သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံဥကၠ႒သစ္အင္ဒိုနီးရွား ဦးေဆာင္ေျဖရွင္းဖို႔ HRW တိုက္တြန္း 


၂၀၂၁၊ မတ္လ ၂၉ ရက္၊ ေဖေဖၚဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ ကရင္ေက်းရြာတခု ေလေၾကာင္းတုိက္ခုိက္ခံရၿပီး ေဘးလြတ္ရာထြက္ေျပးတိမ္းေရွာင္ေနၾကရသူမ်ား။ (Free Burma Rangers)

[[Zawgyi/Unicode]]

အာဆီယံအလွည့္က်ဥကၠ႒ အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ ျမန္မာ့ႏိုင္ငံေရးအၾကပ္အတည္းေတြ ေျဖရွင္းႏိုင္ေရးကိုတိုးျမႇင့္ေဆာင္႐ြက္ဖို႔ HRW လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕က တိုက္တြန္းလိုက္ပါတယ္။ ျမန္မာႏိုင္ငံတြင္း တိုက္ပြဲေတြဟာဆိုရင္ ႐ိုဟင္ဂ်ာေတြအတြက္ေရာ ဘဂၤလားေဒ့ရွ္ ျပည္သူေတြအတြက္ပါ ထိခိုက္သက္ေရာက္မႈရွိေနတာကိုလည္း သတိေပးလိုက္ပါတယ္။ Reuters သတင္းေဆာင္းပါးကို မသိဂႌထိုက္က တင္ျပေပးထားပါတယ္။

၂၀၂၃ ခုႏွစ္အတြင္း အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း အာဆီယံရဲ႕အလွည့္က်ဥကၠ႒ျဖစ္တဲ့ အင္ဒိုနီးရွားအေနနဲ႔ ျမန္မာျပႆနာကိုေျဖရွင္းေရး ပိုၿပီးအေရးယူေဆာင္႐ြက္ဖို႔ အခြင့္အေရးလႈပ္ရွားမႈအဖြဲ႕ တခုက ဇန္နဝါရီလ ၁၂ ရက္ ၾကာသပေတးေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

အင္ဒိုနီးရွားအတြက္ ျမန္မာ့အေရးတိုးျမႇင့္ေဆာင္႐ြက္ႏိုင္မယ့္ အခြင့္အလမ္းတရပ္လည္း ျဖစ္တယ္လို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႕ HRW ရဲ႕အာရွဆိုင္ရာၫႊန္ၾကားေရးမႉး Elaine Pearson က ၾကာသပေတးေန႔မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္းမွာ ေျပာသြားတာျဖစ္ပါတယ္။

“အင္ဒိုနီးရွားအေနနဲ႔ ေရွ႕တိုးေဆာင္႐ြက္ႏိုင္မယ့္ အခြင့္အလမ္းတရပ္လည္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က G20 ဥကၠ႒အျဖစ္ ေအာင္ေအာင္ျမင္ျမင္ ေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ကမာၻ႔ေရးရာေတြမွာ အင္ဒိုနီးရွားက ပိုၿပီးအေရးပါတဲ့အခန္းက႑ကေန ေဆာင္႐ြက္ေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ဒီႏွစ္မွာေတာ့ အင္ဒိုနီးရွားအေနနဲ႔ အာဆီယံဥကၠ႒အျဖစ္နဲ႔ ျမန္မာႏိုင္ငံတြင္း ျပသနာေတြေျဖရွင္းႏိုင္ေရး ေဆာင္႐ြက္ဖို႔ တိုက္တြန္းပါတယ္။”

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္တပ္ AA တို႔ၾကား ရခိုင္ျပည္နယ္တြင္း တိုက္ပြဲေတြျပင္းထန္လာတာကိုလည္း စိုးရိမ္ေၾကာင္း လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕ HRW က သူ႔ရဲ႕ ႏွစ္ပတ္လည္အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။ ဒီတိုက္ပြဲေတြဟာ နယ္စပ္တေလွ်ာက္ ပ်ံ႕ႏွံ႔ၿပီး ႐ိုဟင္ဂ်ာဒုကၡသည္ေတြနဲ႔ ဘဂၤလားေဒ့ရွ္အရပ္သားေတြအတြက္ပါ အႏၲရာယ္ျဖစ္ေစမယ္လို႔လည္း HRW ရဲ႕ အစီရင္ခံစာက ေဖာ္ျပပါတယ္။

႐ိုဟင္ဂ်ာအမ်ားအျပားကေတာ့ ထိုင္း၊ ဘဂၤလားေဒ့ရွ္တို႔လို အိမ္နီးခ်င္းႏိုင္ငံေတြ၊ ေနာက္ မူဆလင္ အမ်ားစုျဖစ္တဲ့ မေလးရွားနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြကို ထြက္ေျပးေနၾကတာ ႏွစ္ခ်ီရွိခဲ့ပါၿပီ။ ဒီျပႆနာေတြရဲ႕အရင္းခံ အေၾကာင္းရင္းေတြကို ေျဖရွင္းဖို႔ကအေရးႀကီးတယ္လို႔လည္း HRW ရဲ႕ အာရွဆိုင္ရာ ဒုတိယၫႊန္ၾကားေရးမႉး Phil Robertson က ေျပာပါတယ္။

“ပိုၿပီး အေရးႀကီးတဲ့အခ်က္ကေတာ့ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္းက ျပႆနာေတြကို မေျဖရွင္းႏိုင္သေ႐ြ႕ေတာ့ ဒီလူေတြ ဆက္ၿပီးထြက္လာဦးမယ္ဆိုတာကို နားလည္သေဘာေပါက္ထားဖို႔က အေရးႀကီးပါတယ္။”

၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္တြင္း အၾကမ္းဖက္မႈေတြကေနထြက္ေျပးခဲ့ရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ဌာေနျပန္ႏိုင္ေရးအတြက္ ျမန္မာနဲ႔ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံသေဘာတူညီခ်က္နဲ႔ ႀကိဳးပမ္းခ်က္လည္း မေအာင္မျမင္ ျဖစ္ခဲ့ပါတယ္။ အရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရလက္ထက္ကလည္း ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို အသိအမွတ္မျပဳသလို အခု အာဏာသိမ္း စစ္ေကာင္စီကလည္း ႐ိုဟင္ဂ်ာအသုံးအႏႈန္းကို အသိအမွတ္ မျပဳပါဘူး။ ဒါေပမဲ့ စစ္အာဏာသိမ္းၿပီးေနာက္ ဖြဲ႕စည္းထားတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို အသိအမွတ္ျပဳေၾကာင္း ေျပာဆိုထားပါတယ္။ HRW အဖြဲ႕ႀကီးရဲ႕ အာရွ ဆိုင္ရာ ၫႊန္ၾကားေရးမႉး Elaine Peason ကေတာ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္အေရး ေျဖရွင္းႏိုင္ေရးအတြက္ မျဖစ္မေန အေရးယူေဆာင္႐ြက္သင့္တဲ့ကိစၥေတြကို အခုလို ေထာက္ျပပါတယ္။

“ဒီလပိုင္းေတြအတြင္းမွာပဲ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို တင္ေဆာင္လာတဲ့ေလွေတြ အင္ဒိုနီးရွားႏိုင္ငံ အာေခ်းျပည္နယ္တြင္းကကမ္း႐ိုးတန္းကို ကပ္လာတာေတြ၊ ဒါမွမဟုတ္လည္း ထိုင္းနဲ႔ မေလးရွားတို႔ကေန ေမာင္းထုတ္ခံရတာေတြ ေတြ႕ျမင္ခဲ့ရၿပီး ျဖစ္ပါတယ္။ စစ္ေကာင္စီဘက္က တာဝန္ခံမႈ၊ တာဝန္ယူမႈရွိေစေရး ေဒသတြင္း ေျဖရွင္းခ်က္သာလ်င္ ေရရွည္ခံမယ့္ တခုတည္းေသာ ေျဖရွင္းခ်က္ျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာအမ်ားစုက ေနရပ္ရင္းကို ျပန္လိုၾကပါတယ္။ ဒါေပမဲ့ သူတို႔က ေဘးကင္းလုံၿခဳံမႈ၊ သာတူညီမွ်ဆက္ဆံမႈ လိုလားၾကသလို သူတို႔ရဲ႕ေျမေတြ ျပန္လည္ရယူလိုၾကပါတယ္။ ေနာက္ လူမ်ိဳးစုလိုက္ ရွင္းလင္းဖယ္ရွားမႈနဲ႔ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္သူေတြကိုလည္း တာဝန္ခံေစလိုၾကပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံက လူေနထူထပ္သိပ္သည္းတဲ့ ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ၁ သန္းနီးပါး ရွိၿပီး ဒီထဲက သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြကေတာ့ ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာစစ္တပ္ရဲ႕နယ္ေျမရွင္းလင္းမႈေတြကေန ထြက္ေျပးခဲ့ၾကရသူေတြ ျဖစ္ပါတယ္။ ျမန္မာစစ္တပ္ကေတာ့ သူတို႔ဟာ လူသားမ်ိဳးႏြယ္အေပၚ ဆန႔္က်င္က်ဴးလြန္တဲ့ရာဇဝတ္မႈေတြ မက်ဴးလြန္ေၾကာင္း ျငင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာ့အရေး အာဆီယံဥက္ကဋ္ဌသစ်အင်ဒိုနီးရှား ဦးဆောင်ဖြေရှင်းဖို့ HRW တိုက်တွန်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့နိုင်ငံရေးအကြပ်အတည်းတွေ ဖြေရှင်းနိုင်ရေးကိုတိုးမြှင့်ဆောင်ရွက်ဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေဟာဆိုရင် ရိုဟင်ဂျာတွေအတွက်ရော ဘင်္ဂလားဒေ့ရှ် ပြည်သူတွေအတွက်ပါ ထိခိုက်သက်ရောက်မှုရှိနေတာကိုလည်း သတိပေးလိုက်ပါတယ်။ Reuters သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားအနေနဲ့ မြန်မာပြဿနာကိုဖြေရှင်းရေး ပိုပြီးအရေးယူဆောင်ရွက်ဖို့ အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ တခုက ဇန်နဝါရီလ ၁၂ ရက် ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အင်ဒိုနီးရှားအတွက် မြန်မာ့အရေးတိုးမြှင့်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတရပ်လည်း ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့အာရှဆိုင်ရာညွှန်ကြားရေးမှူး Elaine Pearson က ကြာသပတေးနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောသွားတာဖြစ်ပါတယ်။

“အင်ဒိုနီးရှားအနေနဲ့ ရှေ့တိုးဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတရပ်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က G20 ဥက္ကဋ္ဌအဖြစ် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာ့ရေးရာတွေမှာ အင်ဒိုနီးရှားက ပိုပြီးအရေးပါတဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ အင်ဒိုနီးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌအဖြစ်နဲ့ မြန်မာနိုင်ငံတွင်း ပြသနာတွေဖြေရှင်းနိုင်ရေး ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။”

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA တို့ကြား ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေပြင်းထန်လာတာကိုလည်း စိုးရိမ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က သူ့ရဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲတွေဟာ နယ်စပ်တလျှောက် ပျံ့နှံ့ပြီး ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဘင်္ဂလားဒေ့ရှ်အရပ်သားတွေအတွက်ပါ အန္တရာယ်ဖြစ်စေမယ်လို့လည်း HRW ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ရိုဟင်ဂျာအများအပြားကတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့လို အိမ်နီးချင်းနိုင်ငံတွေ၊ နောက် မူဆလင် အများစုဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ထွက်ပြေးနေကြတာ နှစ်ချီရှိခဲ့ပါပြီ။ ဒီပြဿနာတွေရဲ့အရင်းခံ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ကအရေးကြီးတယ်လို့လည်း HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။

“ပိုပြီး အရေးကြီးတဲ့အချက်ကတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ပြဿနာတွေကို မဖြေရှင်းနိုင်သရွေ့တော့ ဒီလူတွေ ဆက်ပြီးထွက်လာဦးမယ်ဆိုတာကို နားလည်သဘောပေါက်ထားဖို့က အရေးကြီးပါတယ်။”

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်နိုင်ရေးအတွက် မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ ကြိုးပမ်းချက်လည်း မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်ကလည်း ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုသလို အခု အာဏာသိမ်း စစ်ကောင်စီကလည်း ရိုဟင်ဂျာအသုံးအနှုန်းကို အသိအမှတ် မပြုပါဘူး။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်ပြုကြောင်း ပြောဆိုထားပါတယ်။ HRW အဖွဲ့ကြီးရဲ့ အာရှ ဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Peason ကတော့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေး ဖြေရှင်းနိုင်ရေးအတွက် မဖြစ်မနေ အရေးယူဆောင်ရွက်သင့်တဲ့ကိစ္စတွေကို အခုလို ထောက်ပြပါတယ်။

“ဒီလပိုင်းတွေအတွင်းမှာပဲ ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့လှေတွေ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင်းကကမ်းရိုးတန်းကို ကပ်လာတာတွေ၊ ဒါမှမဟုတ်လည်း ထိုင်းနဲ့ မလေးရှားတို့ကနေ မောင်းထုတ်ခံရတာတွေ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရေး ဒေသတွင်း ဖြေရှင်းချက်သာလျင် ရေရှည်ခံမယ့် တခုတည်းသော ဖြေရှင်းချက်ဖြစ်ပါတယ်။ ရိုဟင်ဂျာအများစုက နေရပ်ရင်းကို ပြန်လိုကြပါတယ်။ ဒါပေမဲ့ သူတို့က ဘေးကင်းလုံခြုံမှု၊ သာတူညီမျှဆက်ဆံမှု လိုလားကြသလို သူတို့ရဲ့မြေတွေ ပြန်လည်ရယူလိုကြပါတယ်။ နောက် လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူတွေကိုလည်း တာဝန်ခံစေလိုကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူနေထူထပ်သိပ်သည်းတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါး ရှိပြီး ဒီထဲက သိန်းချီတဲ့ ရိုဟင်ဂျာတွေကတော့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေကနေ ထွက်ပြေးခဲ့ကြရသူတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကတော့ သူတို့ဟာ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ မကျူးလွန်ကြောင်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG