သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေရဲ့ ကျောက်ကပ်တွေဝယ်သုံးနေတဲ့ အိန္ဒိယဆေးရုံ စစ်ဆေးခံနေရ


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ Apollo ပုဂ္ဂလိက ဆေးရုံ
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ Apollo ပုဂ္ဂလိက ဆေးရုံ

မြန်မာနိုင်ငံဘက်က ကျေးရွာတွေက လူငယ်တွေဆီကနေ ကျောက်ကပ်တွေ ဝယ်ပြီး နိုင်ငံတကာ လူနာတွေအတွက် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသပေးနေတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ ပုဂ္ဂလိကပိုင် ဆေးရုံကို စုံစမ်းစစ်ဆေးဖို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးက အမိန့်ထုတ်လိုက်ပါတယ်။

IMCL ခေါ် အိန္ဒိယနိုင်ငံ Indraprastha (အင်ဒရာ ပရာစ်သာ) ဆေးဘက်ဆိုင်ရာ ကော်ပိုရေးရှင်းဟာ နယူးဒေလီမြို့တော်မှာ Apollo ဆိုတဲ့ နာမည်နဲ့ ပုဂ္ဂလိက ဆေးရုံနှစ်ခု ဖွင့်လှစ်ပြီး တရားမဝင် ကျောက်ကပ်အစားထိုး ကုသပေးနေတဲ့အကြောင်း ဗြိတိန်အခြေစိုက် The Telegraph သတင်းစာက စနေနေ့က ရေးသားခဲ့တာပါ။ Indraprastha (အင်ဒရာ ပရာစ်သာ) ဆေးဘက်ဆိုင်ရာ ကော်ပိုရေးရှင်းကတော့ ဒီစွပ်စွဲချက်ကို မနေ့က ငြင်းဆိုထားပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူဖို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးက အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း ကျေးရွာတွေမှာ နေထိုင်တဲ့ လူငယ်တွေဆီကနေ ကျောက်ကပ်ဝယ်ယူပြီး ကမ္ဘာတဝှမ်း ချမ်းသာတဲ့သူတွေ အတွက် ကျောက်ကပ်အစားထိုး ကုသပေးနေတယ်ဆိုပြီး The Telegraph သတင်းစာက ရေးသားထားတာပါ။ နယူးဒေလီမှာရှိတဲ့ Apollo ဆေးရုံဘက်ကတော့ Telegraph သတင်းစာပါ ရေးသားချက်တွေ မဟုတ်မမှန်တဲ့အကြောင်းနဲ့ စွပ်စွဲချက်တွေ အခြေအမြစ်မရှိတဲ့အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG