(Zawgyi/Unicode)
လက္ဘႏြန္ႏုိင္ငံ ေဘရြတ္ၿမိဳ႕ေတာ္မွာ ၿပီးခဲ႔တဲ႔ အဂၤါေန႔က ေပါက္ကြဲမႈႀကီးျဖစ္ၿပီးေနာက္ မေက်မနပ္ ဆႏၵျပပြဲေတြ ထြက္ေပၚလာၿပီးေနာက္မွာေတာ့ အစိုးရ အဖြဲ႔ ႏုတ္ထြက္ေၾကာင္း ၀န္ႀကီးခ်ဳပ္က တနလာၤေန႔ညမွာ ေၾကညာသြားပါတယ္။
“ဒီကေန႔ အစိုးရ အဖြဲ႔ႏုတ္ထြက္ေၾကာင္း အသိေပး ေၾကညာပါတယ္။ လက္ဘႏြန္ကို ဘုရားသခင္ ေစာင့္ေရွာက္ပါေစ”လို႔ ၀န္ႀကီးခ်ဳပ္ Hassan Diab က ရုပ္သံကေန မိန္႔ခြန္းေျပာခဲ႔တာပါ။
အခုလို ႏုတ္ထြက္လိုက္တာေၾကာင့္ ျပဳျပင္ေျပာင္းလဲေရး ျပည္သူေတြနဲ႔ အတူ ရပ္တည္ ပါ၀င္ႏုိင္မွာ ျဖစ္တယ္လို႔ ၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။ ဒါေပမယ့္ ေရြးေကာက္ပြဲသစ္ ဘယ္ေတာ့ က်င္းပမလဲဆိုတာကိုေတာ့ ၀န္ႀကီးခ်ဳပ္က မေျပာပါဘူး။
ႏုိင္ငံမွာ ျပည္တြင္းစစ္ အဆံုးသတ္ၿပီးေနာက္ပိုင္း ႏွစ္ေပါင္း ၃၀ နီးပါး လက္ဘႏြန္ကို အုပ္ခ်ဳပ္ေနတဲ႔ ႏုိင္ငံေရး အခြင့္ထူးခံေတြေၾကာင့္ ႏုိင္ငံမွာ ျပသနာေပါင္းမ်ားစြာ ျဖစ္ေနရတယ္လို႔လည္း ၀န္ႀကီးခ်ဳပ္က အျပစ္တင္ ေျပာဆိုပါတယ္။
ႏိုင္ငံေရး စီးပြားေရး ပ်က္စီးမႈေတြ အျပင္ ၿပီးခဲ႔တဲ႔ သီတင္းပတ္ ေပါက္ကြဲမႈႀကီးကလည္း သူတို႔ေၾကာင့္ ျဖစ္ရတာလို႔ ၀န္ႀကီးခ်ဳပ္ Diab က ေျပာဆိုခဲ႔ပါတယ္။ လက္ဘႏြန္မွာ စေနနဲ႔ တနဂၤေႏြေန႔က အႀကီးအက်ယ္ ဆႏၵျပမႈေတြ အပါအ၀င္ ဆႏၵျပပြဲေတြမွာ အစိုးရ အဖြဲ႔ တခုလံုး ႏုတ္ထြက္ဖို႔ ေတာင္းဆိုခဲ႔ၾကတာပါ။
အစိုးရ အဖြဲ႔၀င္ ၀န္ႀကီးေတြနဲ႔ လႊတ္ေတာ္ အမတ္ တခ်ိဳ႕တို႔ ႏုတ္ထြက္ခဲ႔ၾကၿပီးေနာက္မွာ အခုလို အစိုးရ အဖြဲ႔ တခုလံုး ႏုတ္ထြက္တဲ႔ ဆံုးျဖတ္ခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အဂၤါေန႔က ေပါက္ကြဲမႈႀကီးေၾကာင့္ အနည္းဆံုး လူ ၁၆၀ ေသဆံုးၿပီး ေထာင္နဲ႔ခ်ီ ဒဏ္ရာရခဲ႔သလို လူေပါင္း ၂ သိန္းခြဲေက်ာ္ အိုးအိမ္မဲ႔ ျဖစ္ခဲ႔ရပါတယ္။
...............
ဘေရွတ်မြို့ပေါက်ကွဲမှု ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် လက်ဘနွန်အစိုးရနုတ်ထွက်
(Unicode)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပေါက်ကွဲမှုကြီးဖြစ်ပြီးနောက် မကျေမနပ် ဆန္ဒပြပွဲတွေ ထွက်ပေါ်လာပြီးနောက်မှာတော့ အစိုးရ အဖွဲ့ နုတ်ထွက်ကြောင်း ဝန်ကြီးချုပ်က တနလာၤနေ့ညမှာ ကြေညာသွားပါတယ်။
“ဒီကနေ့ အစိုးရ အဖွဲ့နုတ်ထွက်ကြောင်း အသိပေး ကြေညာပါတယ်။ လက်ဘနွန်ကို ဘုရားသခင် စောင့်ရှောက်ပါစေ”လို့ ဝန်ကြီးချုပ် Hassan Diab က ရုပ်သံကနေ မိန့်ခွန်းပြောခဲ့တာပါ။
အခုလို နုတ်ထွက်လိုက်တာကြောင့် ပြုပြင်ပြောင်းလဲရေး ပြည်သူတွေနဲ့ အတူ ရပ်တည် ပါဝင်နိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲသစ် ဘယ်တော့ ကျင်းပမလဲဆိုတာကိုတော့ ဝန်ကြီးချုပ်က မပြောပါဘူး။
နိုင်ငံမှာ ပြည်တွင်းစစ် အဆုံးသတ်ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၀ နီးပါး လက်ဘနွန်ကို အုပ်ချုပ်နေတဲ့ နိုင်ငံရေး အခွင့်ထူးခံတွေကြောင့် နိုင်ငံမှာ ပြသနာပေါင်းများစွာ ဖြစ်နေရတယ်လို့လည်း ဝန်ကြီးချုပ်က အပြစ်တင် ပြောဆိုပါတယ်။
နိုင်ငံရေး စီးပွားရေး ပျက်စီးမှုတွေ အပြင် ပြီးခဲ့တဲ့ သီတင်းပတ် ပေါက်ကွဲမှုကြီးကလည်း သူတို့ကြောင့် ဖြစ်ရတာလို့ ဝန်ကြီးချုပ် Diab က ပြောဆိုခဲ့ပါတယ်။ လက်ဘနွန်မှာ စနေနဲ့ တနင်္ဂနွေနေ့က အကြီးအကျယ် ဆန္ဒပြမှုတွေ အပါအဝင် ဆန္ဒပြပွဲတွေမှာ အစိုးရ အဖွဲ့ တခုလုံး နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာပါ။
အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ လွှတ်တော် အမတ် တချို့တို့ နုတ်ထွက်ခဲ့ကြပြီးနောက်မှာ အခုလို အစိုးရ အဖွဲ့ တခုလုံး နုတ်ထွက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အင်္ဂါနေ့က ပေါက်ကွဲမှုကြီးကြောင့် အနည်းဆုံး လူ ၁၆၀ သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့သလို လူပေါင်း ၂ သိန်းခွဲကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။