သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကုန်သွယ်ရေးပြပွဲ ရန်ကုန်မှာစတင် ဖွင့်လှစ်


အမေရိကန် ကုန်သွယ်ရေးပြပွဲ
အမေရိကန် ကုန်သွယ်ရေးပြပွဲ

အမေရိကန်ထုတ်ကုန်ပစည်းတွေကို ဝယ်ယူနိုင်မယ့် American Trade Show ကို ရန်ကုန်မြို့ တပ်မတော် ခန်းမမှာ ဒီကနေ့ကစပြီး ကျင်းပနေပါတယ်။ ဒီပွဲမှာ အမေရိကန်ပစ္စည်းတွေအပါအဝင် မြန်မာနိုင်ငံတွင်း ဒေသ ထွက်ကုန်တွေကိုလည်း ယဉ်ကျေးမှုဖလှယ်တဲ့အနေနဲ့ ပြသထားတာဖြစ်ပြီး ကုမ္ပဏီပေါင်း ၇၀ ကျော် ပါဝင်ပြသ နေတာဖြစ်ပါတယ်။ ဒီပွဲကိုသွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် က တင်ပြပေးထားပါတယ်။

ဒီနေ့ရန်ကုန်မြို့တပ်မတော်ခန်းမမှာ American Trade Show အမေရိကန် ထုတ်ကုန်ပစ္စည်းတွေကို ပြသနေတာ ဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ပြခန်းပေါင်း ၁၀၀ ကျော်နဲ့ပြသနေတာဖြစ်ပါတယ်။ ဒီပြပွဲကို ပြည်တွင်းမှာ ဒုတိယအကြိမ်မြောက်ပြသတာ ဖြစ်ပြီး အမေရိကန်ထုတ်ကုန် ပစ္စည်းတွေ မြန်မာပြည်တွင်းမှာ ဈေးကွက်နေရာ ရရှိဖို့ အဓိကရည်ရွယ်ပြီး လုပ်ရတာဖြစ်ကြောင်း ပြပွဲကျင်းပရေးတာဝန်ခံ ဒေါက်တာ ဇာနည်မောင်မောင်က အခုလိုပြောပါတယ်။

“အဓိကတော့ ဒီအမေရိကန် Expo လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီ US က Brand တွေပေါ့နော်၊ အဲဒါတွေ မြန်မာပြည်ကို ရောက်ရှိလာပြီးတော့ ဒီဘက်မှာ ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရရှိဖို့ရယ်၊ နောက်တစ်ခါ မြန်မာပြည်က လုပ်ငန်းရှင်တွေနဲ့ အမေရိကန်နဲ့ပူးပေါင်းပြီး ဆက်စပ်လုပ်ကိုင်ချင်တဲ့ လုပ်ငန်းရှင်တွေ ထိတွေ့မှုရှိအောင်၊ နောက်ပြီးတော့ မြန်မာကနေ usကိုပေါ့ Export ပို့ချင်တဲ့ သူတွေရှိတယ်ဆိုရင် အချိတ်အဆက်လေးတွေပေါ့နော် mutual trade ကိုရဖို့အတွက်ကို ဒါမျိုး ရည်ရွယ်ချက်လေးတွေနဲ့လုပ်တယ်။”

ဒီပွဲမှာ အမေရိကန်ထုတ်ကုန် တွေအပါအဝင် ပြည်တွင်းလက်မှုအနုပညာတွေကိုလည်း နိုင်ငံတကာ ဈေးကွက်မှာ လူသိများလာဖို့ရည်ရွယ်ချက်နဲ့ ပြသရောင်းချပေးနေတယ်လို့ ဒေါက်တာ ဇာနည်မောင်မောင်က ဆက်ပြောပါတယ်။

“ဒီမှာတော့ အမေရိကန် product တွေအပြင် မြန်မာနိုင်ငံကနေထုတ်တဲ့ လက်မှုအနုပညာ ပစ္စည်းတွေပေါ့လေ ဒါမျိုးတွေ ပြခြင်းအားဖြင့် ဒီဟာတွေလည်းUS ဈေးကွက်တင်မကဘဲ ဒီပွဲမှာ လာကြည့်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စိတ်ဝင်စားလို့ လာကြည့်တဲ့အခါမှာ ဆက်စပ်ပြီး အချိတ်အဆက်ရသွားပြီးနိုင်ငံတကာ အခွင့်အလမ်းများ ပေါ်ပေါက်ပါစေ ဆိုပြီးရည်ရွယ်ချက်နဲ့လုပ်ပါတယ်။”

ဒီပွဲကို သုံးရက်ကျင်းပသွားမှာဖြစ်ပြီး လာပြီးလေ့လာတဲ့သူတွေကိုလည်း နောက်ဆုံးနေ့မှာ ကံစမ်းမဲတွေ ဖောက်ပေးသွားမယ်လို့ဆိုပါတယ်။

“ဒီမှာအမေရိကန်ကားတွေလည်းပြတယ်၊ ကားနဲ့ဆက်စပ်အပိုပစ္စည်းတွေလည်း ပြတယ်ဆိုလို့ လေ့လာဖို့အတွက် လာခဲ့တာပါ။ အခြားပစ္စည်းတွေလည်း ဒီမှာပြတယ် ဆိုတော့။ မနှစ်ကလည်း မရောက်တော့ ဒီနှစ်တော့ ရောက်အောင်လာမယ်ဆိုပြီး လာလိုက်တာပါခင်ဗျ။”

မနှစ်ကနဲ့မတူတာကတော့ ဒီနှစ်မှာ အမေရိကန် ကုန်သည်ကြီးများအသင်းကလည်း ပူးပေါင်းပြသထား တာကိုတွေ့ရပါတယ်။ Ford ကားကုမ္ပဏီအပါအဝင် အစားအသောက်လုပ်ငန်းတွေအတွက် စက်ကိရိယာတွေ ထုတ်လုပ်ပေးတဲ့ အမေရိကန်လုပ်ငန်းတစ်ဖြစ်တဲ့ SPX ကုမ္ပဏီကလည်း ပူးပေါင်း ပြသထားပါတယ်။

တိုက်ရိုက် လင့်ခ်

အမေရိကန် ကုန်သွယ်ရေးပြပွဲ ရန်ကုန်မှာစတင် ဖွင့်လှစ်
please wait

No media source currently available

0:00 0:02:00 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG