သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေဘးဒဏ္သင့္ရခုိင္လူထု စားနပ္ရိကၡာနဲ႔ ေဆာင္းကာလ အကူအညီေတြလိုေန


ရခိုင္စစ္ေဘးဒုကၡသည္စခန္းတခုျမင္ကြင္း (ဂြ်န္လ ၂၉ ၊ ၂ဝ၂ဝ)

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္မွာ လက္နက္ကုိင္ပဋိပကၡေတြေၾကာင့္ တိမ္းေရွာင္ေနၾကရတဲ့ ဒုကၡသည္ေတြ စားနပ္ရိကၡာျပတ္လပ္မႈနဲ႔ ရင္ဆိုင္ေနၾကရသလို ေဆာင္းဝင္လာခ်ိန္မွာ ေစာင္နဲ႔အေႏြးထည္ ေတြလုိ အကူအညီေတြလည္း လုိအပ္ေနတဲ့အေၾကာင္း ကိုသက္ႏိုင္ သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ေျမာက္ဦး ေျမပံုနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ ရွိတဲ့ စစ္ေဘးဒုကၡသည္ စခန္းေတြမွာ ဒီရက္ပုိင္းအတြင္း ရိကၡာအခက္အခဲနဲ႔ ေဆာင္းတြင္းကာလအတြက္ အေရးေပၚ အကူအညီေတြ လိုအပ္ေနတယ္လို႔ စခန္းတာဝန္ရွိသူေတြက ေျပာပါတယ္။ ေျမပံုၿမိဳ႕နယ္ ကိုင္းႀကီးစစ္ေရွာင္စခန္းမွာ ဆုိရင္လည္း စားနပ္ရိကၡာျပတ္လပ္ေနတာ တစ္လနီးပါးရွိေနၿပီလို႔ စခန္းတာဝန္ခံ ကိုေရႊစိုးက ေျပာပါတယ္။

“ က်ေနာ္တို႔ စခန္းမွာ ရိကၡာျပတ္ေနတာ တစ္လေလာက္ရွိပါၿပီဗ်ာ။ အခုေတာ့ နီးစပ္ရာ ေက်းရြာ ေတြက အကူအညီေတာင္းၿပီးေတာ့ စားေနရတယ္။ အကူအညီေတြလည္းမလာေတာ့ဘူး က်ေနာ္တို႔က အစိုးရဆီက အကူအညီမရတာလည္း တစ္ႏွစ္ေက်ာ္သြားးပါၿပီ။ က်ေနာ္တို႔ ေတာင္းထားတာလည္းရွိတယ္။ သူတို႔က ေပးမယ္ေျပာၿပီးေတာ့ အခုထိမေပးေသးဘူး။ လမ္းေၾကာင္းလည္းအဆင္ေျပတယ္။ သူတို႔မလာခ်င္လို႔ ေနမွာပါ။ ေနာက္တစ္ခုကေတာ့ အေႏြးထည္ေတြ ေစာင္ေတြ လိုတယ္ဗ်ာ။ လိုတာေတြေတာ့ ေတာ္ေတာ္မ်ားတယ္။ အရမ္းေအးေနၿပီအခုက။”

စစ္ေရွာင္ဦးေရ ေသာင္းဂဏန္းေက်ာ္ရွိေနတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္မွာလည္း စားနပ္ရိကၡာ အေထာက္အပံံ့ေတြ ေလ်ာ့နည္းလာေနၿပီး၊ ေဆာင္းတြင္းမွာ ေစာင္ေတြ၊ အေႏြးထည္ေတြ အေရးတႀကီး လုိအပ္ေနတယ္လို႔လည္း ဒုကၡသည္ေတြကုိ အကူအညီေပးေနတဲ့ ေဒသခံတဦးျဖစ္တဲ့ ကိုဘကၠာ ေျပာပါတယ္။

“ က်ေနာ္တို႔ ရေသ့ေတာင္ဖက္မွာ ၿမိဳ႕ေပၚမွာေရာ နယ္ေတြမွာေရာရွိတဲ့ IDPေတြမွာ အဓိက လိုအပ္တာကေတာ့ တစ္ႏွစ္ေက်ာ္ႏွစ္ေလာက္နီးပါးေလာက္ အလုပ္လက္မဲ့ျဖစ္ေနေတာ့ အခု လည္း ေဆာင္းတြင္းဖက္ကို ဝင္လာေတာ့ အဓိကေတာ့ ဒီဖက္မွာ တအားခ်မ္းေတာ့ ကေလး ေတြ သက္ႀကီးရြယ္အိုေတြကေတာ့ သူတို႔မွာ ေငြေၾကးလည္းမရွိဘူး ပုဆိုးတို႔ ေဆာင္တို႔ အေႏြး ထည္တို႔ အမ်ားႀကီးလိုအပ္တယ္ဗ်ာ။”

ဒုကၡသည္ သံုးေထာင္ေက်ာ္ရွိတဲ့ ေျမာက္ဦးၿမိဳ႕နယ္က တိမ္ညိဳစစ္ေရွာင္မွာလည္း အစိုးရက ေထာက္ပံ့ထားတဲ့ ဆန္အိတ္ ၆၀၀ ေလာက္ကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုက သိမ္းဆည္းသြားတာေၾကာင့္ စားနပ္ရိကၡာ ျပတ္လပ္ေနတယ္လို႔လည္း စခန္းတာဝန္ခံ ဦးေဝလွေအာင္က ေျပာပါတယ္။

“ အဲဒီဆန္အိတ္ေတြ မရွိေတာ့လိုပဲ က်ေနာ္တို႔ ဆီမွာက လဝက္တစ္ႀကိမ္ ရိကၡာဝယ္တာေလ အခုလက္ရွိ တပ္က သိမ္းသြားတဲ့ ဆန္အိတ္ေတြက အခုလဒုတိယလအတြက္ထားတာေလ အဲဒီဆန္အိတ္ေတြ မရွိေတာ့တဲ့ အခါက်ေတာ့ အခက္အခဲျဖစ္သြားတာေပါ့ဗ်ာ။ စစ္ေရွာင္က ၃၅၅၃၃ဦးရွိတယ္ ။ တစ္ေန႔ကို ဆန္အိတ္ ၆၀ေလာက္ကုန္တာေပါ့ဗ်ာ။ က်ေနာ္တို႔ဆီက သိမ္းသြားတဲ့ ဆန္အိတ္ေတြနဲ႔ ပတ္သတ္ၿပီး အစိုးရ ဘာေတြလုပ္ေဆာင္ေန တယ္ဆိုတာကိုလည္း က်ေနာ္တို႔မသိရဘူး။ အဓိကေတာ့ ဒါဟာ အစိုးရက ေထာက္ပံ့ထားတဲ့ ဆန္အိတ္ေတြ ျဖစ္တယ္ စစ္ေရွာင္ေတြ စားဖို႔အတြက္ ေထာက္ပံ့ထားတာလည္းျဖစ္တယ္။ ဒါကို အတတ္ႏိုင္ ဆံုး ေျဖရွင္းေပးေစခ်င္တာေပါ့ဗ်ာ။”

ဆန္အိတ္ေတြကို တပ္မေတာ္က သိမ္းဆည္းသြားတယ္ဆုိတဲ့ ေျပာဆုိခ်က္နဲ႔ ပတ္သက္လုိ႔ အေၾကာင္းရင္းကုိ သိႏုိင္ဖုိ႔ တပ္မေတာ္ေျပာခြင့္ရသူကုိ ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။ ရခိုင္ျပည္နယ္ သဘာဝေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႉဦးစီးဌာန ဦးစီးအရာရွိ ဦးရဲမင္းဦးေတာ့ ဒုကၡသည္စခန္းက ဆန္အိတ္ေတြကုိ သိမ္းဆည္းသြားတဲ့အေၾကာင္း သတင္းေတြအရ သိရေၾကာင္းနဲ႔ တာ၀န္ရွိသူေတြ ေျဖရွင္းေပးႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။

“ေျမာက္ဦးက တရားဝင္စာေတာ့ ေရာက္မလာဘူး ဒါေပမယ့္ သတင္းအေနအထားအရ ေျမျပင္ အေနအထားအရ အခင္းျဖစ္စဥ္ကို က်ေနာ္တို႔သိရတယ္။ သိရခ်င္းပဲ က်ေနာ္တို႔က ေျမာက္ဦး ခရိုင္ရံုးက ေရာက္မလာေတာ့ က်ေနာ္တို႔က ဆက္ၿပီးေတာ့ တက္ဖို႔ ခက္ေနတာေပါ့။ အဓိက ျဖစ္စဥ္ျဖစ္ရပ္ကိုေတာ့ သိတယ္။ ဒါေပမယ့္ ျဖစ္စဥ္ျဖစ္ရပ္ကို သိေပမယ့္လည္း အဓိက တာဝန္ရွိတဲ့ အစိုးရပိုင္းကလည္း ဒီကိစၥအေပၚမွာ ေျဖရွင္းေပးႏိုင္လိမ့္မယ္လို႔ က်ေနာ္တို႔လည္း ေမွ်ာ္လင့္ပါတယ္။ တစ္ျခားေတာ့ မရွိပါဘူး ဒီဟာကိုေနာက္ထပ္ သီးျခားေထာက္ပံ့ဖို႔ကေတာ့ ညြန္ၾကားထားတာလည္းမရွိပါဘူး။”

ရခုိင္လက္နက္ကုိင္အဖဲြ႔ AA နဲ႔ တပ္မေတာ္ၾကား ၂ ႏွစ္နီးပါးၾကာ တုိက္ပဲြေတြေၾကာင့္ ရခုိင္ျပည္နယ္မွာ ေနရပ္စြန္႔ခြာ ထြက္ေျပးၾကရတဲ့ စစ္ေဘးဒုကၡသည္ ၂ သိန္းေက်ာ္ရွိေနတယ္လုိ႔လည္း ေဒသခံ အကူအညီေပးေရး အဖဲြ႔ေတြက ခန္႔မွန္းထားပါတယ္။

စစ္ေရးတင္းမာမႈေတြေၾကာင့္ ႏုိ၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့တဲ့ ေရြးေကာက္ပဲြမွာ ရခုိင္ျပည္နယ္က မဲဆႏၵနယ္ ေတာ္ေတာ္မ်ားမ်ားကုိလည္း ဖ်က္ခဲ့ရတာပါ။ ေရြးေကာက္ပဲြ အၿပီးမွာပဲ မက်င္းပျဖစ္တဲ့ ေနရာေတြမွာ ျပန္က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA အဖဲြ႔က ကမ္းလွမ္းခဲ့သလုိ တပ္မေတာ္ကလည္း ႀကိဳဆုိခဲ့တာေၾကာင့္ လတ္တေလာ ရခုိင္ျပည္နယ္မွာ တုိက္ပဲြေတြလည္း ၿငိမ္သက္ေနပါတယ္ခင္ဗ်ာ။

.................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရသလို ဆောင်းဝင်လာချိန်မှာ စောင်နဲ့ အနွေးထည်တွေလို အကူအညီတွေလည်း လိုအပ်နေတဲ့အကြောင်း ကိုသက်နိုင် သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး မြေပုံနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ဒီရက်ပိုင်းအတွင်း ရိက္ခာအခက်အခဲနဲ့ ဆောင်းတွင်းကာလအတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ မြေပုံမြို့နယ် ကိုင်းကြီးစစ်ရှောင်စခန်းမှာ ဆိုရင်လည်း စားနပ်ရိက္ခာပြတ်လပ်နေတာ တစ်လနီးပါးရှိနေပြီလို့ စခန်းတာဝန်ခံ ကိုရွှေစိုးက ပြောပါတယ်။

“ ကျနော်တို့ စခန်းမှာ ရိက္ခာပြတ်နေတာ တစ်လလောက်ရှိပါပြီဗျာ။ အခုတော့ နီးစပ်ရာ ကျေးရွာ တွေက အကူအညီတောင်းပြီးတော့ စားနေရတယ်။ အကူအညီတွေလည်းမလာတော့ဘူး ကျနော်တို့က အစိုးရဆီက အကူအညီမရတာလည်း တစ်နှစ်ကျော်သွားးပါပြီ။ ကျနော်တို့ တောင်းထားတာလည်းရှိတယ်။ သူတို့က ပေးမယ်ပြောပြီးတော့ အခုထိမပေးသေးဘူး။ လမ်းကြောင်းလည်းအဆင်ပြေတယ်။ သူတို့မလာချင်လို့ နေမှာပါ။ နောက်တစ်ခုကတော့ အနွေးထည်တွေ စောင်တွေ လိုတယ်ဗျာ။ လိုတာတွေတော့ တော်တော်များတယ်။ အရမ်းအေးနေပြီအခုက။”

စစ်ရှောင်ဦးရေ သောင်းဂဏန်းကျော်ရှိနေတဲ့ ရသေ့တောင်မြို့နယ်မှာလည်း စားနပ်ရိက္ခာ အထောက်အပံံ့တွေ လျော့နည်းလာနေပြီး၊ ဆောင်းတွင်းမှာ စောင်တွေ၊ အနွေးထည်တွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေသခံတဦးဖြစ်တဲ့ ကိုဘက္ကာ ပြောပါတယ်။

“ ကျနော်တို့ ရသေ့တောင်ဖက်မှာ မြို့ပေါ်မှာရော နယ်တွေမှာရောရှိတဲ့ IDPတွေမှာ အဓိက လိုအပ်တာကတော့ တစ်နှစ်ကျော်နှစ်လောက်နီးပါးလောက် အလုပ်လက်မဲ့ဖြစ်နေတော့ အခု လည်း ဆောင်းတွင်းဖက်ကို ဝင်လာတော့ အဓိကတော့ ဒီဖက်မှာ တအားချမ်းတော့ ကလေး တွေ သက်ကြီးရွယ်အိုတွေကတော့ သူတို့မှာ ငွေကြေးလည်းမရှိဘူး ပုဆိုးတို့ ဆောင်တို့ အနွေး ထည်တို့ အများကြီးလိုအပ်တယ်ဗျာ။”

ဒုက္ခသည် သုံးထောင်ကျော်ရှိတဲ့ မြောက်ဦးမြို့နယ်က တိမ်ညိုစစ်ရှောင်မှာလည်း အစိုးရက ထောက်ပံ့ထားတဲ့ ဆန်အိတ် ၆၀၀ လောက်ကို တပ်မတော်စစ်ကြောင်းတစ်ခုက သိမ်းဆည်းသွားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့လည်း စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။

“ အဲဒီဆန်အိတ်တွေ မရှိတော့လိုပဲ ကျနော်တို့ ဆီမှာက လဝက်တစ်ကြိမ် ရိက္ခာဝယ်တာလေ အခုလက်ရှိ တပ်က သိမ်းသွားတဲ့ ဆန်အိတ်တွေက အခုလဒုတိယလအတွက်ထားတာလေ အဲဒီဆန်အိတ်တွေ မရှိတော့တဲ့ အခါကျတော့ အခက်အခဲဖြစ်သွားတာပေါ့ဗျာ။ စစ်ရှောင်က ၃၅၅၃၃ဦးရှိတယ် ။ တစ်နေ့ကို ဆန်အိတ် ၆၀လောက်ကုန်တာပေါ့ဗျာ။ ကျနော်တို့ဆီက သိမ်းသွားတဲ့ ဆန်အိတ်တွေနဲ့ ပတ်သတ်ပြီး အစိုးရ ဘာတွေလုပ်ဆောင်နေ တယ်ဆိုတာကိုလည်း ကျနော်တို့မသိရဘူး။ အဓိကတော့ ဒါဟာ အစိုးရက ထောက်ပံ့ထားတဲ့ ဆန်အိတ်တွေ ဖြစ်တယ် စစ်ရှောင်တွေ စားဖို့အတွက် ထောက်ပံ့ထားတာလည်းဖြစ်တယ်။ ဒါကို အတတ်နိုင် ဆုံး ဖြေရှင်းပေးစေချင်တာပေါ့ဗျာ။”

ဆန်အိတ်တွေကို တပ်မတော်က သိမ်းဆည်းသွားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ အကြောင်းရင်းကို သိနိုင်ဖို့ တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှူဦးစီးဌာန ဦးစီးအရာရှိ ဦးရဲမင်းဦးတော့ ဒုက္ခသည်စခန်းက ဆန်အိတ်တွေကို သိမ်းဆည်းသွားတဲ့အကြောင်း သတင်းတွေအရ သိရကြောင်းနဲ့ တာဝန်ရှိသူတွေ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“မြောက်ဦးက တရားဝင်စာတော့ ရောက်မလာဘူး ဒါပေမယ့် သတင်းအနေအထားအရ မြေပြင် အနေအထားအရ အခင်းဖြစ်စဉ်ကို ကျနော်တို့သိရတယ်။ သိရချင်းပဲ ကျနော်တို့က မြောက်ဦး ခရိုင်ရုံးက ရောက်မလာတော့ ကျနော်တို့က ဆက်ပြီးတော့ တက်ဖို့ ခက်နေတာပေါ့။ အဓိက ဖြစ်စဉ်ဖြစ်ရပ်ကိုတော့ သိတယ်။ ဒါပေမယ့် ဖြစ်စဉ်ဖြစ်ရပ်ကို သိပေမယ့်လည်း အဓိက တာဝန်ရှိတဲ့ အစိုးရပိုင်းကလည်း ဒီကိစ္စအပေါ်မှာ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ကျနော်တို့လည်း မျှော်လင့်ပါတယ်။ တစ်ခြားတော့ မရှိပါဘူး ဒီဟာကိုနောက်ထပ် သီးခြားထောက်ပံ့ဖို့ကတော့ ညွန်ကြားထားတာလည်းမရှိပါဘူး။”

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား ၂ နှစ်နီးပါးကြာ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည် ၂ သိန်းကျော်ရှိနေတယ်လို့လည်း ဒေသခံ အကူအညီပေးရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

စစ်ရေးတင်းမာမှုတွေကြောင့် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မဲဆန္ဒနယ် တော်တော်များများကိုလည်း ဖျက်ခဲ့ရတာပါ။ ရွေးကောက်ပွဲ အပြီးမှာပဲ မကျင်းပဖြစ်တဲ့ နေရာတွေမှာ ပြန်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA အဖွဲ့က ကမ်းလှမ်းခဲ့သလို တပ်မတော်ကလည်း ကြိုဆိုခဲ့တာကြောင့် လတ်တလော ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေလည်း ငြိမ်သက်နေပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG