သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ခေါင်ဆောင် ၂ ဦး ကန်သမ္မတနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမည်


အာဖဂန်နစ္စတန်ခေါင်းဆောင် Ashraf Ghani (ယာ) နဲ့ အာဂန်ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ ခေါင်းဆောင် Abdullah Abdullah. (မေ ၁၇၊ ၂၀၂၀)
အာဖဂန်နစ္စတန်ခေါင်းဆောင် Ashraf Ghani (ယာ) နဲ့ အာဂန်ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ ခေါင်းဆောင် Abdullah Abdullah. (မေ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

အာဖဂန်နစ္စတန်ခေါင်းဆောင် Ashraf Ghani နဲ့ အာဂန်ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ ခေါင်းဆောင် Abdullah Abdullah တို့ဟာ လာမယ့် သောကြာနေ့ကျရင် အမေရိကန်သမ္မတ Joe Biden နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ အမေရိကန်တပ်တွေ အာဖဂန်က ပြန်ရုပ်သိမ်းနေချိန်မှာပဲ အာဖဂန်ခေါင်းဆောင်ရဲ့ ခရီးစဉ် ထွက်ပေါ်လာတာပါ။

အာဖဂန်နစ္စတန်ကို ဝင်ရောက်တိုက်ခိုက်ဖို့ ဖြစ်လာစေတဲ့ အမေရိကန်မှာ စက်တင်ဘာ 9/11 တိုက်ခိုက်ခံရမှု အနှစ် ၂၀ ပြည့်နေ့ကို နောက်ဆုံးထားပြီး အာဖဂန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့အားလုံး အပြီးအစီး ပြန်ရုပ်သိမ်းဖို့ သမ္မတ Joe Biden က အမိန့်ထုတ်ထားပါတယ်။ အမေရိကန်က ဆင်နွှဲနေတဲ့ အရှည်ကြာဆုံး ဒီစစ်ပွဲမှာ နောက်ထပ် အောင်မြင်နိုင်စရာ မရှိနိုင်တော့ဘူးလို့ သူယုံကြည်ကြောင်း သမ္မတ Biden က ပြောပါတယ်။

အာဖဂန်သမ္မတ Ghani နဲ့ Dr. Abdullah Abdullah တို့နဲ့ သမ္မတ Biden တို့ရဲ့ တွေ့ဆုံမှုအတွင်း အမေရိကန်နဲ့ အာဖဂန်ကြား ရေရှည်ခိုင်မြဲတဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ရှိသွားရေးကို အလေးထားဆွေးနွေးမယ့်သဘော ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး Jen Psaki ရဲ့ တနင်္ဂနွေနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာနေချိန်မှာပဲ တာလီဘန်တပ်တွေက အာဖဂန်အစိုးရ တပ်တွေကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှု ပိုလုပ်လာပြီး နယ်မြေဒေသ ၄၀ ကို သိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်


-------------------------

(Unicode)






XS
SM
MD
LG