သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး တိုးတက္မႈမရွိတဲ့ အေပၚ အာဆီယံအဖဲြ႕၀င္ေတြ စိတ္ပ်က္


(Zawgyi / Unicode)

ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ေတာ္မွာ က်င္းပေနတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံ ႏိုင္ငံျခားေရး ၀န္ႀကီးေတြရဲ႕ အစည္းအေ၀းမွာ ျမန္မာ့အေရး ေျဖရွင္းဖို႔ ႀကိဳးပမ္းမႈေတြ တိုးတက္မႈမရဘဲ ျဖစ္ေနတဲ့အေပၚ အဖဲြ႕၀င္ႏိုင္ငံေတြၾကား စိတ္ပ်က္တဲ့ သေဘာထားေတြကို ေျပာဆိုလိုက္ၾကပါတယ္။ ဒီမိုကေရစီေရး လႈပ္ရွားသူ ၄ ဦးကို ကြပ္မ်က္လိုက္တဲ့ ကိစၥဟာလည္း အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြကို အေလးမထားတဲ့ လုပ္ရပ္အျဖစ္ မေလးရွားႏိုင္ငံျခားေရး၀န္ႀကီးက ေျပာဆိုခဲ့တာပါ။

“တက္ႂကြလႈပ္ရွားသူ ၄ ေယာက္ကို ကြပ္မ်က္လိုက္တာဟာ ပါး႐ိုက္ခံလိုက္ရသလိုပါပဲ။ စစ္အာဏာပိုင္ေတြဟာ အာဆီယံ ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို ေလွာင္ေျပာင္ရာေရာက္သလို၊ အာဆီယံေခါင္းေဆာင္ေတြနဲ႔ အာဆီယံ ဥကၠ႒တို႔ကို မေလးမစား လုပ္ရာေရာက္ပါတယ္” လို႔ မေလးရွား ႏိုင္ငံျခားေရး၀န္ႀကီး Saifuddin Abdullah က ဖႏြမ္းပင္ၿမိဳ႕ေတာ္မွာ သတင္းေထာက္ေတြကို ေျပာဆိုသြားတာပါ။

အခုအခ်ိန္ကစလို႔ ႏို၀င္ဘာလ ထိပ္သီးအစည္းအေ၀း မတိုင္ခင္ တိုးတက္မႈ မရရင္ေတာ့ တခုုခုကို စဥ္းစားဆုံးျဖတ္ရလိမ့္မယ္လို႔လည္း ေျပာပါတယ္။ အာဆီယံ ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံက ၀န္ႀကီးခ်ဳပ္ ဟြန္ဆန္ကလည္း ေနာက္ထပ္ အတိုက္အခံေတြကို ကြပ္မ်က္တာေတြ ရွိလာမယ္ဆိုရင္ အာဆီယံရဲ႕ ရပ္တည္ခ်က္ကို ျပန္စဥ္းစားသုံးသပ္ရမယ္လို႔ သတိေပးခဲ့တာပါ။ စင္ကာပူ ႏိုင္ငံျခားေရး ၀န္ႀကီးဌာနကလည္း တက္ႂကြလႈပ္ရွားသူေတြကို ကြပ္မ်က္ဖို႔ စစ္အာဏာပိုင္ေတြရဲ႕ ဆုံးျဖတ္ခ်က္ဟာ အာဆီယံရဲ႕ ျမန္မာ့အေရး ႀကိဳးပမ္းမႈေတြကို အႀကီးအက်ယ္ ထိခိုက္ေစသလို၊ အာဆီယံ ဥကၠ႒၊ အထူးကိုယ္စားလွယ္တို႔ကို မေထမဲ့ျမင္ လုပ္ရာေရာက္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကေတာ့ ကိုဗစ္ကပ္ေရာဂါနဲ႔ တိုင္းျပည္မွာ မတည္ၿငိမ္မႈေတြေၾကာင့္ အာဆီယံ ဘုံသေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အခက္အခဲ ရွိေနေၾကာင္း ဒီသီတင္းပတ္ အေစာပိုင္းမွာပဲ ေျပာဆိုထားပါတယ္။ အင္ဒိုနီးရွား ႏိုင္ငံျခားေရး၀န္ႀကီး Retno Marsudi ကလည္း အာဆီယံရဲ႕ ႀကိဳးပမ္းမႈေတြအေပၚ စစ္အာဏာပိုင္ေတြက စိတ္ေကာင္းေစတနာနဲ႔ တုံ႔ျပန္မႈေတြ မေတြ႕ရေၾကာင္းနဲ႔ အစည္းအေ၀းမွာ ျမန္မာစစ္အာဏာပိုင္ေတြရဲ႕ ကတိမတည္တဲ့ လုပ္ရပ္ေတြနဲ႔ ပတ္သက္လို႔ အဖဲြ႕၀င္ႏိုင္ငံတခ်ဳိ႕က ေျပာဆိုခဲ့တာေတြ ရွိခဲ့ေၾကာင္း ဗုဒၶဟူးေန႔မွာပဲ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

မြန်မာ့အရေး တိုးတက်မှုမရှိတဲ့ အပေါ် အာဆီယံအဖွဲ့ဝင်တွေ စိတ်ပျက်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ တိုးတက်မှုမရဘဲ ဖြစ်နေတဲ့အပေါ် အဖွဲ့ဝင်နိုင်ငံတွေကြား စိတ်ပျက်တဲ့ သဘောထားတွေကို ပြောဆိုလိုက်ကြပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်လိုက်တဲ့ ကိစ္စဟာလည်း အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို အလေးမထားတဲ့ လုပ်ရပ်အဖြစ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

“တက်ကြွလှုပ်ရှားသူ ၄ ယောက်ကို ကွပ်မျက်လိုက်တာဟာ ပါးရိုက်ခံလိုက်ရသလိုပါပဲ။ စစ်အာဏာပိုင်တွေဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လှောင်ပြောင်ရာရောက်သလို၊ အာဆီယံခေါင်းဆောင်တွေနဲ့ အာဆီယံ ဥက္ကဋ္ဌတို့ကို မလေးမစား လုပ်ရာရောက်ပါတယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဖနွမ်းပင်မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

အခုအချိန်ကစလို့ နိုဝင်ဘာလ ထိပ်သီးအစည်းအဝေး မတိုင်ခင် တိုးတက်မှု မရရင်တော့ တခုခုကို စဉ်းစားဆုံးဖြတ်ရလိမ့်မယ်လို့လည်း ပြောပါတယ်။ အာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း နောက်ထပ် အတိုက်အခံတွေကို ကွပ်မျက်တာတွေ ရှိလာမယ်ဆိုရင် အာဆီယံရဲ့ ရပ်တည်ချက်ကို ပြန်စဉ်းစားသုံးသပ်ရမယ်လို့ သတိပေးခဲ့တာပါ။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ဖို့ စစ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို အကြီးအကျယ် ထိခိုက်စေသလို၊ အာဆီယံ ဥက္ကဋ္ဌ၊ အထူးကိုယ်စားလှယ်တို့ကို မထေမဲ့မြင် လုပ်ရာရောက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ကိုဗစ်ကပ်ရောဂါနဲ့ တိုင်းပြည်မှာ မတည်ငြိမ်မှုတွေကြောင့် အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိနေကြောင်း ဒီသီတင်းပတ် အစောပိုင်းမှာပဲ ပြောဆိုထားပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း အာဆီယံရဲ့ ကြိုးပမ်းမှုတွေအပေါ် စစ်အာဏာပိုင်တွေက စိတ်ကောင်းစေတနာနဲ့ တုံ့ပြန်မှုတွေ မတွေ့ရကြောင်းနဲ့ အစည်းအဝေးမှာ မြန်မာစစ်အာဏာပိုင်တွေရဲ့ ကတိမတည်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတချို့က ပြောဆိုခဲ့တာတွေ ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG