သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သန္းနဲ႔ခ်ီတဲ႔ အာဖဂန္ျပည္သူေတြ အငတ္ေဘးၾကံဳရႏိုင္ဖြယ္ရွိ


FILE - An Afghan woman waits to receive a food package distributed by a Saudi Arabia humanitarian aid group at a distribution center in Kabul, Afghanistan, April 25, 2022.

အာဖဂန္နစၥတန္ႏုိင္ငံမွာ ေဆာင္းတြြင္းေရာက္ေတာ့မယ့္အခ်ိန္မွာပဲ လူသားခ်င္းစာနာမႈ အကူအညီေတြ နည္းပါးလာတဲ့အတြက္ သန္းနဲ႔ခ်ီတဲ့ျပည္သူေတြ အစာေရစာျပတ္လတ္မႈေဘးနဲ႔ ရင္ဆုိင္ရေတာ့မယ္လို႔ အာဖဂန္ဆုိ္င္ရာ ထိပ္တန္း ကုလသမဂၢအရာရွိတေယာက္က ေျပာပါတယ္။


သန္းနဲ႔ခ်ီတဲ႔ အာဖဂန္ျပည္သူေတြ အငတ္ေဘးၾကံဳရႏိုင္ဖြယ္ရွိ

{{Zawgyi/Unicode}}
အာဖဂန္နစၥတန္ႏုိင္ငံမွာ ေဆာင္းတြြင္းေရာက္ေတာ့မယ့္အခ်ိန္မွာပဲ လူသားခ်င္းစာနာမႈ အကူအညီေတြ နည္းပါးလာတဲ့အတြက္ သန္းနဲ႔ခ်ီတဲ့ျပည္သူေတြ အစာေရစာျပတ္လတ္မႈေဘးနဲ႔ ရင္ဆုိင္ရေတာ့မယ္လို႔ အာဖဂန္ဆုိ္င္ရာ ထိပ္တန္း ကုလသမဂၢအရာရွိတေယာက္က ေျပာပါတယ္။ အေျခအေနေတြ အေတာ့္ကိုိ ဆိုးဝါးႏုိင္တယ္လို႔ အာဖဂန္ဆိုင္ရာ ကုလသမဂၢ ကူညီကယ္ဆယ္ေရး ဌာေနကိုယ္စားလွယ္ Ramiz Alakbarov က ၿမိဳ ႔ေတာ္ Kabul ကေန ဗြီဒီယိုကတဆင့္ သတင္းေထာက္ေတြကို ေျပာဆိုသြားပါတယ္။

လူဦးေရ ၁၉ သန္းေလာက္ စားနပ္ရိကၡာမလုံေလာက္တဲ့ အေျခေအနနဲ႔ ရင္ဆုိင္ေနရၿပီး သူတို႔ထဲကလူဦးေရ ၆.၆ သန္းကေတာ့ စားနပ္ရိကၡာ အေရးေပၚလိုအပ္္ေနၾကၿပီး ငတ္မြတ္ေခါင္းပါးမႈေဘးနဲ႔ ႀကဳံရဖို႔ ေျခတလွမ္းေလာက္သာ လိုေတာ့တယ္လို႔ လည္းေျပာပါတယ္။

လူဦးေရသန္း ၄၀ ၀န္းက်င္ရွိတဲ့အာဖဂန္မွာ ဆင္းရဲႏြမ္းပါးတဲ့သူ ၃၅ သန္းရွိၿပီး ဆင္းရဲမြဲေတမႈေတြလည္း တိုးလာေနပါတယ္။ အေျခခံစားသုံးကုန္ ေစ်းႏႈန္းေတြလည္း ၃၀ % ေလာက္တက္လာပါတယ္။ စီးပြါးေရးက်ဆင္းလာတဲ့အတြက္ တိုင္းျပည္တြင္းအေျခအေန အရပ္ရပ္ ဆုတ္ယုတ္က်ဆင္းလာတာျဖစ္တယ္လို႔လည္း Alakbarov ကေျပာပါတယ္။

အာဖဂန္နစၥတန္ႏုိင္ငံရဲ ႔ စီးပြါးေရးဟာ ျပည္ပတုိင္းျပည္ေတြရဲ ႔အကူအညီကို ႏွစ္ေပါင္း ၂၀ ၾကာ အႀကီးအက်ယ္မွီခိုရင္း ရပ္တည္လာတာပါ။ အရင္အစိုးရဘ႑ာေငြ ၇၅ % ေက်ာ္လည္း အလႈရွင္ေတြရဲ ႔လႈဒါန္းမႈေတြကလာတာျဖစ္ပါတယ္။

လြန္ခဲ့တဲ့တႏွစ္က တာလီဘန္တို႔ ျပန္ၿပီး အာဏာယူ အုပ္ခ်ဳပ္လာခဲ့တဲ့ေနာက္ပိုင္း ႏုိင္ငံတကာရဲ ႔အကူအညီအမ်ားစု ရုပ္သိမ္းသြားတာေၾကာင့္ လ ွ်ပ္စစ္ဓာတ္အား၊ က်န္းမာေရးနဲ႔ ပညာေရး စတဲ့အေျခခံ၀န္ေဆာင္မႈလုပ္ငန္းေတြလည္း ယိုယြင္းက်ဆင္းလာပါတယ္။ ေငြေၾကးေဖာင္းပြမႈႏႈန္းတုိးလာတဲ့အတြက္ သာမန္စားသုံးကုန္မ်ိဳးေတြကိုေတာင္ အာဖဂန္ျပည္သူအမ်ားစု လက္လွမ္းမမီပဲ ျဖစ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................


သန်းနဲ့ချီတဲ့ အာဖဂန်ပြည်သူတွေ အငတ်ဘေးကြုံရနိုင်ဖွယ်ရှိ

{{Zawgyi/Unicode}}
အာဖဂန်နစ္စတန်နိုင်ငံမှာ ဆောင်းတွင်းရောက်တော့မယ့်အချိန်မှာပဲ လူသားချင်းစာနာမှု အကူအညီတွေ နည်းပါးလာတဲ့အတွက် သန်းနဲ့ချီတဲ့ပြည်သူတွေ အစာရေစာပြတ်လတ်မှုဘေးနဲ့ ရင်ဆိုင်ရတော့မယ်လို့ အာဖဂန်ဆိုင်ရာ ထိပ်တန်း ကုလသမဂ္ဂအရာရှိတယောက်က ပြောပါတယ်။ အခြေအနေတွေ အတော့်ကို ဆိုးဝါးနိုင်တယ်လို့ အာဖဂန်ဆိုင်ရာ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေး ဌာနေကိုယ်စားလှယ် Ramiz Alakbarov က မြို့တော် Kabul ကနေ ဗွီဒီယိုကတဆင့် သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

လူဦးရေ ၁၉ သန်းလောက် စားနပ်ရိက္ခာမလုံလောက်တဲ့ အခြေအေနနဲ့ ရင်ဆိုင်နေရပြီး သူတို့ထဲကလူဦးရေ ၆.၆ သန်းကတော့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြပြီး ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ကြုံရဖို့ ခြေတလှမ်းလောက်သာ လိုတော့တယ်လို့ လည်းပြောပါတယ်။

လူဦးရေသန်း ၄၀ ဝန်းကျင်ရှိတဲ့အာဖဂန်မှာ ဆင်းရဲနွမ်းပါးတဲ့သူ ၃၅ သန်းရှိပြီး ဆင်းရဲမွဲတေမှုတွေလည်း တိုးလာနေပါတယ်။ အခြေခံစားသုံးကုန် ဈေးနှုန်းတွေလည်း ၃၀ % လောက်တက်လာပါတယ်။ စီးပွါးရေးကျဆင်းလာတဲ့အတွက် တိုင်းပြည်တွင်းအခြေအနေ အရပ်ရပ် ဆုတ်ယုတ်ကျဆင်းလာတာဖြစ်တယ်လို့လည်း Alakbarov ကပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ စီးပွါးရေးဟာ ပြည်ပတိုင်းပြည်တွေရဲ့အကူအညီကို နှစ်ပေါင်း ၂၀ ကြာ အကြီးအကျယ်မှီခိုရင်း ရပ်တည်လာတာပါ။ အရင်အစိုးရဘဏ္ဍာငွေ ၇၅ % ကျော်လည်း အလှုရှင်တွေရဲ့လှုဒါန်းမှုတွေကလာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့တနှစ်က တာလီဘန်တို့ ပြန်ပြီး အာဏာယူ အုပ်ချုပ်လာခဲ့တဲ့နောက်ပိုင်း နိုင်ငံတကာရဲ့အကူအညီအများစု ရုပ်သိမ်းသွားတာကြောင့် လ ျှပ်စစ်ဓာတ်အား၊ ကျန်းမာရေးနဲ့ ပညာရေး စတဲ့အခြေခံဝန်ဆောင်မှုလုပ်ငန်းတွေလည်း ယိုယွင်းကျဆင်းလာပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းတိုးလာတဲ့အတွက် သာမန်စားသုံးကုန်မျိုးတွေကိုတောင် အာဖဂန်ပြည်သူအများစု လက်လှမ်းမမီပဲ ဖြစ်နေကြပါတယ်။

XS
SM
MD
LG