သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားရေရိက္ခာရှားပါးမှုကြောင့် ရိုဟင်ဂျာမိန်းကလေးတွေ အသက်ငယ်ရွယ်စဉ် အိမ်ထောင်ပြုကြရ


ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်များ
ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ်များ

မြန်မာဘက်ကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မိသားစု အများအပြားကတော့ ကျွေးမွေးစောင့်ရှောက်မှု သက်သာစေဖို့ အတွက် သမီးဖြစ်သူတွေကို ငယ်ငယ်ရွယ်ရွယ်မှာဘဲ အိမ်ထောင်ချပေးလိုက်ကြပါတယ်။ ဒုက္ခသည် မိသားစုတွေက အသက် ၁၂ နှစ် အရွယ် မိန်းကလေးငယ်တွေကို အိမ်ထောင်ပြုပေးလိုက်တာကြောင့် အိမ်မှာ ကျွေးမွေးစောင့်ရှောက်ဖို့ ကလေးတွေ လျော့သွားစေတာပါ။

ဒုက္ခသည် မိသားစု အများအပြားက ကလေးတွေများကြပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ WFP က ဝေပုံကျပေးတဲ့ စားနပ်ရိက္ခာက မလောက်မင ဖြစ်နေတယ်လို့လည်း ပြောဆိုကြပါတယ်။

ကောဇ့်ဘဇား ဒေသက Balukhali မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် Noor Ankis ကတော့ အခက်အခဲတွေကြောင့်ဘဲ အသက်မပြည့်သေးတဲ့ သမီးတွေကို အိမ်ထောင်ချပေးဖို့ မဖြစ်မနေ စီစဉ်ရတာလို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူက သွပ်ချာပါဒ လိုက်နေတာကြောင့် အလုပ်မလုပ်နိုင်တဲ့အကြောင်း၊ စားနပ်ရိက္ခာ ထောက်ပံ့မှုကလည်း နည်းနည်းဘဲ ရတာကြောင့် ကလေး ၅ ယောက်နဲ့ မိသားစုကို ကောင်းကောင်း မစောင့်ရှောက်နိုင်ကြောင်း ပြောပါတယ်။

ဒါကြောင့်လည်း အသက် ၁၄ နှစ် အရွယ် Jannatara နဲ့ အသက် ၁၂ နှစ် အရွယ် Johora တို့ကို ခင်ပွန်းလောင်း ရှာနေတဲ့ အကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ BRAC ရဲ့ အစီအစဉ်မှူး Habibur Rahman ကတော့ စားနပ်ရိက္ခာပြသနာကြောင့် ရိုဟင်ဂျာ မိန်းကလေးငယ်တွေ အသက်မပြည့်မီ အိမ်ထောင်ပြုကြရတဲ့ ကိစ္စက အထူးဘဲ စိုးရိမ်စရာ ဖြစ်နေတဲ့အကြောင်း၊ အစိုးရ၊ နောက် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေဘက်က ဒီပြသနာကို ပိုပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီလို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG