သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းဇနီးမောင်နှံထံက ဘတ်ငွေသန်း ၃၀၀ ကျော်တန်ဖိုး စိတ်ကြွဆေးပြားတွေ ထိုင်းရဲဖမ်းမိ


ရှမ်းဇနီးမောင်နှံထံက ဘတ်ငွေသန်း ၃၀၀ ကျော်တန်ဖိုး စိတ်ကြွဆေးပြားတွေ ထိုင်းရဲဖမ်းမိ
ရှမ်းဇနီးမောင်နှံထံက ဘတ်ငွေသန်း ၃၀၀ ကျော်တန်ဖိုး စိတ်ကြွဆေးပြားတွေ ထိုင်းရဲဖမ်းမိ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ ရှမ်းတိုင်းရင်းသား လင်မယားနှစ်ဦးထံကနေ ကာလတန်ဖိုးဘတ်ငွေ သန်း၃၀၀ ကျော် တန်ဖိုးရှိတဲ့စိတ်ကြွဆေး တစ်သန်းကို သြဂုတ်လ ၂၀ရက်နေ့က ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းခဲ့ပါတယ်။ မအေးအေးမာက တင်ပြပေးပါမယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်မြို့ ချန်းဖုဝါလို့ခေါ်တဲ့ ဆင်ကားဂိတ်နားက စားသောက် ဆိုင်ဖွင့်ထားတဲ့ ရှမ်းတိုင်းရင်းသား ဇနီးမောင်နှံနှစ်ဦးထံကနေ ၉၉၉ တဆိပ်စိတ်ကြွဆေးတစ်သန်း နဲ့ အိုက်စ်လို့ ခေါ်တဲ့ မူးယစ်ဆေး ၁၀ကီလို ဖမ်းဆီးလိုက်တဲ့အကြောင်း အမှတ်(၅) ဒေသ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

ဆိုင်ပိုင်ရှင်အမျိုးသမီးနမ် ကာဝီ ကမွန်းပက် နဲ့ သူရဲ့ခင်ပွန်းဖြစ်သူဆူပချိုင်း ကမွန်ပက် တို့ ဟာ ရှမ်းတိုင်းရင်းသား တွေဖြစ်ပြီး သူတို့ ဟာ ထိုင်းနိုင်ငံသားအထောက်အထားတွေ ရရှိထားသူတွေဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ချင်းမိုင်မြို့ ချန်းဖုဝါ့လို့ခေါ်တဲ့ ဆင်ကားဂိတ်မှာ စားသောက် ဆိုင်ဖွင့်ထားပြီး စိတ်ကြွဆေးပြားတွေ ထည့်ထားတဲ့ ဆာလာအိပ်တွေကို သူတို့ရဲ့ ဆိုင်နဘေးက ရေခဲပုံးတွေအတွင်းမှာ ဖွက်ထားတာဖြစ်ပါတယ်။ သူတို့ထံကနေ လက်လွဲပြောင်းယူသူတွေမရောက်ခင်မှာပဲရဲတပ်ဖွဲ့က သူတိုဆိုင်ကို ဝင်ရောက်ရှာဖွေဖမ်းဆီး နိုင်ခဲ့တာလို့ သတင်းစာရှင်းလင်းပွဲအတွင်း မှာပြောဆိုသွားပါတယ်။

သူတို့ကို စစ်ဆေးချက်အရ မြန်မာနိုင်ငံ အတွင်းက ဝတောင်ပိုင်းထုတ် စိတ်ကြွဆေးတွေကို ရှမ်းတိုင်းရင်းသား နိုင်ဂျော်ကာ ဆိုသူက သူတိုဆိုင်ကိုပို့ပေးခဲ့တာဖြစ်ပြီး ခုလိုစိတ်ကြွဆေးတွေကို လက်ခံ ၊ထိန်းသိမ်းခ အဖြစ် ဘတ်ငွေ တစ်သိန်းရတယ်လို့ဆိုပါတယ်။ ယခုအကြိမ်နဲ့ဆို နှစ်ကြိမ်ရှိပြီလို့ ဖမ်းမိသူအမျိုးသမီး ဖြစ်သူ က
ဝန်ခံသွားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ အမှတ်(၅) ဒေသ ရဲမှူး ဆူရပို ကထုတ်ဖေါ်ပြောဆိုသွားပါတယ်။

သြဂုတ်လ ၂၀ရက်နေ့ တနေ့တည်းမှာပဲ ဘန်ကောက်မြို့ ရဲချုပ်ရုံးမှာ ပြုလုပ်သွားခဲ့တဲ့
သတင်းစာရှင်းလင်းပွဲ မှာတော့ ဒုရဲချုပ်ချလန်ကီယက်စီဝါရာခံက အခုရက်ပိုင်းအတွင်း ထိုင်းမြောက်ပိုင်းက ဝင်လာတဲ့ကာလတန်ဖိုး ဘတ်သန်း ၅၀၀လောက်တန်ဖိုးရှိတဲ့ စိတ်ကြွဆေး တစ်သန်းငါးသိန်း ဖမ်းဆီးနိုင်တဲ့အပြင် မူးယစ်တရားခံတွေ နဲ့တရားမဝင် မူးယစ်ဆေးရောင်းရငွေတွေကို လက်ခံပြီး ငွေဖြူအဖြစ် လုပ်ပေးနေတဲ့ သူတွေကိုပါ ဖမ်းဆီးနိုင်ခဲ့တဲ့အကြောင်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG