သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးတွေ ဂါဇာကို ဆက်လက် တိုက်ခိုက်


ဂါဇာဒေသကို အစ္စရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့မြင်ကွင်း။
ဂါဇာဒေသကို အစ္စရေးတပ်တွေ ထိုးစစ်ဆင်နေတဲ့မြင်ကွင်း။

အစ္စရေးတွေရဲ့ စနေနေ့ တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်း ရာဖာမြို့က အကြီးဆုံး လူနေအဆောက်အအုံ တခု ပျက်စီးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ မိသားစုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို မကြာခင် အလုံးအရင်းနဲ့ ထိုးစစ်ဆင်မယ်လို့ အစ္စရေးက ကြေညာထားတာအတွက်လည်း ပိုစိုးရိမ် လာကြပါတယ်။

အစ္စရေးတွေကတော့ ဒီရပ်ကွက်ဟာ အစ္စရေးတွေကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ ဟားမတ်စ်တွေနေတဲ့နေရာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ဒီအဆောက်အဦးဟာ အီဂျစ်နယ်စပ်ကနေ မီတာ ၅၀၀ လောက်ပဲ ကွာဝေးတာပါ။ အဲဒီမှာ နေထိုင်သူက ၃၀၀ လောက်ရှိပြီး အစ္စရေးတွေက ညဘက်မှာ အဆောက်အဦးကနေ ထွက်ပြေးဖို့ မိနစ် ၃၀ ပဲ ကြိုတင် သတိပေးခဲ့တယ်လို့ အဲဒီမှာ နေထိုင်သူတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။


အစ္စရေးကို ဟားမတ်စ်တွေ ဝင်ရောက် တိုက်ခိုက်တာကြောင့် လူပေါင်း ၁၂၀၀ လောက် သေဆုံးပြီး ဓါးစာခံအဖြစ် ၂၃၀ ကျော် အဖမ်းခံခဲ့ရတဲ့နောက် အစ္စရေးတွေက ဟားမတ်စ်တွေကို ဂါဇာမှာ မနေနိုင်အောင် ထိုးစစ်ဆင်နေတာ အခုဆို ၅ လရှိနေပါပြီ။

ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးရတဲ့ ပါလက်စတိုင်းသား ၃ သောင်း ၁ ထောင်ကျော်နေပြီလို့ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ စနေနေ့မှာပဲ ဂါဇာဒေသခံတွေ အတွက် ဆန်နဲ့ ဂျုံ ပါအဝင် ကူညီရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ သင်္ဘောတစင်းဟာ ဆိုက်ပရပ်စ် ကနေ ထွက်ခွါလာပြီဖြစ်ပါတယ်။

Forum

XS
SM
MD
LG