သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္ဘႏြန္ေပါက္ကြဲမႈ စုံစမ္းေရး အေမရိကန္ကူညီမည္


ၾသဂုတ္လ ၆ ရက္ေန႔က ေပါက္ကြဲမႈအၿပီး ေဘရြတ္ဆိပ္ကမ္းတဝိုက္ကျမင္ကြင္း

Zawgyi/Unicode

လက္ဘႏြန္ႏိုင္ငံ ေဘရြတ္ၿမိဳ႕မွာ မၾကာေသးခင္က ျဖစ္ပြါးခဲ့တဲ့ လူေပါင္း ရာေက်ာ္ေသဆံုးၿပီး ေထာင္နဲ႔ခ်ီ ဒဏ္ရာရခဲ့တဲ့ ေပါက္ကြဲမႈအတြက္ လက္ဘႏြန္နဲ႔ ႏိုင္ငံတကာ စံုစမ္းေရးမႈေတြရဲ့ စံုစမ္းစစ္ေဆးမႈမွာ အေမရိကန္အစိုးရ ေထာက္လွမ္းေရးဌာန FBI လည္း ပူးေပါင္းပါဝင္ မွာ ျဖစ္ေၾကာင္း ေဘရြတ္ကိုေရာက္ ေနတဲ့ ႏိုင္ငံေရးဆိုင္ရာ အေမရိကန္လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီး David Hale က ေျပာပါတယ္။

ဒီေပါက္ကြဲမႈဆိုင္ရာ စံုစမ္းစစ္ေဆးေရးမွာ လက္ဘႏြန္ အာဏာပိုင္ေတြရဲ့ ဖိတ္ၾကားခ်က္နဲ႔ FBI ပူးေပါင္းပါဝင္တာ ျဖစ္ေၾကာင္းနဲ႔ ဒါဟာ ေပါက္ကြဲမႈေနာက္ပိုင္း ႏိုင္ငံအေျခေနထိန္းဖို႔ ႀကိဳးစားရာမွာ အေမရိကန္ အကူညီေပးမႈတခု ျဖစ္ေၾကာင္း ေပါက္ကြဲမႈေၾကာင့္ အႀကီးအက်ယ္ ပ်က္စီးေနတဲ့ ေနရာကို သြားေရာက္ၾကည့္ရႈေနတဲ့ David Hale ကေျပာပါတယ္။

သူဟာ လာမယ့္ ၂ ရက္အတြင္း လက္ဘႏြန္အရာရွိေတြနဲ႔ ေတြ႔ဆံုဖို႔ စီစဥ္ထားတာပါ။ ဒီလိုေတြ႔ဆံုရာမွာ လက္ဘႏြံ ႏိုင္ငံ မွာ ျပဳျပင္ေျပာင္းလဲေရး လိုအပ္ေနေၾကာင္း အေလးထား ေျပာၾကားဖုိ႔ရွိတယ္လို႔ လက္ဘႏြံက အေမရိကန္သံရံုးက ေျပာပါတယ္။ ​

ဒီေပါက္ကြဲမႈ ေတြကေန လူေပါင္း ၁၇၀ ေက်ာ္ေသဆံုးၿပီး ၆၀၀၀ ေလာက္ ဒဏ္ရာရခဲ့သလို လူေပါင္း သံုးသိန္းေလာက္ အိုးမဲ့အိမ္မဲ့ ျဖစ္ခဲံရတာပါ။

ဒီေပါက္ကြဲမႈျဖစ္ပြါးခဲ့တဲ့ေနာက္ လက္ဘႏြန္အစိုးရက သီတင္း ၂ ပတ္ၾကာ အေရးေပၚ အေျခေန ေၾကညာဖို႔ လႊတ္ေတာ္အမတ္ေတြက အတည္ျပဳေပးခဲ့တာ ျဖစ္ၿပီး ၾကာသပေတးေန႔မွာေတာ့ အစိုးရသစ္ အျမန္ဖြဲ႔စည္းဖို႔ လႊတ္ေတာ္ဥကၠဌ Nabih Berri ကေတာင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ မကြာသေးခင်က ဖြစ်ပွါးခဲ့တဲ့ လူပေါင်း ရာကျော်သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုအတွက် လက်ဘနွန်နဲ့ နိုင်ငံတကာ စုံစမ်းရေးမှုတွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ အမေရိကန်အစိုးရ ထောက်လှမ်းရေးဌာန FBI လည်း ပူးပေါင်းပါဝင် မှာ ဖြစ်ကြောင်း ဘေရွတ်ကိုရောက် နေတဲ့ နိုင်ငံရေးဆိုင်ရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး David Hale က ပြောပါတယ်။

ဒီပေါက်ကွဲမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှာ လက်ဘနွန် အာဏာပိုင်တွေရဲ့ ဖိတ်ကြားချက်နဲ့ FBI ပူးပေါင်းပါဝင်တာ ဖြစ်ကြောင်းနဲ့ ဒါဟာ ပေါက်ကွဲမှုနောက်ပိုင်း နိုင်ငံအခြေနေထိန်းဖို့ ကြိုးစားရာမှာ အမေရိကန် အကူညီပေးမှုတခု ဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အကြီးအကျယ် ပျက်စီးနေတဲ့ နေရာကို သွားရောက်ကြည့်ရှုနေတဲ့ David Hale ကပြောပါတယ်။
သူဟာ လာမယ့် ၂ ရက်အတွင်း လက်ဘနွန်အရာရှိတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာပါ။ ဒီလိုတွေ့ဆုံရာမှာ လက်ဘနွံ နိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေး လိုအပ်နေကြောင်း အလေးထား ပြောကြားဖို့ရှိတယ်လို့ လက်ဘနွံက အမေရိကန်သံရုံးက ပြောပါတယ်။
ဒီပေါက်ကွဲမှု တွေကနေ လူပေါင်း ၁၇၀ ကျော်သေဆုံးပြီး ၆၀၀၀ လောက် ဒဏ်ရာရခဲ့သလို လူပေါင်း သုံးသိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲံရတာပါ။

ဒီပေါက်ကွဲမှုဖြစ်ပွါးခဲ့တဲ့နောက် လက်ဘနွန်အစိုးရက သီတင်း ၂ ပတ်ကြာ အရေးပေါ် အခြေနေ ကြေညာဖို့ လွှတ်တော်အမတ်တွေက အတည်ပြုပေးခဲ့တာ ဖြစ်ပြီး ကြာသပတေးနေ့မှာတော့ အစိုးရသစ် အမြန်ဖွဲ့စည်းဖို့ လွှတ်တော်ဥက္ကဌ Nabih Berri ကတောင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG