ္ဆိုတာကို ဂ်ပန္အစိုးရက ေထာက္ျပထားပါတယ္။

[Unicode]

လူသားချင်းစာနာအကူအညီ သန်း ၆၀ ကျော် ဂျပန်ထပ်ပေးမယ်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဒုက္ခရောက်ရသူတွေအတွက် ဂျပန်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထပ်မံပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ဒီနေ့ကြေညာချက်ထုတ်ပြန်ခဲ့ပြီး လိုအပ်နေသူတွေလက်ထဲ အကူအညီတွေ အဟန့်အတားမရှိပို့ပေးနိုင်ရေး မြန်မာနိုင်ငံဘက်က ခွင့်ပြုဖို့ ဂျပန်အစိုးရက တောင်းဆိုပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံ နေရာစုံမှာ အကြမ်းဖက်မှုတွေ ပိုဖြစ်နေသလို လူသားချင်းစာနာထောက်ထားမှု အကူအညီ ပိုပြီးလိုအပ်နေတဲ့အတွက် လူသားချင်းစာနာမှုအကူအညီ စုစုပေါင်း ဒေါ်လာ သန်း ၆၀ ကျော် ထပ်ပေးဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တာပါ။ အကူအညီတွေကို UNHCR, UNICEF, WFP စတဲ့ အဖွဲ့အစည်းတွေအပါဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ပေးအပ်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအတွက် အစားအသောက်၊ ဆေးဝါး၊ နေထိုင်ခိုလှုံစရာတွေအပြင် ရေနဲ့ မိလ္လာစနစ်ကောင်းမွန်ဖို့၊ အဟာရဖြည့်ဆည်းပေးဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးအထောက်အပံ့တွေအပြင် တရားမဝင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလို ကိစ္စတွေအတွက် အသုံးပြုသွားမှ ဖြစ်တဲ့အကြောင်း ဂျပန်အစိုးရက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြန်မာပြည်သူတွေအတွက် ဂျပန်နိုင်ငံက အခုချိန်အထိ လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၄၇ သန်းဖိုး ထောက်ပံ့ပေးခဲ့ပြီးဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၅ ရက်နေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ပြည်တွင်း အိုးမဲ့အိမ်မဲ့ထွက်ပြေးပုန်းရှောင်နေရသူတွေအပါအဝင် လူဦးရေ ၁၇ သန်း ၆ သိန်း အကူအညီလိုအပ်တယ်ဆိုတာကို ဂျပန်အစိုးရက ထောက်ပြထားပါတယ်။

XS
SM
MD
LG