သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ လောင်းကစားမှုနဲ့ မြဝတီမှာ ဖမ်းဆီးခံရ


လောင်းကစားမှုနဲ့ ဖမ်းမိတဲ့မြန်မာနဲ့တရုတ်နိုင်ငံသားများ။ (ဓာတ်ပုံ - Ko Thetoo Naing (မြဝတီ) - ဇူလိုင် ၁၅၊ ၂၀၂၀)
လောင်းကစားမှုနဲ့ ဖမ်းမိတဲ့မြန်မာနဲ့တရုတ်နိုင်ငံသားများ။ (ဓာတ်ပုံ - Ko Thetoo Naing (မြဝတီ) - ဇူလိုင် ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ကရင်ပြည်နယ် မြဝတီမြို့မှာ တရုတ်နဲ့ မြန်မာနိုင်ငံသား ၁၈ ယောက်ကို ဥပဒေမဲ့ လောင်းကစားမှုနဲ့ ဒီကနေ့ပဲ ဖမ်းဆီးလိုက်တဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

COVID 19 အရေးပေါ်ကာလ ကန့်သတ်ချက်တွေ ထုတ်ပြန်ထားဆဲဖြစ်တဲ့ မြဝတီမြို့မှာ ဥပဒေမဲ့ လောင်းကစားနေသူတွေအဖြစ် တရုတ်နိုင်ငံသား ၄ ဦး မြန်မာနိုင်ငံသား ၁၄ ဦးကို ဖမ်းဆီးအရေးယူခဲ့တာ ဖြစ်ပါတယ်။ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်က လောင်းကစား ဂိမ်းဆိုင်တစ်ဆိုင်ကို သတင်းအရ စစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့ အပါအဝင် ဒေသခံလုံခြုံရေး အာဏာပိုင်တွေ ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးမိသူတွေကိုတော့ ရာဇသတ်ကြီးပုဒ်မနဲ့ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားကြောင်း ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောပါတယ်။

"ဖမ်းဆီးအရေးယူခံရတဲ့အထဲမှာ နိုင်ငံခြားသား တရုတ်နိုင်ငံသားလည်း ပါတယ်။ မြန်မာနိုင်ငံသားတွေလည်း ပါတယ်။ ရာဇသတ်ကြီးနဲ့ ဖွင့်ထားတယ်။ ရီပို့မှာတော့ ကာစီနိုကစားဝိုင်းပြောလို့ရတာပေါ့။ ပနံပါတ်ဆိုတာကတော့ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ရဲစခန်းကပဲ အမှုစွဲထားပြီး ပ နံပါတ်တပ်ထားတယ် ၄၄၂/၂၀၂၀ အဲဒါမျိုးတပ်ထားတာပါ။"

လောင်းကစားရာမှာ အသုံးပြုတဲ့ ဂိမ်းစက်တွေနဲ့အတူ ဖမ်းဆီးခဲ့တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကိုတော့ လောင်းကစားဥပဒေ ၁၇ (က) ၁၈ (က)တို့နဲ့လည်း အရေးယူထားတယ်လ့ို ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ မြဝတီမြို့မှာ တရားဝင် လောင်းကစားတာတွေ ခွင့်ပြုမထားပေမဲ့ မြဝတီခရိုင်ထဲက ရွှေကုက္ကိုမှာတော့ ကာစီနိုလောင်းကစားရုံတွေ ဖွင့်လှစ်ထားပါတယ်။ ဒါပေမဲ့လည်း COVID-19 ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန် ထိုင်းနဲ့ မြန်မာ နှစ် နိုင်ငံမှာ လောင်းကစား သမားတွေ ဥပဒေမဲ့ လောင်းကစားလုပ်လာကြတာပါ။

ပြီးခဲ့တဲ့ လထဲမှာပဲ မြဝတီမြို့နဲ့ နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့က ဟိုတယ်တခုမှာ တရားမဝင် လောင်းကစား လုပ်နေကြတဲ့ တရုတ်၊ မြန်မာ၊ ထိုင်းနိုင်ငံသား ၂၂၀ ကျော်ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG