သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် ဒီတပတ်ထဲ ယူကရိန်းနိုင်ငံသွားရောက်မည် 


JAPÓN-GUTERRES
JAPÓN-GUTERRES

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ယူကရိန်းသမ္မတ၊ တူရကီသမ္မတတို့နဲ့ ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ ကြာသပတေးနေ့ တွေ့ဆုံမှာဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ 

ကုလအတွင်းရေးမှူးချုပ် ဒီတပတ်ထဲ ယူကရိန်းနိုင်ငံသွားရောက်မည်

{{Zawgyi/Unicode}}
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ယူကရိန်းသမ္မတ၊ တူရကီသမ္မတတို့နဲ့ ယူကရိန်းနိုင်ငံ အနောက်ပိုင်းမှာ ကြာသပတေးနေ့ တွေ့ဆုံမှာဖြစ်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

“ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ ဖိတ်ကြားချက်အရ၊ အတွင်းရေးမှူးချုပ်ဟာ တူရကီသမ္မတ Recep Tayyip Erdogan ယူကရိန်းသမ္မတတို့နဲ့ ကြာသပတေးနေ့ Liviv မြို့မှာ ၃ ပွင့်ဆိုင်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Odesa မြို့ကို ခရီးဆက်ပြီး ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံ တင်ပို့ရေးအစီအစဉ်အတွက် အသုံးပြုနေတဲ့ ဆိပ်ကမ်းကို သွားရောက်မှာ ဖြစ်ပါတယ်။” လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ပင်လယ်နက်ဒေသ ကောက်ပဲသီးနှံ တင်ပို့ရေးအစီအစဉ်မှာတော့ ကုလသမဂ္ဂ၊ ယူကရိန်း၊ ရုရှားနဲ့ တူရကီနိုင်ငံတို့ ပါဝင်ကြပါတယ်။ တူရကီနိုင်ငံ အီစတန်ဘူမှာ ဇူလိုင်လ ၂၂ ရက်နေ့ လက်မှတ်ထိုးခဲ့ကြတဲ့ သဘောတူညီချက်မှာတော့ ယူကရိန်းက ကောက်ပဲသီးနှံတွေ နိုင်ငံတကာ ဈေးကွက်ကို တင်ပို့ခွင့်ရဖို့နဲ့ အပြန်အလှန်အားဖြင့် ရုရှားရဲ့ ဓာတ်မြေသြဇာနဲ့ စားသောက်ကုန်တွေ ရောင်းချမှုအပေါ် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့ ထည့်သွင်းထားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက် ရုရှားက ယူကရိန်းအပေါ် ကျုးကျော်မှု စတင်ခဲ့ပြီးနောက်ပိုင်း သိုလှောင်ရုံတွေနဲ့ ဆိပ်ကမ်း ၂ ဒါဇင်လောက်မှာ ပြည်ပမပို့နိုင်ဘဲ သောင်တင်နေတဲ့ သီးနှံ မက်ထရစ်တန်ချိန် ၂၀ လောက် ရှိခဲ့ရာက၊ ကမ္ဘာတဝှမ်း ကုန်စေးနှုန်းတွေလည်း တက်ခဲ့တာပါ။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ နိုင်ငံပေါင်း ၈၂ နိုင်ငံက လူပေါင်း ၃၄၅ သန်းလောက်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး၊ နိုင်ငံပေါင်း ၄၅ နိုင်ငံက လူဦးရေ သန်း ၅၀ လောက်ဟာ အငတ်ဘေးဆိုက်နိုင်ကြောင်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

............................................................


{{Zawgyi/Unicode}}





XS
SM
MD
LG