သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဆေးရုံမှာ အစ္စရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးစတင်

Al Shifa ဆေးရုံအောက် ဥမင်လှိုဏ်ခေါင်းကိုတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)
Al Shifa ဆေးရုံအောက် ဥမင်လှိုဏ်ခေါင်းကိုတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် ထုတ်ပြန်ခဲ့သည့်မှတ်တမ်းပုံ (နိုဝင်ဘာ ၂၄၊ ၂၀၂၃)

ဂါဇာမြို့မှာရှိတဲ့ Shifa ဆေးရုံကို ဒီကနေ့ တနင်္လာနေ့မှာ စစ်ဆင်ရေး စတင်လိုက်ကြောင်း အစ္စရေးက ပြောပါတယ်။ နိုဝင်ဘာလအတွင်း အစ္စရေးက ဒီဆေးရုံကို စီးနင်းတိုက်ခိုက်ခဲ့တုန်းကလည်း နိုင်ငံတကာရဲ့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဟာမတ်စ်အဖွဲ့က အဆင့်မြင့်အရာရှိတွေဟာ အစ္စရေးကို တိုက်ခိုက်ရေးအတွက် ဒီဆေးရုံကို အသုံးပြုနေတဲ့အတွက် အခုလို ဝင်ရောက် စီးနှင်းရတာဖြစ်ကြောင်း အစ္စရေးစစ်တပ် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် Daniel Hagari ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဆေးရုံရဲ့ အရေးပါတဲ့လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်ရေးအတွက် ရှေးရှုပြီး ဒီ စစ်ဆင်ရေးကို အထူး ဂရုစိုက်လုပ်ဆောင်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂါဇာမြို့မှာ အကြီးဆုံးဖြစ်တဲ့ ဒီဆေးရုံအနီး လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး အနီးဝန်းကျင်မှာလည်း အစ္စရေး တင့်ကားတွေ ရှိနေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ အစ္စရေးဟာ ဂါဇာမှာ ငတ်မွတ်ခေါင်းပါးမှုဖြစ်ပေါ်အောင် လုပ်ဆောင်နေပြီး အစာရေစာ ပြတ်လပ်မှုကို လက်နက်သဖွယ် ကျင့်သုံးနေတယ်လို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Joseph Borrell က ဒီကနေ့ ပြောပါတယ်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz ကတော့ အစ္စရေးအနေနဲ့ ဂါဇာကို စာနာမှုဆိုင်ရာ အကူအညီတွေ ကြည်း၊ ရေ၊ လေ နည်းလမ်းစုံကနေ ပို့ခွင့်ပြုထားကြောင်း၊ ဟာမတ်စ်အဖွဲ့က အဲဒီလို ရိက္ခာတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းတွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း စွပ်စွဲ ပြောဆိုထားပါတယ်။

ဂါဇာဆေးရုံမှာ အစ္စရေးတပ်ဖွဲ့တွေ စစ်ဆင်ရေးစတင်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG