သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖြန့်လုပ်သူ တရုတ်ရာနဲ့ချီ မြန်မာပြန်ပို့

မြန်မာနိုင်ငံ ကရင်ပြည်နယ် ကျောက်ခက်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မအလုပ်စေခံခိုင်းရသူလို့ စွပ်စွဲခံရသူတွေကို ထိုင်းစစ်တပ်ကသွားရောက်ခေါ်ယူတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)
မြန်မာနိုင်ငံ ကရင်ပြည်နယ် ကျောက်ခက်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အဓမ္မအလုပ်စေခံခိုင်းရသူလို့ စွပ်စွဲခံရသူတွေကို ထိုင်းစစ်တပ်ကသွားရောက်ခေါ်ယူတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅)

မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ရာနဲ့ချီကို ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ဒီနေ့ ပြန်ပို့ခဲ့ပါတယ်။ မြဝတီမြို့ကနေ မြန်မာဘက်ကပြန်ပို့တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကနေ ပြန်ပို့ခဲ့တာပါ။

တရုတ်နိုင်ငံသား တသုတ်ကို ဒီနေ့ ပြန်ပို့လိုက်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Nikorndej Balankura က သတင်းထောက်တွေကို ပြောပေမဲ့ အတိအကျ မပြောပါဘူး။ ဒါပေမဲ့ သီတင်းတပတ်ကို (၁,၅၀၀) ပြန်ပို့ဖို့ ထိုင်းနိုင်ငံက စီစဉ်ထားပြီး ကြားရက်တွေမှာ တရက်ကို (၃၀၀) လောက် ပုံမှန်ပြန်ပို့ဖို့ အစီအစဉ်ရှိတယ်လို့ သူက‌ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကြာက မြန်မာဘက်ကနေ တရုတ်လူမျိုး (၆၀၀) ကို ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအခြေစိုက်တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်န​ယ်ခြားစောင့်တပ် BGF နဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် ထိန်းချုပ်နယ်မြေတွေကနေ နိုင်ငံခြားသား (၇,၀၀၀) ကျော်ကို ဖေဖေါ်ဝါရီလအတွင်း ကယ်ထုတ်နိုင်ခဲ့တာပါ။ မြန်မာဘက်က နယ်စပ်မှာ သောင်တင်နေကြတဲ့ တရုတ်လူမျိုး အများအပြားပါဝင်တဲ့ နိုင်ငံစုံက နိုင်ငံသားတွေကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ထိုင်း၊ မြန်မာ၊ တရုတ် တာဝန်ရှိသူတွေ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကပြီးခဲ့တဲ့ တပတ်က ပြောကြားထားပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ မြန်မာနိုင်ငံတွင်း BGF နဲ့ DKBA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ နှစ် အတော်ကြာ အခြေစိုက်လာတာဖြစ်ပေမယ့် ကျားဖြန့်လုပ်ငန်းအကြောင်း သူတို့အနေနဲ့ ဘာမှ မသိဘူးလို့ BGF နဲ့ DKBA က ငြင်းဆိုထားပါတယ်။

ကျားဖြန့်လုပ်သူ တရုတ်ရာနဲ့ချီ မြန်မာပြန်ပို့
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG