အာဆီယံ၊ အီးယူ အစည္းအေ၀း ျမန္မာ့အေရး ေဆြးေႏြးဖြယ္ရွိ
{{Zawgyi/Unicode}}
အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (အာဆီယံ) နဲ႔ ဥေရာပသမဂၢ (EU) ေခါင္းေဆာင္ေတြရဲ႕ ဒီသီတင္းပတ္ထဲ ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲၿမိဳ႕ေတာ္က ထိပ္သီးအစည္းအေ၀းမွာ ျမန္မာ့အေရး ေဆြးေႏြးဖို႔ အလားအလာရွိေနပါတယ္။
အာဆီယံ အလွည့္က် ဥကၠ႒သစ္ ျဖစ္လာမယ့္ အင္ဒိုနီးရွားႏိုင္ငံက ျမန္မာ့အေရး ေျဖရွင္းဖို႔ ႀကိဳးပမ္းရာမွာလည္း အားေပးမယ့္အေၾကာင္း EU အႀကီးတန္း သံတမန္တေယာက္က ေျပာဆိုထားပါတယ္။ ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ အာဆီယံက ဘုံသေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ထားေပမဲ့ အေကာင္အထည္ မေဖာ္ႏိုင္ပဲ ျဖစ္ေနတာကို ဝိုင္း၀န္းေျဖရွင္းဖို႔ လိုအပ္ေၾကာင္း အာဆီယံဆိုင္ရာ EU သံအမတ္ႀကီး Igor Driesmans ကို ကိုးကားၿပီး Channel News Asia သတင္းက ေဖာ္ျပခဲ့တာပါ။
အသင္း၀င္ႏိုင္ငံေတြၾကား မစြက္ဖက္ေရး မူခ်မွတ္ထားေပမဲ့ အာဆီယံအသင္းဟာ ျမန္မာ့အေရး ေျဖရွင္းရာမွာ ခိုင္မာတဲ့ ရပ္တည္ခ်က္ရွိေၾကာင္းလည္း ေျပာပါတယ္။ ဘုံသေဘာတူညီခ်က္ေတြကို လိုက္နာဖို႔ ပ်က္ကြက္တယ္ဆိုၿပီး အာဆီယံအသင္းက ျမန္မာစစ္အာဏာပိုင္ေတြကို အာဆီယံ အဆင့္ျမင့္အစည္းအေ၀းေတြမွာ မဖိတ္ဖို႔ ဆုံးျဖတ္ထားတာပါ။
စစ္ေကာင္စီကေတာ့ အာဆီယံရဲ႕ လုပ္ရပ္ဟာ အသင္းရဲ႕ အေျခခံမူေတြကို ေဖာက္ဖ်က္ရာေရာက္တယ္ဆိုၿပီး တုံ႔ျပန္ထားပါတယ္။ အာဆီယံဆိုင္ရာ EU သံအမတ္ႀကီးကေတာ့ ဘုံသေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ ဆႏၵမရွိတဲ့ ျမန္မာစစ္အာဏာပိုင္ေတြကို ဖိအားေတြ တိုးျမႇင့္ဖို႔ လိုတယ္လို႔ ေျပာပါတယ္။
အာဆီယံနဲ႔ EU သံတမန္ဆက္ဆံေရး ၄၅ ႏွစ္ျပည့္အျဖစ္ လာမယ့္ ဗုဒၶဟူးေန႔ ဘရပ္ဆဲလ္မွာ အေရွ႕ေတာင္အာရွနဲ႔ ဥေရာပ ေခါင္းေဆာင္ေတြ ေတြ႕ဆုံရာမွာေတာ့ ကုန္သြယ္ေရးနဲ႔ အေျခခံအေဆာက္အအုံ လုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္ရြက္မႈေတြ တိုးျမႇင့္ေရး ကိစၥေတြကိုလည္း ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။
အာဆီယံ၊ အီးယူ အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးဖွယ်ရှိ
{{Zawgyi/Unicode}}
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေရဲ့ ဒီသီတင်းပတ်ထဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တော်က ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ အလားအလာရှိနေပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌသစ် ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းရာမှာလည်း အားပေးမယ့်အကြောင်း EU အကြီးတန်း သံတမန်တယောက်က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာကို ဝိုင်းဝန်းဖြေရှင်းဖို့ လိုအပ်ကြောင်း အာဆီယံဆိုင်ရာ EU သံအမတ်ကြီး Igor Driesmans ကို ကိုးကားပြီး Channel News Asia သတင်းက ဖော်ပြခဲ့တာပါ။
အသင်းဝင်နိုင်ငံတွေကြား မစွက်ဖက်ရေး မူချမှတ်ထားပေမဲ့ အာဆီယံအသင်းဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ ခိုင်မာတဲ့ ရပ်တည်ချက်ရှိကြောင်းလည်း ပြောပါတယ်။ ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်တယ်ဆိုပြီး အာဆီယံအသင်းက မြန်မာစစ်အာဏာပိုင်တွေကို အာဆီယံ အဆင့်မြင့်အစည်းအဝေးတွေမှာ မဖိတ်ဖို့ ဆုံးဖြတ်ထားတာပါ။
စစ်ကောင်စီကတော့ အာဆီယံရဲ့ လုပ်ရပ်ဟာ အသင်းရဲ့ အခြေခံမူတွေကို ဖောက်ဖျက်ရာရောက်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။ အာဆီယံဆိုင်ရာ EU သံအမတ်ကြီးကတော့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒမရှိတဲ့ မြန်မာစစ်အာဏာပိုင်တွေကို ဖိအားတွေ တိုးမြှင့်ဖို့ လိုတယ်လို့ ပြောပါတယ်။
အာဆီယံနဲ့ EU သံတမန်ဆက်ဆံရေး ၄၅ နှစ်ပြည့်အဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့ ဘရပ်ဆဲလ်မှာ အရှေ့တောင်အာရှနဲ့ ဥရောပ ခေါင်းဆောင်တွေ တွေ့ဆုံရာမှာတော့ ကုန်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။