သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WHO ရဲ့ ၂၀၂၀ တီဘီရောဂါတိုက်ဖျက်ရေးရည်မှန်းချက် မြန်မာပြည့်မီခဲ့


ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ထဲက နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဆေးခန်းတခုအတွင်း လူနာတဦးကိုတွေ့ရစဉ်
ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ထဲက နယ်စည်းမခြားဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားတဲ့ ဆေးခန်းတခုအတွင်း လူနာတဦးကိုတွေ့ရစဉ်

မြန်မာနိုင်ငံဟာ ဒေသတွင်း တီဘီရောဂါဖြစ်ပွါးမှု လျှော့ချရေး ၂၀၂၀ ရည်မှန်းချက်ပြည့်မီဖို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်တဲ့ တခုတည်းသောနိုင်ငံဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖော်ပြပါတယ်။ ၂၀၁၅ အခြေခံစာရင်းကနေ တီဘီရောဂါဖြစ်ပွါးမှု ၂၀ ရာခိုင်နှုန်း လျှော့ချဖို့ ရည်မှန်းချက်ကို WHO က ၂၀၂၀ နောက်ဆုံးရက်သတ်မှတ် တိုက်တွန်းခဲ့ပါတယ်။

ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတွေမှာ တီဘီရောဂါ အဖြစ်များလေ့ရှိပြီးတော့ အာဟာရချို့တဲ့မှု၊ ဆေးလိပ်၊ အရက် သောက်သုံးမှုနဲ့ HIV ၊ ဆီးချိုစတာတွေကြောင့် ကူးစက်မှုတွေရှိနေတာပါ။ တီဘီရောဂါကို ကြိုတင်ကာကွယ် ကုသနိုင်ပေမယ့် ကမ္ဘာတစ်ဝန်း တီဘီနဲ့ ဆက်စပ်ရောဂါတွေကြောင့် တနှစ်ကို လူ ၁.၅ သန်းလောက် အသက်ဆုံးရှုံးနေရပါတယ်။

WHO မှတ်တမ်းတွေအရ ကမ္ဘာ့ တီဘီရောဂါဖြစ်ပွါးမှုနှုန်းရဲ့ ၄၃ ရာခိုင်နှုန်းက ကမ္ဘာ့လူဦးရေ ၂၆ ရာခိုင်နှုန်းနေထိုင်တဲ့ အရှေ့တောင် အာရှဒေသမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက တီဘီရောဂါ၊ TB-HIV နဲ့ ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွါးမှုနှုန်း မြင့်မားတဲ့ နိုင်ငံဖြစ်ပါတယ်။

WHO ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ တီဘီရောဂါ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ တီဗီကူးစက်သူ ခန့်မှန်းခြေ ၁၆၇,၀၀၀ နဲ့ တီဘီကြောင့် သေဆုံးသူ ၂၂,၀၀၀ လောက်ရှိပါတယ်။

ဒေသတွင်းနိုင်ငံအားလုံး တီဘီရောဂါတိုက်ဖျက်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်နေပေမဲ့ တီဘီရောဂါဖြစ်ပွားမှု ၂၀ ရာခိုင်နှုန်း လျှော့ချရေး ၂၀၂၀ ရည်မှန်းချက်ပန်းတိုင်ကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တယ်လို့ WHO က ပြောပါတယ်။ မြန်မာနိုင်ငံမှာ တီဗီရောဂါ တိုက်ဖျက်ရေး လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ဆက်ပြီးလုပ်ဆောင်ပေးသွားမယ်လို့လည်း WHO မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Thushara Fernando ကပြောဆိုပါတယ်။

[Unicode]







XS
SM
MD
LG