သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဆိပ္ကမ္းလုပ္ငန္းရင္းႏွီးျမဳပ္ႏွံမႈ ေနာ္ေ၀း KLP ႐ုပ္သိမ္း


Adani ဆိပ္ကမ္းမ်ားနဲ႔ အထူးစီးပြားေရးဇံုလီမိတက္ပိုင္ အိႏိၵယ Mundra ဆိပ္ကမ္း ျမင္ကြင္း (ဓာတ္ပံု - REUTERS/Amit Dave)

(Zawgyi/Unicode)

Adani ဆိပ္ကမ္းမ်ားနဲ႔ အထူးစီးပြားေရးဇံုလီမိတက္ဟာ ျမန္မာစစ္တပ္နဲ႔ ခ်ိတ္ဆက္ေနတဲ့အတြက္ တာဝန္သိ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာမူဝါဒကို ခ်ဳိးေဖာက္တယ္ဆုိၿပီး ရင္းႏွီးျမွဳပ္ႏွံမႈကို ႐ုပ္သိမ္းလိုက္တဲ့အေၾကာင္း ေနာ္ေဝး ပင္စင္ရန္ပံုေငြအဖြဲ႔ KLP က ႐ိုက္တာသတင္းဌာနကို ဒီကေန႔ေျပာပါတယ္။

ျမန္မာစစ္တပ္ပိုင္ ျမန္မာ့စီးပြားေရးေကာ္ပိုေရး (MEC) ဆီကေန အိႏိၵယရဲ႕ ဆိပ္ကမ္းလုပ္ငန္းဆိုင္ရာ အႀကီးဆံုးကုမၸဏီျဖစ္တဲ့ Adani က ရန္ကုန္မွာ ေျမငွားၿပီး ကုန္ေသတၱာဆိပ္ကမ္းတခု တည္ေဆာက္ေနတဲ့ စီမံကိန္းနဲ႔ပတ္သက္လို႔ ႏုိင္ငံတကာရင္းႏွီးျမွဳပ္ႏွံသူေတြက ဆန္းစစ္ေနၾကတာပါ။

"Adani ရဲ႕ ျမန္မာႏုိင္ငံက လုပ္ငန္းေတြနဲ႔ စစ္တပ္နဲ႔ပူးေပါင္းၿပီး စီးပြားေရးလုပ္ေနတာဟာ တာဝန္သိ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ KLP ရဲ႕ လမ္းၫႊန္ခ်က္ေတြကို ခ်ဳိးေဖာက္ရာေရာက္ေစမယ့္ လက္မခံႏုိင္ဖြယ္ အေျခအေနတခုျဖစ္တယ္" လို႔ KLP ပင္စင္ရန္ပံုေငြကုမၸဏီက ႐ိုက္တာကိုေပးပို႔တဲ့ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ စစ္ေကာင္စီေျပာခြင့္ရကို ႐ိုက္တာက ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖဆိုျခင္းမရွိခဲ့ပါဘူး။
ေနာ္ေဝးႏုိင္ငံရဲ႕ အႀကီးဆံုး ပင္စင္ရန္ပံုေငြကုမၸဏီျဖစ္တဲ့ KLP ကုမၸဏီက အခုလိုဆံုးျဖတ္ခ်က္ ခ်မွတ္တဲ့အခ်ိန္မွာ Adani ကုမၸဏီမွာ အေမရိကန္ေဒၚလာ ၁ သန္းေက်ာ္ ရင္းႏွီးျမွဳပ္ႏွံခဲ့တယ္လုိ႔ ႐ိုက္တာကိုေျပာပါတယ္။

ကုန္္ေသတၱာဆိပ္ကမ္းကို ျမန္မာစစ္တပ္ပိုင္ကုမၸဏီက ပိုင္ဆိုင္တဲ့ေျမေပၚမွာ တည္ေဆာက္ေနတာေၾကာင့္ ဒီဆိပ္ကမ္းကို လက္နက္ခဲယမ္းနဲ႔ ပစၥည္းကိရိယာေတြ တင္သြင္းဖို႔ ဒါမွမဟုတ္ ေရတပ္အေျခစိုက္စခန္းတခုအျဖစ္ အသံုးျပဳဖို႔ သိသာထင္ရွားတဲ့အႏၲရာယ္ ရွိေနတာေၾကာင့္ အခုလို ႐ုပ္သိမ္းလုိက္တာျဖစ္တယ္လို႔ KLP ကေျပာပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး Adani ဆိပ္ကမ္းကုမၸဏီဘက္က မွတ္ခ်က္မရေသးပါဘူး။
ျမန္မာအာဏာသိမ္း စစ္ေကာင္စီအေပၚ အေမရိကန္ျပည္ေထာင္စုက ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြကို ခ်ဳိးေဖာက္တယ္ဆိုတာ ေတြ႔ခဲ့မယ္ဆုိရင္ ကုန္ေသတၱာဆိပ္ကမ္း စီမံကိန္းကို ရပ္ဆိုင္းၿပီး ရင္းႏွီးျမွဳပ္နွံမႈကို ပယ္ဖ်က္မယ္လုိ႔ Adani ဆိပ္ကမ္းကုမၸဏီက ေမလမွာေျပာခဲ့ပါတယ္။

..............................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာဆိပ်ကမ်းလုပ်ငန်းရင်းနှီးမြုပ်နှံမှု နော်ဝေး KLP ရုပ်သိမ်း

(Unicode)

Adani ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုံလီမိတက်ဟာ မြန်မာစစ်တပ်နဲ့ ချိတ်ဆက်နေတဲ့အတွက် တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒကို ချိုးဖောက်တယ်ဆိုပြီး ရင်းနှီးမြှုပ်နှံမှုကို ရုပ်သိမ်းလိုက်တဲ့အကြောင်း နော်ဝေး ပင်စင်ရန်ပုံငွေအဖွဲ့ KLP က ရိုက်တာသတင်းဌာနကို ဒီကနေ့ပြောပါတယ်။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေး (MEC) ဆီကနေ အိန္ဒိယရဲ့ ဆိပ်ကမ်းလုပ်ငန်းဆိုင်ရာ အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Adani က ရန်ကုန်မှာ မြေငှားပြီး ကုန်သေတ္တာဆိပ်ကမ်းတခု တည်ဆောက်နေတဲ့ စီမံကိန်းနဲ့ပတ်သက်လို့ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေက ဆန်းစစ်နေကြတာပါ။

"Adani ရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေနဲ့ စစ်တပ်နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်နေတာဟာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ KLP ရဲ့ လမ်းညွှန်ချက်တွေကို ချိုးဖောက်ရာရောက်စေမယ့် လက်မခံနိုင်ဖွယ် အခြေအနေတခုဖြစ်တယ်" လို့ KLP ပင်စင်ရန်ပုံငွေကုမ္ပဏီက ရိုက်တာကိုပေးပို့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စစ်ကောင်စီပြောခွင့်ရကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။
နော်ဝေးနိုင်ငံရဲ့ အကြီးဆုံး ပင်စင်ရန်ပုံငွေကုမ္ပဏီဖြစ်တဲ့ KLP ကုမ္ပဏီက အခုလိုဆုံးဖြတ်ချက် ချမှတ်တဲ့အချိန်မှာ Adani ကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ ရိုက်တာကိုပြောပါတယ်။

ကုန်သေတ္တာဆိပ်ကမ်းကို မြန်မာစစ်တပ်ပိုင်ကုမ္ပဏီက ပိုင်ဆိုင်တဲ့မြေပေါ်မှာ တည်ဆောက်နေတာကြောင့် ဒီဆိပ်ကမ်းကို လက်နက်ခဲယမ်းနဲ့ ပစ္စည်းကိရိယာတွေ တင်သွင်းဖို့ ဒါမှမဟုတ် ရေတပ်အခြေစိုက်စခန်းတခုအဖြစ် အသုံးပြုဖို့ သိသာထင်ရှားတဲ့အန္တရာယ် ရှိနေတာကြောင့် အခုလို ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ KLP ကပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး Adani ဆိပ်ကမ်းကုမ္ပဏီဘက်က မှတ်ချက်မရသေးပါဘူး။
မြန်မာအာဏာသိမ်း စစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ချိုးဖောက်တယ်ဆိုတာ တွေ့ခဲ့မယ်ဆိုရင် ကုန်သေတ္တာဆိပ်ကမ်း စီမံကိန်းကို ရပ်ဆိုင်းပြီး ရင်းနှီးမြှုပ်နှံမှုကို ပယ်ဖျက်မယ်လို့ Adani ဆိပ်ကမ်းကုမ္ပဏီက မေလမှာပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG