သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rafah မြို့က ဟာမတ်စ်တွေကို တိုက်ထုတ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ကြုံးဝါး 


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

နိုင်ငံတကာဖိအားပေးမှုကိုဆန့်ကျင်ပြီး ဂါဇာ-အီဂျစ်နယ်စပ်အနီးက Rafah မြို့ကနေ ဟာမာစ်တို့ကို ဆက်လိုက်တိုက်ထုတ်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့မှာပြောပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ကာတာနိုင်ငံမှာ အပစ်ရပ်ဆွေးနွေးပွဲ ပြန်လည်စတင်ဖို့ ရှိနေချိန်မှာပဲ အစ္စရေးလ်ဝန်ကြီးချုပ်က အဲဒီလိုပြော လိုက်တာပါ။

ဂါဇာဒေသထဲကဟာမတ်စ်တို့ကို ဖယ်ရှားပစ်ရေးဆိုတဲ့ စစ်ပွဲရဲ့ရည်မှန်းချက်တွေကို နိုင်ငံတကာဖိအားတွေနဲ့ ရပ်သွားအောင် လုပ်လို့မရဘူးလို့ ဝန်ကြီးချုပ် နေသန်ယာဟုက ကက်ဘိနက်အစိုးရအဖွဲ့ကို ပြောဆိုနေတာကို ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ဗွီဒီယိုမှာ တွေ့ရပါတယ်။ အဲဒီလိုဆောင်ရွက်ဖို့ Rafah မှာစစ်ပွဲဆင်နွှဲဖို့လိုတယ်လို့ မစ္စတာ နေသန်ယာဟုကပြောဆိုခဲ့ပေမယ့် ဘယ်လောက်အတိုင်းအတာထိ တိုက်ခိုက်မလဲဆိုတာကိုတော့ ပြောမသွားပါဘူး။ အဲဒီနောက်ပိုင်း CNN ရုပ်သံက “State of the Union” အစီအစဥ်မှာ ပြောကြားတာမှာတော့ ဟာမတ်စ်တို့နဲ့ သီတင်း ၆ ပတ်ကြာအပစ်ရပ်စဲရေးအတွက် အစ္စရေးလ်ဘက်က ဆက်လက် ကြိုးစားသွားမှာပါလို့ ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လည်း အဲဒီလိုဆောင်ရွက်နိုင်ဖို့ စစ်ရေးဖိအားတွေတော့ ဆက်ပြီးပေးသွားမယ်လို့လည်း ပြောပါတယ်။ ဂါဇာကမ်းမြောင်ဒေသထဲ အစ္စရေးလ်တို့ ဗုံးကြဲတိုက်ခိုက်နေတဲ့လုပ်ရပ်မှာ ဝန်ကြီးချုပ် နေသန်ယာဟု လမ်းစပျောက်နေပြီ ဖြစ်တဲ့အတွက် အစ္စရေးလ်မှာ ရွေးကောက်ပွဲအသစ်လုပ်ဖို့ဆိုပြီး အေမရိကန်ဂျူးတယောက်ဖြစ်တဲ့ အထက်လွှတ်တော်လူများစုခေါင်းဆောင် Chuck Schumer ရဲ့ ပြောဆိုချက်ဟာ လုံးဝမသင့်တော်ဘူးလို့လည်း ဝန်ကြီးချုပ် နေသန်ယာဟုက CNN မှာပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG