သုံးရလွယ်ကူစေသည့် Link များ

 
အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ရာနဲ့ချီနေရပ်ပြန်နိုင်ရေး တရုတ်အစိုးရစီစဉ် ​​​​​​​
နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းက တရုတ်နိုင်ငံသား ရာနဲ့ချီနေရပ်ပြန်နိုင်ရေး တရုတ်အစိုးရစီစဉ် ​​​​​​​


ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကိုရောက်ရှိလာတဲ့ တရုတ် ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅)
ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကိုရောက်ရှိလာတဲ့ တရုတ် ပြည်သူ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅)

ထိုင်းနယ်စပ် မြန်မာနိုင်ငံအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တဲ့ တရုတ်နိုင်ငံ သားတွေ လာမယ့်ရက်ပိုင်းမှာ နောက်ထပ်ရာနဲ့ချီ နေရပ်ပြန်ပို့နိုင်မယ်လို့ မျှော်လင့်တဲ့ကြောင်း တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က ကျားဖြန့်လုပ်ငန်းတွေကနေကယ်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၂၀၀ ကို တရုတ်နိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်းနဲ့ တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi ရဲ့ ထိုင်းနဲ့မြန်မာနိုင်ငံကို အပြန်ပြန်အလှန်လှန် သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေ၊ ပူးပေါင်း ဆောင်ရွက်နေတဲ့ အခြေအနေကို South China Morning Post ကရေးသားထားတာပါ။

တရုတ်နိုင်ငံဟာ ဒေသအတွင်းနိုင်ငံတွေနဲ့ ရဲတပ်ဖွဲ့အသုံးချ၊ သံတမန်ရေးကျင့်စဉ်တိုးချဲ့ ကျင့်သုံးလာ နေပြီး ဒီချဉ်းကပ်မှုအပေါ်မှာ နိုင်ငံတကာရဲ့ အသေးစိတ်စောင့်ကြည့်စစ်ဆေးတာတွေကိုလည်း ရင်ဆိုင်နိုင်တယ်လို့ ဒေသအတွင်းအကဲခတ်တွေက ရှုမြင်ပါတယ်။ ပစိဖိတ် အနောက်တောင်ဘက်နဲ့ ကီလိုမီတာ ၈,၀၀၀ လောက်ဝေးတဲ့ Solomon ကျွန်းမှာ ၂၀၂၂ ခုနှစ်ကစခဲ့တဲ့ တရုတ်ရဲတပ်ဖွဲ့သင်တန်း တွေ ဒီလစောစောပိုင်းကပြီးစီးသွားကြောင်းနဲ့ နိုင်ငံပေါင်း ၄၈ နိုင်ငံက တရုတ်သံရုံးတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ပထဝီနိုင်ငံရေးအရ တင်းမာမှုတွေ ပြင်းထန်လာချိန် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုတွေ တိုက်ဖျက်ရေးလို ရာဇဝတ်မှု နှိမ်နင်းရေးတွေကို အကြောင်းပြပြီး တရုတ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ လုံခြုံရေးအရ လက်တွဲဖက်အဖြစ် တိုးပြီး ဆောင်ရွက်လာမယ့်ပုံ ရှိနေပါတယ်။ ရဲတပ်ဖွဲ့ သံတမန်ရေးကျင့်စဉ်ဟာ ပြည်ပမှာရှိတဲ့ တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ဩဇာလွှမ်းမိုးဖိုနဲ့ သူ့ပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးပမ်းမှုဆိုပြီး ဒေသတွင်းတွေက အကဲခတ်တွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG