သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရာသီဥတုေဖာက္ျပန္မႈအႏၲရာယ္ေတြ ကုလအႀကီးအကဲ Davos ညီလာခံမွာ သတိေပး 


ဆြစ္ဇာလန္ႏိုင္ငံ၊ ဒါးဗို႔စ္ၿမိဳ႕မွာက်င္းပတဲ့ ႏွစ္ပတ္လည္ ကမၻာ့စီးပြါးေရးဖိုရမ္တက္ေရာက္မိန္႔ခြန္းေျပာေနတဲ့ ကုလအေထြေထြအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္။ ((ဇန္နဝါရီ ၁၉ ဝ ၂၀၂၃) 

[[Zawgyi/Unicode]]

ကမာၻႀကီးဟာ ရာသီဥတုဆိုင္ရာေဘးအႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ေနရေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ဆြစ္ဇာလန္ႏိုင္ငံ Davos မွာက်င္းပေနတဲ့ ကမာၻ႔စီးပြားေရးဖိုရမ္မိန႔္ခြန္းမွာ သတိေပးပါတယ္။ ဒီကိစၥ ပါအဝင္ တျခားေသာ ကမာၻ႔ၿခိမ္းေျခာက္မႈေတြအတြက္ ေရရွည္ေျဖရွင္းခ်က္ေတြ ရရွိႏိုင္မယ့္အခင္းအက်င္းတခုေဖာ္ေဆာင္ေရး ခ်က္ခ်င္းေဆာင္႐ြက္ၾကဖို႔ ႏိုင္ငံေရးနဲ႔စီးပြားေရးေခါင္းေဆာင္ေတြကို သူက တိုက္တြန္းခဲ့ပါတယ္။ ဂ်ီနီဗာကေန Lisa Schlein ေပးပို႔တဲ့ သတင္းေဆာင္းပါးကို မသိဂႌထိုက္က တင္ျပေပးထားပါတယ္။

ကုလသမဂၢအႀကီးအကဲ Antonio Guterres က ျပႆနာေတြရဲ႕အတိုင္းအတာကို ေလွ်ာ့ေပါ့ မေျပာပါဘူး။ ကမာၻႀကီးဟာ ဝမ္းနည္းစရာအေျခအေနကို ဆိုက္ေရာက္ေနတယ္လို႔ သုံးႏႈန္းေျပာပါတယ္။ ကမာၻ႔ေဒသအမ်ားအျပားမွာ စီးပြားက်မႈရင္ဆိုင္ေနရတဲ့ ကမာၻ႔စီးပြားေရးျပႆနာကိုလည္း သူက တင္ျပပါတယ္။ ကမာၻမွာ Covid-19 ကေန ျပန္လည္ ဦးေမာ့လာေပမယ့္ အနာဂတ္ကပ္ေဘးေရာဂါေတြကို ကိုင္တြယ္ရးအတြက္ ျပင္ဆင္မထားတာကိုလည္း သူက သတိေပးပါတယ္။ စစ္ပြဲ၊ အၾကမ္းဖက္မႈနဲ႔ပဋိပကၡေတြေၾကာင့္ သန္းနဲ႔ခ်ီတဲ့လူထု အေပၚ ထိခိုက္သက္ေရာက္မႈေတြကိုလည္း သူက ေထာက္ျပပါတယ္။

“အထူးသျဖင့္ ႐ုရွားရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ဟာဆိုရင္ ယူကရိန္း ျပည္သူေတြ ေဖာ္မျပႏိုင္ေလာက္ေအာင္ အတိဒုကၡ ႀကဳံေတြ႕ရမႈသာမက ဒီစစ္ေၾကာင့္ ကမာၻတလႊား စားနပ္ရိကၡာနဲ႔ စြမ္းအင္ေဈးႏႈန္းေတြ၊ ကုန္သြယ္ေရးနဲ႔ကုန္စည္ေထာက္ပို႔မႈ ကြင္းဆက္ေတြအေပၚမွာလည္း သိသိသာသာ ႐ိုက္ခတ္သက္ေရာက္မႈ ျဖစ္ပါတယ္။ န်ဴကလီယား ေဘးကင္းေရးအေပၚမွာလည္း ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။ ဒါ့အျပင္ ႏိုင္ငံတကာဥပေဒရဲ႕အေျခခံအက်ဆုံး အုတ္ျမစ္ေတြနဲ႔ ကုလသမဂၢရဲ႕ပဋိညာဥ္အေပၚမွာလည္း ေမးခြန္းထုတ္စရာ ျဖစ္လာပါတယ္။”

ရာသီဥတုဆိုင္ရာ ေဘးအႏၲရာယ္ေတြနဲ႔လည္း ကမာၻႀကီးရင္ဆိုင္ေနရေၾကာင္း ကုလသမဂၢအႀကီးအကဲက ေျပာပါတယ္။ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈက စံခ်ိန္တင္အဆင့္ကိုေရာက္ရွိၿပီး တိုးပြားလာေနေၾကာင္း သူက ေထာက္ျပပါတယ္။ ကမာၻတလႊား အပူခ်ိန္ျမင့္တက္မႈကို ၁.၅ ဒီဂရီမွာ ကန႔္သတ္ထားရွိေရး ကတိကဝတ္ကို ႏိုင္ငံေတြဘက္က လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြက္တယ္လို႔လည္း သူက အျပစ္ဖို႔ပါတယ္။

“ဒီထက္ပိုၿပီး အေရးယူေဆာင္႐ြက္မႈမရွိဘူးဆိုရင္ေတာ့ ၂.၈ ဒီဂရီအထိ တိုးသြားမယ့္ဘက္ကို ဦးတည္ေနပါၿပီ။ အႀကီးအက်ယ္ထိခိုက္ပ်က္စီးမယ့္ အက်ိဳးဆက္ေတြ ရွိလာမယ္ဆိုတာကိုလည္း က်ေနာ္တို႔ အားလုံး သိၾကပါတယ္။ က်ေနာ္တို႔ကမာၻႀကီးရဲ႕ အစိတ္အပိုင္းအေတာ္မ်ားမ်ားမွာ ေနထိုင္လို႔ရေတာ့မွာ မဟုတ္ပါဘူး။ အမ်ားအျပားအတြက္ေတာ့ ဒါဟာ ေသဒဏ္စီရင္ခ်က္လို ျဖစ္ပါလိမ့္မယ္။”

ဒါ့အျပင္ ေျမာက္ပိုင္းနဲ႔ေတာင္ပိုင္းၾကား နက္နက္ရႈိင္းရႈိင္းကြဲျပားလာမႈကို စိုးရိမ္ေၾကာင္းလည္း ကုလသမဂၢအႀကီးအကဲက ေျပာပါတယ္။ ကမာၻႀကီးရဲ႕ေတာင္ပိုင္းအျခမ္းမွာ စိတ္ပ်က္ေဒါသျဖစ္ေနၾကတဲ့အတိုင္းအတာကို ခ်မ္းသာတဲ့ ကမာၻနဲ႔ သူတို႔ေခါင္းေဆာင္ေတြက အမွန္တကယ္ နားလည္သိရွိမထားၾကဘူးလို႔လည္း သူက ထပ္ေလာင္း ေျပာပါတယ္။

“လတ္တေလာျဖစ္ပ်က္ခဲ့တဲ့ ကာကြယ္ေဆးျဖန႔္ေဝမႈ မညီမွ်မႈေတြအေပၚ စိတ္ပ်က္ေဒါသထြက္မႈ၊ ကမာၻ႔အပူခ်ိန္ အနည္းဆုံးထုတ္လႊတ္တဲ့ႏိုင္ငံေတြမွာ ရာသီဥတုကပ္ေဘးဒဏ္ အႀကီးအက်ယ္ခံရတဲ့အေပၚ စိတ္ပ်က္ေဒါသထြက္ၾကပါတယ္။ ဒါ့အျပင္ ဒီျပႆနာကိုတုံ႔ျပန္ေရးအတြက္ ရန္ပုံေငြမလုံေလာက္မႈ အေပၚမွာလည္း စိတ္ပ်က္ေဒါသထြက္ၾကပါတယ္။”

ကမာၻတလႊား ဆက္စပ္ျဖစ္ေပၚတဲ့ျပႆနာတြကို ေျဖရွင္းႏိုင္ေရး ကမာၻမွာညီၫြတ္ၾကရမယ္လို႔လည္း ကုလသမဂၢ အႀကီးအကဲက ေျပာပါတယ္။ ကံမေကာင္းအေၾကာင္းမလွစြာ ပထဝီႏိုင္ငံေရးအရကြဲျပားမႈနဲ႔ မ်ိဳးဆက္ေတြအတြင္း ယုံၾကည္မႈကင္းမဲ့မႈက အစိုးရိမ္ရဆုံးအဆင့္နဲ႔ ကမာၻႀကီးရင္ဆိုင္ေနရတာနဲ႔အတူ ညီၫြတ္လာမယ့္ပုံ မရွိဘူးလို႔လည္း သူက ေျပာပါတယ္။ ဒီအခ်က္ေၾကာင့္ပဲ အားလုံး ေလ်ာ့ပါးယိုယြင္းေနရတာ ျဖစ္တယ္လို႔လည္း ေထာက္ျပသြားပါတယ္။

ဒီကြဲျပားမႈေတြကိုေပါင္းကူးေပးႏိုင္ၿပီး ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ေရး ေပါင္းစည္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ကူညီေဆာင္႐ြက္ၾကဖို႔လည္း ႏိုင္ငံေရးနဲ႔ စီးပြားေရးေခါင္းေဆာင္ေတြကို ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Guterres က ပန္ၾကားခဲ့ပါတယ္။ အေရးယူေဆာင္႐ြက္မႈမလုပ္ဘူးဆိုရင္ေတာ့ နစ္နာဆုံးရႈံးမႈေတြဟာ အေရးယူေဆာင္႐ြက္မႈေၾကာင့္ေပးဆပ္ရတာထက္ အင္မတန္ႀကီးမားလိမ့္မယ္လို႔လည္း သူက ထပ္ေလာင္းေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ရာသီဥတုဖောက်ပြန်မှုအန္တရာယ်တွေ ကုလအကြီးအကဲ Davos ညီလာခံမှာ သတိပေး

ကမ္ဘာကြီးဟာ ရာသီဥတုဆိုင်ရာဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဆွစ်ဇာလန်နိုင်ငံ Davos မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မိန့်ခွန်းမှာ သတိပေးပါတယ်။ ဒီကိစ္စ ပါအဝင် တခြားသော ကမ္ဘာ့ခြိမ်းခြောက်မှုတွေအတွက် ရေရှည်ဖြေရှင်းချက်တွေ ရရှိနိုင်မယ့်အခင်းအကျင်းတခုဖော်ဆောင်ရေး ချက်ချင်းဆောင်ရွက်ကြဖို့ နိုင်ငံရေးနဲ့စီးပွားရေးခေါင်းဆောင်တွေကို သူက တိုက်တွန်းခဲ့ပါတယ်။ ဂျီနီဗာကနေ Lisa Schlein ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂအကြီးအကဲ Antonio Guterres က ပြဿနာတွေရဲ့အတိုင်းအတာကို လျှော့ပေါ့ မပြောပါဘူး။ ကမ္ဘာကြီးဟာ ဝမ်းနည်းစရာအခြေအနေကို ဆိုက်ရောက်နေတယ်လို့ သုံးနှုန်းပြောပါတယ်။ ကမ္ဘာ့ဒေသအများအပြားမှာ စီးပွားကျမှုရင်ဆိုင်နေရတဲ့ ကမ္ဘာ့စီးပွားရေးပြဿနာကိုလည်း သူက တင်ပြပါတယ်။ ကမ္ဘာမှာ Covid-19 ကနေ ပြန်လည် ဦးမော့လာပေမယ့် အနာဂတ်ကပ်ဘေးရောဂါတွေကို ကိုင်တွယ်ရးအတွက် ပြင်ဆင်မထားတာကိုလည်း သူက သတိပေးပါတယ်။ စစ်ပွဲ၊ အကြမ်းဖက်မှုနဲ့ပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့လူထု အပေါ် ထိခိုက်သက်ရောက်မှုတွေကိုလည်း သူက ထောက်ပြပါတယ်။

“အထူးသဖြင့် ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ဟာဆိုရင် ယူကရိန်း ပြည်သူတွေ ဖော်မပြနိုင်လောက်အောင် အတိဒုက္ခ ကြုံတွေ့ရမှုသာမက ဒီစစ်ကြောင့် ကမ္ဘာတလွှား စားနပ်ရိက္ခာနဲ့ စွမ်းအင်ဈေးနှုန်းတွေ၊ ကုန်သွယ်ရေးနဲ့ကုန်စည်ထောက်ပို့မှု ကွင်းဆက်တွေအပေါ်မှာလည်း သိသိသာသာ ရိုက်ခတ်သက်ရောက်မှု ဖြစ်ပါတယ်။ နျူကလီယား ဘေးကင်းရေးအပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါ့အပြင် နိုင်ငံတကာဥပဒေရဲ့အခြေခံအကျဆုံး အုတ်မြစ်တွေနဲ့ ကုလသမဂ္ဂရဲ့ပဋိညာဉ်အပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။”

ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်တွေနဲ့လည်း ကမ္ဘာကြီးရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအကြီးအကဲက ပြောပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုက စံချိန်တင်အဆင့်ကိုရောက်ရှိပြီး တိုးပွားလာနေကြောင်း သူက ထောက်ပြပါတယ်။ ကမ္ဘာတလွှား အပူချိန်မြင့်တက်မှုကို ၁.၅ ဒီဂရီမှာ ကန့်သတ်ထားရှိရေး ကတိကဝတ်ကို နိုင်ငံတွေဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တယ်လို့လည်း သူက အပြစ်ဖို့ပါတယ်။

“ဒီထက်ပိုပြီး အရေးယူဆောင်ရွက်မှုမရှိဘူးဆိုရင်တော့ ၂.၈ ဒီဂရီအထိ တိုးသွားမယ့်ဘက်ကို ဦးတည်နေပါပြီ။ အကြီးအကျယ်ထိခိုက်ပျက်စီးမယ့် အကျိုးဆက်တွေ ရှိလာမယ်ဆိုတာကိုလည်း ကျနော်တို့ အားလုံး သိကြပါတယ်။ ကျနော်တို့ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းအတော်များများမှာ နေထိုင်လို့ရတော့မှာ မဟုတ်ပါဘူး။ အများအပြားအတွက်တော့ ဒါဟာ သေဒဏ်စီရင်ချက်လို ဖြစ်ပါလိမ့်မယ်။”

ဒါ့အပြင် မြောက်ပိုင်းနဲ့တောင်ပိုင်းကြား နက်နက်ရှိုင်းရှိုင်းကွဲပြားလာမှုကို စိုးရိမ်ကြောင်းလည်း ကုလသမဂ္ဂအကြီးအကဲက ပြောပါတယ်။ ကမ္ဘာကြီးရဲ့တောင်ပိုင်းအခြမ်းမှာ စိတ်ပျက်ဒေါသဖြစ်နေကြတဲ့အတိုင်းအတာကို ချမ်းသာတဲ့ ကမ္ဘာနဲ့ သူတို့ခေါင်းဆောင်တွေက အမှန်တကယ် နားလည်သိရှိမထားကြဘူးလို့လည်း သူက ထပ်လောင်း ပြောပါတယ်။

“လတ်တလောဖြစ်ပျက်ခဲ့တဲ့ ကာကွယ်ဆေးဖြန့်ဝေမှု မညီမျှမှုတွေအပေါ် စိတ်ပျက်ဒေါသထွက်မှု၊ ကမ္ဘာ့အပူချိန် အနည်းဆုံးထုတ်လွှတ်တဲ့နိုင်ငံတွေမှာ ရာသီဥတုကပ်ဘေးဒဏ် အကြီးအကျယ်ခံရတဲ့အပေါ် စိတ်ပျက်ဒေါသထွက်ကြပါတယ်။ ဒါ့အပြင် ဒီပြဿနာကိုတုံ့ပြန်ရေးအတွက် ရန်ပုံငွေမလုံလောက်မှု အပေါ်မှာလည်း စိတ်ပျက်ဒေါသထွက်ကြပါတယ်။”

ကမ္ဘာတလွှား ဆက်စပ်ဖြစ်ပေါ်တဲ့ပြဿနာတွကို ဖြေရှင်းနိုင်ရေး ကမ္ဘာမှာညီညွတ်ကြရမယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။ ကံမကောင်းအကြောင်းမလှစွာ ပထဝီနိုင်ငံရေးအရကွဲပြားမှုနဲ့ မျိုးဆက်တွေအတွင်း ယုံကြည်မှုကင်းမဲ့မှုက အစိုးရိမ်ရဆုံးအဆင့်နဲ့ ကမ္ဘာကြီးရင်ဆိုင်နေရတာနဲ့အတူ ညီညွတ်လာမယ့်ပုံ မရှိဘူးလို့လည်း သူက ပြောပါတယ်။ ဒီအချက်ကြောင့်ပဲ အားလုံး လျော့ပါးယိုယွင်းနေရတာ ဖြစ်တယ်လို့လည်း ထောက်ပြသွားပါတယ်။

ဒီကွဲပြားမှုတွေကိုပေါင်းကူးပေးနိုင်ပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး ပေါင်းစည်းဆောင်ရွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ကြဖို့လည်း နိုင်ငံရေးနဲ့ စီးပွားရေးခေါင်းဆောင်တွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres က ပန်ကြားခဲ့ပါတယ်။ အရေးယူဆောင်ရွက်မှုမလုပ်ဘူးဆိုရင်တော့ နစ်နာဆုံးရှုံးမှုတွေဟာ အရေးယူဆောင်ရွက်မှုကြောင့်ပေးဆပ်ရတာထက် အင်မတန်ကြီးမားလိမ့်မယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။

XS
SM
MD
LG