(Zawgyi / Unicode)
ၿပီးခဲ့တဲ့ ရက္ပိုင္းက ေကာ့ေသာင္းပင္လယ္ျပင္မွာ ဖမ္းမိတဲ့ မြတ္ဆလင္ေတြကို စစ္ေတြနဲ႔ ေမာင္ေတာ ၿမိဳ႕နယ္သို႔ အသီးသီးလြဲေျပာင္းေပးခဲ့ပါတယ္။ အဲဒီထဲက ၁၇ေယာက္ကို စစ္ေတြၿမိဳ႕ေပၚကို ပို႔ေဆာင္ၿပီး အာဏာပိုင္ေတြက စိစစ္ၿပီး မိသားစုဝင္ေတြဆီကို ပို႔ေဆာင္ထားပါတယ္။ က်န္တဲ့ သူေတြကိုေတာ့ ေမာင္ေတာ ငါးခူရ ဒုကၡသည္ စခန္းကို ပို႔ေဆာင္ထားၿပီး အဲဒီထဲမွာ ဘဂၤလားေဒ့ရွ္ က လူေတြ ပါဝင္တာေၾကာင့္ စိစစ္ေရး လုပ္ငန္းေတြ လုပ္ေဆာင္ေနတယ္လို႔ ေမာင္ေတာခရိုင္ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ ဒီသတင္းအျပည့္အစံုကိုေတာ့ ဗီြအိုေအ သတင္းေထာက္ ကိုသက္ႏိုင္က တင္ျပထားပါတယ္။
ေကာ့ေသာင္းပင္လယ္ျပင္မွာ ဖမ္းမိခဲ့တဲ့ ေလွစီးေျပး ရိုဟင္ဂ်ာ ၁၇၂ ေယာက္ထဲက ၁၇ ေယာက္ကို စစ္ေတြၿမိဳ႕သဲေခ်ာင္း ေက်းရြာကို ပို႔ေဆာင္ခဲ့ၿပီး က်န္တဲ့ ရိုဟင္ဂ်ာေတြကိုေတာ့ ေမာင္ေတာ ငါးခူရ ျပန္လည္လက္ခံေရး စခန္းမွာ ျမန္မာ အာဏာပိုင္ေတြက စိစစ္ေဆာင္ရြက္ေနတယ္လို႔ ေမာင္ေတာခရိုင္ အုပ္ခ်ဳပ္ေရးမွဴးက ဦးစိုးေအာင္က ေျပာပါတယ္။
“က်ေနာ္တို႔ ေမာင္ေတာ္ခရိုင္မွာ ေနထိုင္မႈ ရွိမရွိ။ ေမာင္ေတာၿမိဳ႕ဆို ေမာင္ေတာေပါ့ဗ်ာ။ ဘူးသီးေတာင္ဆိုလည္း ဘူးသီးေတာင္ေပါ့ဗ်ာ အဲဒီမွာ ေနထိုင္ျခင္းရွိမရွိ အဲတာေတြကို စိစစ္ရတာေပါ့။ ျဖစ္စဥ္ေတြထဲမွာ ပါဝင္ျခင္းရွိ၊ မရွိ စိစစ္တယ္။ အရင္ ရဲတပ္ဖြဲ႔မွာ အမႈဖြင့္ထားတာ ရွိ၊ မရွိစိစစ္တယ္။ အမႈဖြင့္ ခံထားရတာေတြ ရွိရင္ေတာ့ အမႈကို ရင္ဆိုင္ၿပီးမွာ ျပန္ရွင္းရမွာေပါ့ေနာ္။”
အဲဒီငါးခူရ ျပန္လည္လက္ခံေရးစခန္းမွာ စိစစ္ေနသူေတြထဲမွာ ဘဂၤလားေဒ့ရွ္ ဘက္က လူေတြ ပါဝင္တာေၾကာင့္ ေသေသခ်ာခ်ာ စိစစ္ေနရၿပီး အခုအခ်ိန္ထိ ဘယ္ႏွစ္ေယာက္ပါတယ္ဆိုတာကို မသိရေသးဘူးလို႔ သူက ဆက္ေျပာပါတယ္။
“ပါတယ္လို႔ေတာ့ ၾကားတယ္ အတိအက်ေတာ့မသိရေသးဘူး ဒီမွာေနတာ မဟုတ္ဘူး ဘဂၤလားေဒရွ္႕က ဆိုရင္ ေတာ့ ဘဂၤလားေဒရွ္႕အစုိးရနဲ႔ က်ေနာ္တို႔က ဒီဘက္ကို ဝင္လာတဲ့ သူေတြရွိရင္လည္း က်ေနာ္တို႔က စိစစ္ၿပီး ေတာ့ လဝကနဲ႔ ေပါင္းၿပီး အေရးယူၿပီးသြားရင္ ႏွစ္ႏိုင္ငံ ျပန္လြဲေျပာင္းေပးတာပဲ။ အဲတာက ဒီဘက္နယ္စပ္မွာ လုပ္ ေနၾကပဲ။လက္ရွိအခ်ိန္မွာေတာ့ သူတို႔အားကို ငါးခူရ စခန္းမွာပဲ ရွိေသးတယ္ဗ်ာ။ ဘဂၤလားေဒရွ္႕ ပါ ၊ မပါဆိုတာ ကိုေတာ့ အတိအက် မသိရေသးဘူး က်ေနာ္တို႔ စိစစ္ေနတုန္းပဲရွိေသးတယ္ဗ်ာ။”
စစ္ေတြၿမိဳ႕နယ္ သဲေခ်ာင္း ေက်းရြာကိုေတာ့ ၁၇ ဦး ပို႔ေဆာင္ေပးခဲ့တာ ျဖစ္ၿပီး သူတို႔ကိုေတာ့ တာဝန္ရွိသူေတြက စိစစ္ၿပီး NVC ကဒ္ေတြလုပ္ေပးခဲ့သလို သူတုိ႔ရဲ ႔ မိသားစုဝင္ေတြဆီသို႔ လႊဲ ေျပာင္း ေပးလိုက္ၿပီလို႔ သဲေခ်ာင္း အုပ္ခ်ဳပ္ေရးမွဴး ဦးစံျမတ္ေက်ာ္က ေျပာပါတယ္။
“အဲဒီ ၁၇ ဦးထဲမွာ မိန္းကေလးက ၁၀ေယာက္ ၊ ေယာက်ာ္းေလးက ၇ ေယာက္ ဓားပိုင္ ရြာသစ္က ၁၃ေယာက္ အဲဒီလူေတြ အားလံုးကို သူတို႔ရဲ႕ အုပ္ထိန္းသူေတြ ဆီကိုျပန္အပ္လိုက္ပါၿပီ။ သူတို႔ကို NVC လည္း လုပ္ေပးလိုက္တယ္။ ၿမိဳ႕နယ္ လဝက အဖြဲ႕႔ကေလ သူတို႔မွာ အရင္က ဘာအေထာက္အထားမွမရွိဘူး။ NVC ကဒ္လည္းမရွိဘူးေလ။ အဲေၾကာင့္ အဲဒီ NVC ကဒ္ ကိုင္ခိုင္းတာေပါ့။”
ရခိုင္ျပည္နယ္မွာ ေနထိုင္ၾကတဲ့ ရိုဟင္ဂ်ာေတြကို ထုတ္ေပးတဲ့ NVC ကဒ္ဟာ သူတို႔အမွန္တကယ္ ရခိုင္ျပည္မွာ ေနထိုင္တယ္ ဆိုတဲ့ အသိအမွတ္ျပဳ ကဒ္ ျဖစ္တယ္လို႔လည္း သဲေခ်ာင္းအုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။
“ကဒ္ကိုင္ထားတဲ့ သူေတြက ဒီမွာေနထိုင္တဲ့ သူျဖစ္တယ္ဆိုၿပီးေတာ့ အသိအမွတ္ျပဳတာေပါ့။ ေနာက္ၿပီးေတာ့ ႏိုင္ငံသား စိစစ္ေရးကဒ္ေတြဘာေတြ ေလ်ာက္မယ္ဆိုရင္လည္း NVC ကဒ္ ကိုင္မွ ေလ်ာက္လို႔ရတာေပါ့။ မိဘအားလံုး ဒီမွာေနတယ္ အဘိုးအဘြား အားလံုးဒီမွာေနတယ္ဆိုရင္ေတာ့ ႏိုင္သားကဒ္ ေလ်ာက္ေနၾကတာပဲ။”
ရခိုင္ျပည္နယ္ မွာ ရွိေနတဲ့ ရိုဟင္ဂ်ာေတြဟာ ကန္႔သတ္နယ္ေျမတစ္ခုတည္းနဲ႔ ကန္႔ေတြမွာ ေနထိုင္ရတာေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္းရွားပါးၿပီး စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတာပါ။ ဒါ့ေၾကာင့္ မၾကာခဏဆိုလို ျပည္ပ ႏိုင္ငံေတြကို ထြက္ေျပးေနၾကရတာျဖစ္တယ္လို႔ ရိုဟင္ဂ်ာအသိုင္းအဝိုင္းက ေျပာဆိုၾကပါတယ္။
ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ARSA အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္စဥ္ေနာက္ပိုင္းတပ္မေတာ္ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ခဲ့တာေၾကာင့္ ရိုဟင္ဂ်ာ ၇သိန္းေက်ာ္ေလာက္ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပး သြားရတယ္လို႔ ကုလသမဂၢက ေျပာဆိုထားပါတယ္။
ျမန္မာအစိုးရ က ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံ ေပမယ့္ ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကို ျပန္လည္လက္ခံဖို႔အတြက္ ဘဂၤလားေဒ့ရွ္နဲ႔ သေဘာတူညီထားသလို ျပန္လည္လက္ခံေရး စခန္းေတြလည္း ဖြင့္လွစ္ေပး ထားတာ ျဖစ္ပါတယ္။
.......................
ပင်လယ်ပြင်မှာဖမ်းမိတဲ့ လှေစီးပြေးအချို့ဆိုင်ရာကျေးရွာကို လွဲှပြောင်း
(Unicode)
ပြီးခဲ့တဲ့ ရက်ပိုင်းက ကော့သောင်းပင်လယ်ပြင်မှာ ဖမ်းမိတဲ့ မွတ်ဆလင်တွေကို စစ်တွေနဲ့ မောင်တော မြို့နယ်သို့ အသီးသီးလွဲပြောင်းပေးခဲ့ပါတယ်။ အဲဒီထဲက ၁၇ယောက်ကို စစ်တွေမြို့ပေါ်ကို ပို့ဆောင်ပြီး အာဏာပိုင်တွေက စိစစ်ပြီး မိသားစုဝင်တွေဆီကို ပို့ဆောင်ထားပါတယ်။ ကျန်တဲ့ သူတွေကိုတော့ မောင်တော ငါးခူရ ဒုက္ခသည် စခန်းကို ပို့ဆောင်ထားပြီး အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ် က လူတွေ ပါဝင်တာကြောင့် စိစစ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က တင်ပြထားပါတယ်။
ကော့သောင်းပင်လယ်ပြင်မှာ ဖမ်းမိခဲ့တဲ့ လှေစီးပြေး ရိုဟင်ဂျာ ၁၇၂ ယောက်ထဲက ၁၇ ယောက်ကို စစ်တွေမြို့သဲချောင်း ကျေးရွာကို ပို့ဆောင်ခဲ့ပြီး ကျန်တဲ့ ရိုဟင်ဂျာတွေကိုတော့ မောင်တော ငါးခူရ ပြန်လည်လက်ခံရေး စခန်းမှာ မြန်မာ အာဏာပိုင်တွေက စိစစ်ဆောင်ရွက်နေတယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ဦးစိုးအောင်က ပြောပါတယ်။
“ကျနော်တို့ မောင်တော်ခရိုင်မှာ နေထိုင်မှု ရှိမရှိ။ မောင်တောမြို့ဆို မောင်တောပေါ့ဗျာ။ ဘူးသီးတောင်ဆိုလည်း ဘူးသီးတောင်ပေါ့ဗျာ အဲဒီမှာ နေထိုင်ခြင်းရှိမရှိ အဲတာတွေကို စိစစ်ရတာပေါ့။ ဖြစ်စဉ်တွေထဲမှာ ပါဝင်ခြင်းရှိ၊ မရှိ စိစစ်တယ်။ အရင် ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထားတာ ရှိ၊ မရှိစိစစ်တယ်။ အမှုဖွင့် ခံထားရတာတွေ ရှိရင်တော့ အမှုကို ရင်ဆိုင်ပြီးမှာ ပြန်ရှင်းရမှာပေါ့နော်။”
အဲဒီငါးခူရ ပြန်လည်လက်ခံရေးစခန်းမှာ စိစစ်နေသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ် ဘက်က လူတွေ ပါဝင်တာကြောင့် သေသေချာချာ စိစစ်နေရပြီး အခုအချိန်ထိ ဘယ်နှစ်ယောက်ပါတယ်ဆိုတာကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
“ပါတယ်လို့တော့ ကြားတယ် အတိအကျတော့မသိရသေးဘူး ဒီမှာနေတာ မဟုတ်ဘူး ဘင်္ဂလားဒေရှ့်က ဆိုရင် တော့ ဘင်္ဂလားဒေရှ့်အစိုးရနဲ့ ကျနော်တို့က ဒီဘက်ကို ဝင်လာတဲ့ သူတွေရှိရင်လည်း ကျနော်တို့က စိစစ်ပြီး တော့ လဝကနဲ့ ပေါင်းပြီး အရေးယူပြီးသွားရင် နှစ်နိုင်ငံ ပြန်လွဲပြောင်းပေးတာပဲ။ အဲတာက ဒီဘက်နယ်စပ်မှာ လုပ် နေကြပဲ။လက်ရှိအချိန်မှာတော့ သူတို့အားကို ငါးခူရ စခန်းမှာပဲ ရှိသေးတယ်ဗျာ။ ဘင်္ဂလားဒေရှ့် ပါ ၊ မပါဆိုတာ ကိုတော့ အတိအကျ မသိရသေးဘူး ကျနော်တို့ စိစစ်နေတုန်းပဲရှိသေးတယ်ဗျာ။”
စစ်တွေမြို့နယ် သဲချောင်း ကျေးရွာကိုတော့ ၁၇ ဦး ပို့ဆောင်ပေးခဲ့တာ ဖြစ်ပြီး သူတို့ကိုတော့ တာဝန်ရှိသူတွေက စိစစ်ပြီး NVC ကဒ်တွေလုပ်ပေးခဲ့သလို သူတို့ရဲ့ မိသားစုဝင်တွေဆီသို့ လွှဲ ပြောင်း ပေးလိုက်ပြီလို့ သဲချောင်း အုပ်ချုပ်ရေးမှူး ဦးစံမြတ်ကျော်က ပြောပါတယ်။
“အဲဒီ ၁၇ ဦးထဲမှာ မိန်းကလေးက ၁၀ယောက် ၊ ယောကျာ်းလေးက ၇ ယောက် ဓားပိုင် ရွာသစ်က ၁၃ယောက် အဲဒီလူတွေ အားလုံးကို သူတို့ရဲ့ အုပ်ထိန်းသူတွေ ဆီကိုပြန်အပ်လိုက်ပါပြီ။ သူတို့ကို NVC လည်း လုပ်ပေးလိုက်တယ်။ မြို့နယ် လဝက အဖွဲ့ကလေ သူတို့မှာ အရင်က ဘာအထောက်အထားမှမရှိဘူး။ NVC ကဒ်လည်းမရှိဘူးလေ။ အဲကြောင့် အဲဒီ NVC ကဒ် ကိုင်ခိုင်းတာပေါ့။”
ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို ထုတ်ပေးတဲ့ NVC ကဒ်ဟာ သူတို့အမှန်တကယ် ရခိုင်ပြည်မှာ နေထိုင်တယ် ဆိုတဲ့ အသိအမှတ်ပြု ကဒ် ဖြစ်တယ်လို့လည်း သဲချောင်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
“ကဒ်ကိုင်ထားတဲ့ သူတွေက ဒီမှာနေထိုင်တဲ့ သူဖြစ်တယ်ဆိုပြီးတော့ အသိအမှတ်ပြုတာပေါ့။ နောက်ပြီးတော့ နိုင်ငံသား စိစစ်ရေးကဒ်တွေဘာတွေ လျောက်မယ်ဆိုရင်လည်း NVC ကဒ် ကိုင်မှ လျောက်လို့ရတာပေါ့။ မိဘအားလုံး ဒီမှာနေတယ် အဘိုးအဘွား အားလုံးဒီမှာနေတယ်ဆိုရင်တော့ နိုင်သားကဒ် လျောက်နေကြတာပဲ။”
ရခိုင်ပြည်နယ် မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ကန့်သတ်နယ်မြေတစ်ခုတည်းနဲ့ ကန့်တွေမှာ နေထိုင်ရတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါ့ကြောင့် မကြာခဏဆိုလို ပြည်ပ နိုင်ငံတွေကို ထွက်ပြေးနေကြရတာဖြစ်တယ်လို့ ရိုဟင်ဂျာအသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ARSA အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နောက်ပိုင်းတပ်မတော် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တာကြောင့် ရိုဟင်ဂျာ ၇သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး သွားရတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
မြန်မာအစိုးရ က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူညီထားသလို ပြန်လည်လက်ခံရေး စခန်းတွေလည်း ဖွင့်လှစ်ပေး ထားတာ ဖြစ်ပါတယ်။