သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းရဲ့ ရာဖာမြို့ ဝင်တိုက်မည့် အစီအစဉ် အစ္စရေး ကြေညာ

ရာဖာမြို့ ဂူသင်္ချိုင်းကိုတွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)
ရာဖာမြို့ ဂူသင်္ချိုင်းကိုတွေ့မြင်ရစဉ် (ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄)

အစ္စရေးစစ်တပ်ကနေ ဂါဇာကမ်းမြှောင်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေက အရပ်သားတွေကို ရွှေ့ပြောင်းပေးမည့် အစီအစဉ်နဲ့ နောက်ထပ်လုပ်မည့် စစ်ဆင်ရေးအစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ပဲ တင်ပြထားကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။ ဂါဇာဒေသ လူဦးရေရဲ့ ထက်ဝက်ကျော် ခိုလှုံနေတဲ့ တောင်ပိုင်း Rafah (ရာဖာ) မြို့ ၀င်ရောက်မည့် အစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ အရပ်သားတွေဘေးကင်းရေးအတွက် လိုက်နာရမည့် အစီအစဉ်တွေပါဝင်တယ်လို့ အစ္စရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လို့ ပါလက်စတိုင်းပြည်သူတွေ ဘယ်နေရာကို သွားလာနိုင်မယ်ဆိုတဲ့ အသေးစိတ် အချက် အလက်တွေကို ဖော်ပြထားခြင်းမရှိပါဘူး။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတဲ့ နေရာတွေမှာ ထိုးစစ်ဆင်မဲ့အရေးနဲ့ ဂါဇာ ကမ်းမြောင်ဒေသရှိ အရပ်သားတွေကို ရွှေ့ပြောင်းမည့် ဘယ်အစီအစဉ်ကိုမဆို စိုးရိမ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေဟာ လုံးဝ မလုံလောက်သေးကြောင်းနဲ့ ရာဖာမှာ အစ္စရေးရဲ့ ထိုးစစ်ဆင်မှုဟာ လူသားချင်း စာနာထောက်ထားမှုအတွက် ကြိုးပမ်းမှုတွေကို များစွာထိခိုက်စေတယ်လို့ ဒီနေ့ပဲ ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ လက်ဘနွန်မှာလည်း ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပါတယ်။

ပါလက်စတိုင်းရဲ့ ရာဖာမြို့ ဝင်တိုက်မည့် အစီအစဉ် အစ္စရေး ကြေညာ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG