သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကုိ အာဆီယံ အစည္းအေဝးမဖိတ္ေရး အင္ဒုိနီးရွားေထာက္ခံ 


ကေမၻာဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္နဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္တို႔ ေနျပည္ေတာ္ သံတမန္ခန္းမမွာ ေတြ႔ဆံုၾကစဥ္။ (ဇန္နဝါရီ ၇၊ ၂၀၂၂/ ဓာတ္ပံု စစ္ေကာင္စီျပန္ၾကားေရးအဖြဲ႔)

စစ္ေကာင္စီကုိ အာဆီယံ အစည္းအေဝးမဖိတ္ေရး အင္ဒုိနီးရွားေထာက္ခံ

{{Zawgyi/Unicode}}
အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း ASEAN ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးမွာ ျမန္မာစစ္ေကာင္စီကုိ မဖိတ္ဖုိ႔ ဆုံးျဖတ္ခ်က္ကုိ အင္ဒုိနီးရွားက ေထာက္ခံေၾကာင္း ေျပာလုိက္ပါတယ္။ ဒီလထဲက်င္းပဖုိ႔ စီစဥ္ထားတဲ့ အစည္းအေ၀းမွာ ျမန္မာစစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္ကို ဖိတ္ၾကားမွာ မဟုတ္ေၾကာင္း အာဆီယံ အလွည့္က်ဥကၠဌ ကေမာၻဒီးယားက အင္ဒိုနီးရွားကို အာမခံခဲ့တယ္လို႔လည္း အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Teuku Faizasyah က ဗြီအုိေအကုိ ေျပာပါတယ္။

အစည္းေဝးအတြက္ ျမန္မာႏိုင္ငံက ႏိုင္ငံေရးနဲ႔ မသက္ဆိုင္တဲ့ ကိုယ္စားလွယ္ေတြပဲ လာေရာက္ဖို႔ရွိတယ္လို႔ သူတို႔ကရွင္းရွင္းလင္းလင္း ေျပာပါတယ္။ ဒါေၾကာင့္ အစည္းေဝးမွာ ျမန္မာဘက္က ႏိုင္ငံေရးနဲ႔ ပတ္သက္သူေတြ မပါဖို႔ အင္ဒိုနီးရွားရဲ႕ ရပ္တည္ခ်က္အတိုင္းပဲျဖစ္တဲ့အေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားတာပါ။ ျမန္မာစစ္ေကာင္စီ တာဝန္ရွိသူေတြကို အစည္းေဝးမဖိတ္ဖို႔ မႏွစ္က အာဆီယံကခ်မွတ္ထားတဲ့ သေဘာတူညီခ်က္အတိုင္း ကေမာၻဒီးယားက လိုက္နာဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းေဝးကို ေဖေဖၚဝါရီလလည္ေလာက္မွာ က်င္းပဖို႔ စီစဥ္ထားေပမယ့္ အခုထိေတာ့ ရက္မသတ္မွတ္ရေသးဘူးလို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္၀ါရီလ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပုိင္း ႏုိင္ငံေရး အက်ပ္အတည္းေတြကုိ ေျဖရွင္းဖုိ႔ အာဆီယံက အထူးကို္ယ္စားလွယ္ ခန္႔အပ္ေစလႊတ္တာ အပါအ၀င္ ဘုံသေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ထားေပမဲ့ လက္ေတြ႔ အေကာင္အထည္ မေဖာ္ႏုိင္ေသးပဲ ျဖစ္ေနတဲ့အေပၚ အာဆီယံႏုိင္ငံေတြ သာမက ႏုိင္ငံတကာ အသုိင္းအ၀ုိင္းကလည္း စိတ္ပ်က္ေနၾကတာပါ။

.................................................................

တိုက္႐ိုက္ လင့္ခ္

စစ်ကောင်စီကို အာဆီယံ အစည်းအဝေးမဖိတ်ရေး အင်ဒိုနီးရှားထောက်ခံ

{{Zawgyi/Unicode}}
အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို မဖိတ်ဖို့ ဆုံးဖြတ်ချက်ကို အင်ဒိုနီးရှားက ထောက်ခံကြောင်း ပြောလိုက်ပါတယ်။ ဒီလထဲကျင်းပဖို့ စီစဉ်ထားတဲ့ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားမှာ မဟုတ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားက အင်ဒိုနီးရှားကို အာမခံခဲ့တယ်လို့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Teuku Faizasyah က ဗွီအိုအေကို ပြောပါတယ်။

အစည်းဝေးအတွက် မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေပဲ လာရောက်ဖို့ရှိတယ်လို့ သူတို့ကရှင်းရှင်းလင်းလင်း ပြောပါတယ်။ ဒါကြောင့် အစည်းဝေးမှာ မြန်မာဘက်က နိုင်ငံရေးနဲ့ ပတ်သက်သူတွေ မပါဖို့ အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်အတိုင်းပဲဖြစ်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေကို အစည်းဝေးမဖိတ်ဖို့ မနှစ်က အာဆီယံကချမှတ်ထားတဲ့ သဘောတူညီချက်အတိုင်း ကမ္ဘောဒီးယားက လိုက်နာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေးကို ဖေဖေါ်ဝါရီလလည်လောက်မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အခုထိတော့ ရက်မသတ်မှတ်ရသေးဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက အထူးကိုယ်စားလှယ် ခန့်အပ်စေလွှတ်တာ အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပဲ ဖြစ်နေတဲ့အပေါ် အာဆီယံနိုင်ငံတွေ သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိတ်ပျက်နေကြတာပါ။

XS
SM
MD
LG