သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိနှိပ်မှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်မပို့သင့်ကြောင်း AI ထုတ်ပြန်


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို အစားအစာငတ်မွတ်အောင် လုပ်နေတာမျိုးတွေ ရှိနေတာမို့ သူတို့ကို အချိန်မတန်သေးပဲ ပြန်ပို့ရင် အန္တရာယ်ရှိနိုင်တယ်လို့ Amnesty International လူ့အခွင့်ရေးအဖွဲ့က မတ်လ ၆ ရက် အင်္ဂါနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆို လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေကို အစာရေစာ ငတ်မွတ်အောင် လုပ်ရင်း လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ဆက်ပြီး ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂက တွေ့ရှိကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး Amnesty International လူ့အခွင့်ရေးအဖွဲ့က အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ James Gomez က ဒါဟာ သူတို့အဖွဲ့ရဲ့ တွေ့ရှိချက်နဲ့ ထပ်တူဖြစ်ကြောင်း ပြောဆိုထားပါတယ်။

မြန်မာအစိုးရက သူတို့ကို အစားအစာငတ်မွတ်အောင် လုပ်ရင်း လူမသိသူမသိ နိုင်ငံထဲမှာ မနေနိုင်အောင် လုပ်နေတယ်လို့လည်း ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေက AI အဖွဲ့ကို ပြောကြားကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် နောက်ထပ် အထောက်အထားတွေလည်း ရှိနေသေးတာမို့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေကို နေရပ်ရင်း ပြန်ပို့ဖို့လုပ်နေတဲ့ ဘယ်အစီစဉ်မဆို လုံးဝအချိန်မတန်သေးဘူး လို့လည်းဆိုပါတယ်။ဒါကြောင့် သူတို့သဘောဆန္ဒအလျောက် သိက္ခာရှိရှိ၊ လုံခြုံစိတ်ချစွာပြန်နိုင်ချိန်အထိ ဘယ်သူမှ ပြန်ဖို့ မသင့်သေးကြောင်းနဲ့ ဒီကနေ့အထိတော့ အခြေနေက မဖြစ်နိုင်သေးဘူးလို့ ဖေါ်ပြထားပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ရိုဟင်ဂျာတွေကို အတင်းအကြပ်ဖြစ်စေ၊ အစာငတ်ထားပြီး ဖြစ်စေ အဓမ္မနှင်ထုတ်ဖို့ ရည်ရွယ်လုပ်ဆောင်မှုတွေ အားလုံး ရပ်ဆိုင်းရမှာ ဖြစ်ကြောင်းလည်း AI အဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှုးချုပ် Andrew Gilmour ဟာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ဒုက္ခသည်တွေ နေထိုင်ရာစခန်းတွေကို သွားရောက်ခဲ့တာဖြစ်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံအပြီးမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို မျိုးနွယ်စုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ ရှိနေဆဲပဲလို့ အင်္ဂါနေ့မှာပဲ ပြောကြားခဲ့တာပါ။

ဒါ့အပြင် မကြာသေးခင်ကမှ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေနဲ့ စကားပြောဆိုမှုကနေ ဆိုးဆိုးဝါးဝါး အခြေနေတွေ ဆက်ဖြစ်နေဆဲ ဖြစ်ကြောင်း သိရသလို လူတွေကို ခြိမ်းခြောက်မောင်းထုတ် နေရုံတင်မကပဲ သူတို့ အနာဂတ် ဘဝကိုပါ ဖျက်ဆီးဖို့ ကြိုးပမ်းနေတယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG