သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚသင္းသင္းေအာင္ကို လႊတ္ေပးဖို႔ AI နဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြ ေတာင္းဆို


မဇၥ်ိမသတင္းဌာနကို ပူးတြဲ တည္ေထာင္သူလည္းျဖစ္တဲ့ ေဒၚသင္းသင္းေအာင္ ( ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက လူ႔အခြင့္အေရးနဲ႔ အမ်ဳိးသမီးအေရး တက္ႂကြလႈပ္ရွားသူ ေဒၚသင္းသင္းေအာင္ အပါအ၀င္ ခိုင္လုံတဲ့အေၾကာင္းျပခ်က္မရွိဘဲ ဖမ္းဆီး ထိန္းသိမ္းခံထားရသူအားလုံးကို ခ်က္ျခင္း ျပန္လႊတ္ေပးဖို႔ Amnesty International ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ႀကီးက ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

မသင္းသင္းေအာင္အေပၚ တင္ထားတဲ့စြဲခ်က္ေတြ ခ်က္ျခင္းျပန္႐ုပ္သိမ္းၿပီး အျမန္ဆုံး ျပန္လြတ္ေပးဖို႔ ႏိုဘဲလ္ၿငိမ္းခ်မ္းေရးဆုရွင္ ၅ ဦးကလည္း ေမလ ၂၇ ရက္ေန႔မွာ ေတာင္းဆိုထားၾကသလို တျခား ႏိုင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႔အစည္းေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြကပါ ေတာင္းဆိုထားၾကတာေၾကာင့္ သူ လြတ္ေျမာက္ေရးအတြက္ ေတာင္းဆိုမႈေတြ အရွိန္ျမင့္လာေနတာ ျဖစ္ပါတယ္။

မဇၥ်ိမသတင္းဌာနကို ပူးတြဲ တည္ေထာင္သူလည္းျဖစ္တဲ့ ေဒၚသင္းသင္းေအာင္ဟာ ဧၿပီလ ၈ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ ဖမ္းဆီးခံရၿပီးတဲ့ေနာက္ ေရၾကည္အိုင္ စစ္ေၾကာေရးစခန္းမွာ ထိန္းသိမ္းခံထားရတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ သူ ဘယ္မွာရွိေနတယ္ဆိုတာ ရွင္းရွင္းလင္းလင္း သိမထားရပါဘူး။

လက္ရွိမွာေတာ့ ေဒၚသင္းသင္းေအာင္ကို ပုဒ္မ ၅၀၅ (က) အျပင္ မတရားအသင္းပုဒ္မ ၁၇ (၁) နဲ႔ပါ ထပ္တိုးတရားစြဲထားတယ္ဆိုတဲ့သတင္းေတြ ထြက္ထားပါတယ္။ ဒါေပမယ့္ သူ႔ကိုဖမ္းထားတာနဲ႔ပတ္သက္ၿပီး ၃ လခြဲနီးပါးၾကာလာတဲ့ထိ စစ္ေကာင္စီဘက္က သတင္းတစံုတရာထုတ္ျပန္တာ မရွိေသးသလို ဘာပုဒ္မေတြနဲ႔ စြဲခ်က္တင္ထားတယ္ဆိုတာကိုလည္း တရားဝင္ထုတ္ျပန္တာ မရွိေသးပါဘူး။

ျမန္မာႏိုင္ငံမွာ စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းလိုက္တဲ့အေပၚ သူတို႔ရဲ႕ ရပိုင္ခြင့္ျဖစ္တဲ့ လြတ္လပ္စြာေျပာဆိုခြင့္နဲ႔ လြတ္လပ္စြာ စုေ၀းခြင့္ေတြနဲ႔အညီ ကန္႔ကြက္ ဆႏၵျပရင္း မသင္းသင္းေအာင္အပါအ၀င္ ေထာင္နဲ႔ခ်ီတဲ့ ျမန္မာျပည္သူေတြဟာ ခိုင္လုံတဲ့အေၾကာင္းျပခ်က္မရွိဘဲ ဖမ္းဆီး ထိန္းသိမ္းခံထားရတတယ္လို႔ လူ႔အခြင့္အေရးေတြက ျပစ္တင္ ေျပာဆိုေနၾကတာပါ။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ဇူလိုင္လ ၂၁ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာ ဖမ္းဆီး ထိန္းသိမ္းခံထားရသူ ၅,၃၂၃ ဦးရွိၿပီး ေသဆုံးသူကေတာ့ ၉၂၉ ဦးရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................................................................................................

ဒေါ်သင်းသင်းအောင်ကို လွှတ်ပေးဖို့ AI နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

(Unicode)

မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်သင်းသင်းအောင် အပါအဝင် ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

မသင်းသင်းအောင်အပေါ် တင်ထားတဲ့စွဲချက်တွေ ချက်ခြင်းပြန်ရုပ်သိမ်းပြီး အမြန်ဆုံး ပြန်လွတ်ပေးဖို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ၅ ဦးကလည်း မေလ ၂၇ ရက်နေ့မှာ တောင်းဆိုထားကြသလို တခြား နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကပါ တောင်းဆိုထားကြတာကြောင့် သူ လွတ်မြောက်ရေးအတွက် တောင်းဆိုမှုတွေ အရှိန်မြင့်လာနေတာ ဖြစ်ပါတယ်။

မဇ္စျိမသတင်းဌာနကို ပူးတွဲ တည်ထောင်သူလည်းဖြစ်တဲ့ ဒေါ်သင်းသင်းအောင်ဟာ ဧပြီလ ၈ ရက်နေ့က ရန်ကုန်မြို့မှာ ဖမ်းဆီးခံရပြီးတဲ့နောက် ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် သူ ဘယ်မှာရှိနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိမထားရပါဘူး။

လက်ရှိမှာတော့ ဒေါ်သင်းသင်းအောင်ကို ပုဒ်မ ၅၀၅ (က) အပြင် မတရားအသင်းပုဒ်မ ၁၇ (၁) နဲ့ပါ ထပ်တိုးတရားစွဲထားတယ်ဆိုတဲ့သတင်းတွေ ထွက်ထားပါတယ်။ ဒါပေမယ့် သူ့ကိုဖမ်းထားတာနဲ့ပတ်သက်ပြီး ၃ လခွဲနီးပါးကြာလာတဲ့ထိ စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန်တာ မရှိသေးသလို ဘာပုဒ်မတွေနဲ့ စွဲချက်တင်ထားတယ်ဆိုတာကိုလည်း တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်တဲ့အပေါ် သူတို့ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ လွတ်လပ်စွာ စုဝေးခွင့်တွေနဲ့အညီ ကန့်ကွက် ဆန္ဒပြရင်း မသင်းသင်းအောင်အပါအဝင် ထောင်နဲ့ချီတဲ့ မြန်မာပြည်သူတွေဟာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခံထားရတတယ်လို့ လူ့အခွင့်အရေးတွေက ပြစ်တင် ပြောဆိုနေကြတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇူလိုင်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၅,၃၂၃ ဦးရှိပြီး သေဆုံးသူကတော့ ၉၂၉ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG