သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ႏိုင္ငံျခားေရးဝန္ႀကီး အင္ဒိုနဲ႔ မေလးရွား လာေရာက္ဖို႔ရွိ


အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken. (ဒီဇင္ဘာ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္သမၼတ Joe Biden အစိုးရက အေရွ႕ေတာင္အာရွတိုက္နဲ႔ ထိေတြ႔ဆက္ဆံမႈေတြ အရွိန္ျမႇင့္ လုပ္ေဆာင္တဲ့အေနနဲ႔ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ဟာ ေရွ႕သီတင္းပတ္အတြင္း အင္ဒိုနီးရွားနဲ႔ မေလးရွားႏိုင္ငံေတြကို သြားေရာက္ဖို႔ ရွိေနေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။ ေဒသအတြင္း တ႐ုတ္ႏိုင္ငံရဲ႕ ၾသဇာလႊမ္းမိုးမႈကို တန္ျပန္ ထိန္းကြပ္ႏိုင္ေရးအတြက္ အေရွ႕ေတာင္အာရွတိုက္ဟာ အေရးပါတယ္လို႔ သမၼတ Biden အစိုးရက ယူဆထားတာပါ။

ဝန္ႀကီး Blinken ဟာ အင္ဒိုနီးရွားႏိုင္ငံ ၿမိဳ႕ေတာ္ ဂ်ကာတာကို ဒီဇင္ဘာ ၁၃ နဲ႔ ၁၄ ရက္ေန႔ေတြမွာ လာေရာက္မွာျဖစ္ေၾကာင္း အေမရိကန္နဲ႔ ဥေရာပေရးရာဌာနက ၫႊန္ၾကားေရးမွဴး I Gede Ngurah Swajaya ဒီကေန႔ ေျပာၾကားလိုက္တာျဖစ္ၿပီး ဒါဟာ ၂ လအတြင္း ဒီေဒသကို အေမရိကန္ အစိုးရအဖြဲ႔အတြင္းက တတိယေျမာက္ ရာထူးအႀကီးဆုံး ပုဂၢဳိလ္တဦး လာေရာက္ျခင္းလည္း ျဖစ္ပါတယ္။

ဝန္ႀကီး Blinken ဟာ မေလးရွားႏိုင္ငံကိုလည္း ဒီဇင္ဘာ ၁၄ ကေန ၁၅ ရက္ေန႔အထိ ၂ ရက္ၾကာ သြားေရာက္မယ္လို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြက သံတမန္ ၂ ဦးကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ ခရီးစဥ္အတြင္း ဝန္ႀကီး Blinken ဟာ က်န္းမာေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ အေျခခံအေဆာက္အဦးနဲ႔ ဆိုင္တဲ့ ကိစၥရပ္ေတြနဲ႔ ပတ္သက္လို႔ မိန္႔ခြန္းေျပာၾကားဖို႔ ရွိသလို ဒီဇင္ဘာ ၉ ရက္ေန႔မွာလည္း Bali Democracy Forum မွာ အြန္လိုင္းကေန ပါဝင္ေဆြးေႏြးဖို႔ရွိေၾကာင္း Ngurah က ေျပာပါတယ္။

ဒီခရီးစဥ္အတြင္း ေဒသတြင္းက တျခားႏိုင္ငံေတြကို သြားမသြားဆိုတာ မေသခ်ာေသးသလို အေမရိကန္သံ႐ုံး တာဝန္ရွိသူေတြကလည္း ဒီကိစၥနဲ႔ပတ္သက္လို႔ တစုံတရာ ေျပာဆိုဖို႔ ျငင္းဆိုထားေၾကာင္း ႐ိုက္တာသတင္းမွာ ေရးပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနဲ့ မလေးရှား လာရောက်ဖို့ရှိ

အမေရိကန်သမ္မတ Joe Biden အစိုးရက အရှေ့တောင်အာရှတိုက်နဲ့ ထိတွေ့ဆက်ဆံမှုတွေ အရှိန်မြှင့် လုပ်ဆောင်တဲ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ရှေ့သီတင်းပတ်အတွင်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်ဖို့ ရှိနေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဒေသအတွင်း တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန် ထိန်းကွပ်နိုင်ရေးအတွက် အရှေ့တောင်အာရှတိုက်ဟာ အရေးပါတယ်လို့ သမ္မတ Biden အစိုးရက ယူဆထားတာပါ။

ဝန်ကြီး Blinken ဟာ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာကို ဒီဇင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ လာရောက်မှာဖြစ်ကြောင်း အမေရိကန်နဲ့ ဥရောပရေးရာဌာနက ညွှန်ကြားရေးမှူး I Gede Ngurah Swajaya ဒီကနေ့ ပြောကြားလိုက်တာဖြစ်ပြီး ဒါဟာ ၂ လအတွင်း ဒီဒေသကို အမေရိကန် အစိုးရအဖွဲ့အတွင်းက တတိယမြောက် ရာထူးအကြီးဆုံး ပုဂ္ဂိုလ်တဦး လာရောက်ခြင်းလည်း ဖြစ်ပါတယ်။

ဝန်ကြီး Blinken ဟာ မလေးရှားနိုင်ငံကိုလည်း ဒီဇင်ဘာ ၁၄ ကနေ ၁၅ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်မယ်လို့ အရှေ့တောင်အာရှ နိုင်ငံတွေက သံတမန် ၂ ဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီး Blinken ဟာ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အဦးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားဖို့ ရှိသလို ဒီဇင်ဘာ ၉ ရက်နေ့မှာလည်း Bali Democracy Forum မှာ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးဖို့ရှိကြောင်း Ngurah က ပြောပါတယ်။

ဒီခရီးစဉ်အတွင်း ဒေသတွင်းက တခြားနိုင်ငံတွေကို သွားမသွားဆိုတာ မသေချာသေးသလို အမေရိကန်သံရုံး တာဝန်ရှိသူတွေကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုဖို့ ငြင်းဆိုထားကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။

XS
SM
MD
LG