သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကုတ်ကို စစ်တပ်ဗုံးကြဲတိုက်ခိုက် 


တောင်ကုတ်မြို့ ကင်းထောင်စံပြကျးရွာ ဗုံးကြဲခံရအပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)
တောင်ကုတ်မြို့ ကင်းထောင်စံပြကျးရွာ ဗုံးကြဲခံရအပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)

စစ်တပ်နဲ့ AA အာရက္ခတပ်တော်ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက တောင်ကုတ်မြို့နယ်ကို စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးငယ် ၁ ယောက် အပါအဝင် အရပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။ စက်တင်ဘာလထဲက နေ့စဉ် ရက်ဆက်ဆိုသလို စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲမှုတွေမှာ အရပ်သားတွေ သေဆုံးနေတဲ့ အခြေအနေအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်တပ်နဲ့ အာရက္ခတပ်တော် AA ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းကို စစ်တပ်က ဒီနေ့ မနက်ပိုင်းက ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကြဲမှုအတွင်း ကင်းတောင်စံပြကျေးရွာက ကလေး ၁ ယောက်အပါအဝင် ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ပြည်နယ်ထဲက စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတဦး ကပြောပါတယ်။

တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာကို နိုဝင်ဘာလ ၄ ရက် ကျနော်တို့ ရခိုင်စကား နဲ့ဆိုရင်တော့ မနက်အစောကြီးပေါ့နော်၊ အာရုံတက်ချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တစီးနဲ့လာပြီးတော့ ဗုံးကြဲသွားတာ။ အဲဒီမှာ အရပ်သား ကလေးတဦးအပါအဝင် ၄ ဦးသေ ဆုံးတယ်။၁၃ ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်။”

လက်ရှိဗုံးကြဲခံရတဲ့ ကင်းတောင်စံပြကျေးရွာဟာ တောင်ကုတ်မြို့ကနေ မိုင် ၁၀ လောက် အကွာမှာ ရှိတည်ပါတယ်။ ၂ ဘက်တိုက်ပွဲမရှိဘဲ စစ်တပ်ဘက်က ရုတ်တရက် ဗုံးလာကြဲသွားတာကြောင့် ဒေသခံတွေ စိုးရီမ်နေကြပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁ဝ ခုနဲ့ တပ်စခန်းတော်တော်များများကို AA ဘက်က သိမ်း ပိုက်နိုင်ခဲ့ပြီးနောက်မှာ စစ်တပ်ဘက်က မြေပြင်တိုက်ပွဲတွေထက် လေကြောင်းကိုအဓိကထားပြီး တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ အောက်တိုဘာလ ၂ ရက် ဗုဒ္ဓဟူးနေ့ကလည်း တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူကျေးရွာကို လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံမှာ စစ်ကောင်စီအနေနဲ့ အခုလို အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကို တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအနေနဲ့ လည်းကာကွယ်ပေးနိုင်တဲ့ အနေအထားမရှိသေးတာကြာင့် ဒေသခံတွေအနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘေးလွတ်အောင် နေနေကြရတယ်လို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။

နိုင်ငံတကာကလည်း လေကြောင်းရန်ကာကွယ်ရေးအတွက် ထောက်ပံ့တာမတွေ့ရဘူး၊ စစ်ကောင်စီကို ပြစ်တင်ရှုံ့ချတာတို့ တားစီးတာတို့ ဖိအားပေးတာတို့ အဲလို ထိထိရောက် ရောက်လုပ်တာလည်းမရှိဘူး၊ တဘက် တော်လှန်ရေး တပ်ဖွဲ့တွေမှာလည်း စစ်လေယာဉ်တွေ ကို ကာကွယ်နိုင်တဲ့ လက်နက်တွေ အခုထက်ထိ မတွေ့ရသေးဘူး၊ ဒါကြောင့် ပြည်သူတွေပဲ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဗုံးခိုကျင်းတူးတာတို့ စေးဘေးလွတ်ရာကို ထွက်ပြေးတာတို့ အစုလိုက် အပြုံနဲ့ မနေပဲ လူစုခွွဲပြီးတော့ နေကြတာတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲလိုပဲ ခုခံနေရ တယ်။ သက်သာအောင် အဲလို ကာကွယ်နေကြတဲ့ သဘောပဲ ရှိပါတယ်။”

စစ်ကောင်စီအနေနဲ့ လက်နက်ကိုင်အချင်းချင်းတိုက်ကြတဲ့ တိုက်ပွဲမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ မလုပ်သင့်ဘူးလို့လည်း သူကပြောပါတယ်။

သူတို့က အခုထိ ပိုပိုပြီးတော့ ဒီလို ပြည်သူတွေကို အဓိကထားပြီးတော့ တိုက်လာတယ်ပေါ့၊ ဒါကတော့ မဖြစ်သင့်ဘူး၊ ပြည်သူတွေကို စစ်ရေးပစ်မှတ်အနေနဲ့ သုံးတယ်ဆိုတာ စစ်ရာဇဝတ်မှုပေါ့၊ လူသားမျိုးနွယ်ကို သတ်ဖြတ်တဲ့ အမှုပေါ့နော်၊ နို်င်ငံတကာမှာလည်း ဒီလိုကိစ္စတွေအတွက် ဥပဒေတွေလည်းရှိတယ်၊ ဒါတွေကို မျက်ကွယ်ပြုပြီးတော့ ထင်ရာစိုင်းနေမယ်ဆိုရင်တော့ တကယ့်ကို သမိုင်းဆိုးမှတ်တမ်းနဲ့ အဆုံးသတ်သွားမယ်။ သူတို့ဖြစ်ချင်သလို တော်လှန်ရေးတပ်ဖွဲ့တွေကို နိုင်နှင်းနိုင် မှာမဟုတ်ဘူး။ ကျနော်တို့တနေ့နေ့ နို်င်ငံရေးအရ ဖြေရှင်းချင်ရင်လည်း ဖြေရှင်းလာရမယ်။ ဘာပဲပြောပြောတာ သမိုင်းအမဲစက်မတင်ဖို့တော့ မြန်မာစစ်တပ်အနေနဲ့ ဆင်ခြင်သင့်တယ်လို့ မြင်ပါတယ်။ ”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတာအခုဆိုရင် ၁ဝ လကျော်နေပါပြီ။ AA ဘက်က မြို့နယ် ၁၀ ခုကို သိမ်းပိုက် ထိန်းချုပ်ထားပြီး အမ်း မောင်တောနဲ့ ဂွမြို့နယ်တွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ၂ ဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကိုလည်း စစ်တပ်က နေ့စဉ်နေ့တိုင်းလုပ်ဆောင်နေတာကြောင့် အရပ်သား သေဆုံးဒဏ်ရာရတာတွေလည်း တိုးလာနေပါတယ်။ ရခိုင်အခြေစိုက်သတင်းမီဒီယာတခုဖြစ်တဲ့ DMG က ကောက်ယူထားတဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်း ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူအရပ်သား ၈၅ ထက်မနည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG