သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရုပ်သံလွှင့်ဌာန IS တိုက်ခိုက်


အာဖဂန်နစ္စတန် နိုင်ငံ Kabul မြို့က ပုဂ္ဂလိက ရုပ်သံလွှင့် ဌာန တခုဖြစ်တဲ့ Shamshad ဌာနချုပ်တွေကို အင်္ဂါနေ့က သေနတ်နဲ့ရော ဗုံးခွဲပြီးပါ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၄ ယောက် သေဆုံးခဲ့ရ သလို လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

Shamshad TV သတင်းဌာန တိုက်ခိုက်မှုကို သူတို့ စီစဉ်တာလို့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က ကြေညာပါတယ်။

မနက်ခင်းပိုင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပထမ အသေခံဗုံး ခွဲခဲ့ပြီးမှ အဆောက်အဦးကို ဝင်စီးတာ ဖြစ်မယ်လို့ သံသယဖြစ်ရကြောင်း မျက်မြင် သက်သေတွေက ပြောပါတယ်။

ဝင်ရောက်တိုက်ခိုက်သူတွေကို အာဖဂန် လုံခြုံရေးတပ်တွေက သေနတ်နဲ့ ပစ်ခတ်ပြီး မချေမှုန်းခင်မှာဘဲ နောက်ထပ် ပေါက်ကွဲသံ ၃ ခု ကိုပါ ထပ်ကြားခဲ့ရတာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၀ ဒဏ်ရာ ရခဲ့တယ်လို့ အဲဒီသတင်းဌာနက ဝန်ထမ်း တဦးက VOA ကို ပြောပါတယ်။ ဒဏ်ရာ ရသူ အများစုဟာ ဝန်ထမ်းတွေ ဖြစ်ကြပြီး ကဘူလ်းမြို့က ဆေးရုံတွေ ဆီ သယ်ဆောင်သွားကြတယ်လို့ ပြောပါတယ်။

အာဖဂန်ရုပ်သံဌာန IS တိုက်ခိုက်
please wait

No media source currently available

0:00 0:00:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG