သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို ထောက်ပံ့မှုကြောင့် အိမ်ဖြူတော် Ramadan နဲ့ Eid ပွဲ မွတ်ဆလင်တွေ သပိတ်မှောက်မည်


၂၀၂၃ မေလ အိမ်ဖြူတော်မှာပြုလုပ်တဲ့ Ramadan နဲ့ Eid ပွဲမှာတွေ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒင် (မေ ၁၊ ၂၀၂၃)
၂၀၂၃ မေလ အိမ်ဖြူတော်မှာပြုလုပ်တဲ့ Ramadan နဲ့ Eid ပွဲမှာတွေ့ရတဲ့ သမ္မတ ဂျိုးဘိုင်ဒင် (မေ ၁၊ ၂၀၂၃)

အစ္စရေးကို အားပေးထောက်ခံနေတဲ့ သမ္မတ Joe Biden အပေါ် မကျေမနပ် ဖြစ်နေကြတဲ့ အမေရိကန် မွတ်ဆလင်တွေက အိမ်ဖြူတော်မှာ ဒီနှစ်ကျင်းပမယ့် အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်နဲ့ Eid ပွဲတော် အခမ်းအနားတွေမှာ ပါဝင်မှာမဟုတ်ကြောင်း ပြောလိုက်ပါတယ်။

ဂါဇာဒေသမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးရဖို့ အမေရိကန်အစိုးရက ကြိုးပမ်းဖို့လည်း ဖိအားပေးနေကြတာပါ။ အိမ်ဖြူတော်က အခမ်းအနားအတွက် ဖိတ်ကြားစာ လက်ခံရရှိတဲ့အခါ အမေရိကန်မွတ်ဆလင် ခေါင်းဆောင်တွေအနေနဲ့ မတက်ဖို့ ငြင်းကြလိမ့်မယ်လို့ အများက ယူဆထားကြောင်း အမေရိကန် အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) ရဲ့ အစိုးရပိုင်းဆိုင်ရာဌာန ဒါရိုက်တာ Robert McCaw ကပြောပါတယ်။

ဂါဇာဒေသမှာ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး အမြန်ဆုံးသဘောတူညီချက်ရအောင်လုပ်ဖို့ မွတ်ဆလင် အသိုင်းအဝိုင်းရဲ့ တောင်းဆိုချက်ကို အကောင်အထည် မဖော်နိုင်တာကြောင့် အခုလို ဆုံးဖြတ်ရတာလို့လည်း ဗွီအိုအေကို ပြောပါတယ်။ ဂါဇာဒေသက ပါလက်စတိုင်း ညီအကိုမောင်နှမတွေ လူမျိုးတုန်းအောင်လုပ်ရာမှာ အသုံးချနေတဲ့ လက်နက်တွေကို အစ္စရေးထံ ပေးပို့နေတာတွေ ရပ်ဆိုင်းဖို့ တောင်းဆိုမှုတွေကိုလည်း အစိုးရက လက်မခံခဲ့ဘူးလို့ ပြောဆိုခဲ့တာပါ။

အိမ်ဖြူတော်မှာ ဒီနှစ်ကျင်းပမယ့် Ramadan ပွဲတော်အခမ်းအနား အစီအစဉ်တွေကို လျှော့ချဖို့ ပြင်ဆင်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ ပြောခွင့်ရပုဂ္ဂိုလ် Karine Jean-Pierre ကတော့ ဘာမှ ကြေညာထားတာ မရှိသေးကြောင်း ပြောဆိုထားပါတယ်။ ဥပုသ်ကာလစတင်ချိန် သမ္မတဘိုင်ဒင် ထုတ်ပြန်ချက်မှာတော့ ပါလက်စတိုင်းပြည်သူတွေရဲ့ ဒုက္ခတွေဟာ မွတ်ဆလင်အများအပြား ရင်ထဲမှာ ရှေ့ဆုံးကနေရာယူထားကြလိမ့်မယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG