သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံကိုယ်စားလှယ် မြန်မာခရီးစဉ်ပြင်ဆင်နေ


ကုလ အထွေထွညေီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ Erywan Yusof (ဓာတ်ပုံ - Reuters)
ကုလ အထွေထွညေီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ Erywan Yusof (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Erywan Yusof က သူ့အနေနဲ့ မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေတယ်လို့ ဒီနေ့ သြဂုတ်လ ၇ ရက်နေ့မှာပြောလိုက်ပါတယ်။ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof က သူ့ကို အသစ်ခန့်အပ်လိုက်တဲ့ အာဆီယံအထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံကို သွားဖို့ ပြင်ဆင်နေပေမယ့်၊ ဘယ်တော့သွားမယ်ဆိုတာတော့ ရက် သတ်မှတ်ထားခြင်းမရှိသေးဘူးလို့ ဒီနေ့ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ၂ ဘက် ဆွေးနွေးပြောဆိုမှုတွေလုပ်ပြီး ဖြေရှင်းသွားဖို့ နဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ကိစ္စကို ကြီးကြပ်ကွပ်ကွဲဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အာဆီယံအထူးသံတမန်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။

အခုလို မြန်မာအရေးဖြေရှင်းဖို့ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်လိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂ အမေရိကန်၊ အီးယူ နဲ့ တရုတ်နိုင်ငံတို့ ကလည်း ကြိုဆိုတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကပဲ ကြေငြာထားပြီး ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာဖို့အတွက် အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၊ တိုင်းပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အာဆီယံက ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့တာဖြစ်ပြီး၊ အဲဒီဘုံသဘောတူညီချက်အရ၊ အာဆီယံ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်ခင်ဗျာ။

...........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG