သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ခန့်အပ်မယ့် အထူးသံ အာဆီယံ ဘုံသဘောတူညီချက်ကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့ NUG မျှော်လင့်


ကမ္ဘောဒီးယား ခန့်အပ်မယ့် အထူးသံ အာဆီယံ ဘုံသဘောတူညီချက်ကို တွန်းတွန်းတိုက်တိုက် ဆောင်ရွက်ဖို့ NUG မျှော်လင့်

အရှေ့တောင်အာရှအသင်း ASEAN ရဲ့ အလှည်ကျဥက္ကဌနေရာကို မကြာမီကမ္ဘောဒီးယားနိုင်ငံက လွဲှပြောင်းတာဝန်ယူမှာဖြစ်ပြီး မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ်ကိုလည်းအသစ်ပြန်လည် ခန့်ထားမယ်လို့ပြောဆိုလိုက်ပါတယ်။ NUG အစိုးရကတော့ အာဆီယံမူ ၅ ချက်ကို အကောင်အထည် ဖေါ်ဖို့ဆက်လက်တိုက်တွန်းလိမ့်မယ်လို့မျှော်လင့်ပေမယ့်၊ အာဆီယံနဲပူးပေါင်းဆောင်ရွက်မှုဟာ စစ်ကောင်စီရဲ့သဘောထားအပေါ်မှာဘဲမူတည်နေတယ်လို့ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ်NUG ကခန့်အပ်ထားသူ ဦးဘိုလှတင့်ကပြောဆိုလိုက်ပါတယ်။

ကိုဇော်မိုးကျော်ကဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

###

ကိုဇော်မိုးကျော်

ဟုတ်ကဲ့ဦးဘိုလှတင်ခင်ဗျ၊ ကျနော်ပထမဆုံးမေးချင်တာကတော့ အခုအာဆီယံ အလှည့်ကျ ဥက္ကဌဟာ ဘရူနိုင်းကနေ ကမ္ဘောဒီးယားကိုပြောင်းသွားပါပြီခင်ဗျ၊ ကမ္ဘောဒီးယားကလည်း မြန်မာနိုင်ငံဆိုင်ရာအာဆီယံကိုယ်စားလှယ်သစ်ကို ခန့်အပ်သွားမယ်၊ ဆက်လက်တွန်းအားပေးသွားမယ် ဆိုတာမျိုးလည်း ပြောထားပါတယ်။ နောက်ပြီးတော့ ကမ္ဘောဒီးယားဟာလည်း တရုတ်နဲ့နီးစပ်တဲ့သူဖြစ်ပါတယ်။ အဲဒိ တော့ကမ္ဘောဒီးယား ဥက္ကဌဖြစ်လာတဲ့အတွက် တရုတ်ကိုအသုံးပြုပြီးမြန်မာနိုင်ငံပေါ်မှာ ပိုမိုတွန်းအား ပေးနိုင်တာတွေဖြစ်လာမလား၊ ဒါမှမဟုတ် ကမ္ဘောဒီးယားဖြစ်သွားတဲ့အတွက် အားပျော့သွားနိုင်ပါလား။ ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဦးဘိုလှတင့်။

မကြာခင်က ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ပြောသွားတဲ့အခါမှာ အာဆီယံရဲ့အခြေခံမူဖြစ် တဲ့ Noninterference ဝင်ရောက်မစွက်ဖက်ရေးကိုဆက်လက်ပြီးတော့ကိုင်စွဲမှာဖြစ်ပေမယ်လို့ မြန်မာနိုင်ငံရဲ့ပကတိ အဖြစ်အပျက်တွေဟာတော့ဖြင့် သူတို့အနေနဲ့စိုးရိမ်မကင်းဖြစ်ပြီးတော့အလေး အနက်ထားပြီးဆောင်ရွက်သွားရမယ့် ကိစ္စဖြစ်တယ်လို့သူတို့ပြောနေတယ်၊ အဲဒိတော့အဲဒိအခြေခံ အပေါ်မှာ ကျနော်တို့ကတော့ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ဘဲဖြစ်ဖြစ်၊ ကမ္ဘောဒီးယားနိုင်ငံကခန့်အပ် လိုက်တဲ့ အထူးကိုယ်စားလှယ်အနေနဲ့ဘဲဖြစ်ဖြစ် အာစီယံရဲ့ဘုံသဘောတူညီချက်မှာပါတဲ့ အချက် အလက်တွေကို အမြန်ဆုံးအကောင်အထည်ဖေါ်ဖို့အတွက် တိုက်တိုက်တွန်းတွန်းဆောင်ရွက် သွားနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းဘဲပြောချင်ပါတယ်ခင်ဗျ။

ကိုဇော်မိုးကျော်

နောက်တခုက ကမ္ဘောဒီးယားဟာလည်းတရုတ်နဲ့နီးစပ်ပါတယ်။ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုရှိပါတယ်။ နောက်မြန်မာစစ်တပ်အပေါ်မှာလည်း တရုတ်သြဇာလွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် တရုတ်ကနေ တဆင့်တွန်းအားပေးဆောင်ရွက်နိုင်တာတွေရှိလာမလား။

ဦးဘိုလှတင့်။

ဟုတ်ကဲ့အဲဒါကတော့ အခုနပြောတဲ့တရုတ်နိုင်ငံ အာဏာပိုင်များကိုယ်၌က မြန်မာပြည်အရေးမှာ ဘယ်လောက်ထဲထဲဝင်ဝင်ပါဝင်ပတ်သက်မလဲဆိုတဲ့ အချက်ပေါ်မှာရယ်၊ နောက်လက်ရှိ စစ်ကောင်စီ အနေနဲ့ပေါ့နော် အရင်အာဆီယံရဲ့အထူးကိုယ်စားလှယ်ကိုတော့ လက်ခံခဲ့ခြင်းမရှိဘူး ဒီလိုကျန့်ကြာ နေတဲ့ကာလမှာ အမေရိကန်ပြည်ထောင်စုက ပုဂ္ဂလိကခရီးစဉ်ဖြစ်တဲ့ ဘေ ရစ်ချတ်ဆင် (Bill Richardson) ကိုတော့လက်ခံလိုက်တဲ့အနေအထားတွေလည်းတွေ့နေရတဲ့အခါကျပြန်တော့ ဒီလက်ရှိ ပကတိအနေအထားနဲ့လာမယ့် နှစ်လသုံးလအတော်အတွင်းမှာ စစ်ကောင်စီရဲ့ ခေါင်းဆောင်ရဲ့ စိတ်ထဲမှာဒီအာဆီယံနဲ့သော်လည်းကောင်း၊ နိုင်ငံတကာမိသားစုနဲ့သော်လည်းကောင်းဘယ်လောက် အထိပူးပေါင်းဆောင် ရွက်သွားမယ်လို့စီစဉ်ထားသလဲ၊ ခံယူထားသလဲဆိုတဲ့အချက်ကလည်းဘဲ အရေးကြီးတယ်လို့ပြော ချင်ပါတယ်ခင်ဗျ။

ကိုဇော်မိုးကျော်

နောင်တချက်ကတော့ အရင်ဥက္ကဌ ဘရူနိုင်းကလည်း ဘုရင်စနစ်နဲ့သွားတာ၊ သူ့နိုင်ငံမှာတောင် ဒီမိုကရေစီစနစ်ကျင့်သုံးတာမဟုတ်ပါဘူး၊ နောက် ကမ္ဘောဒီးယားဆိုတာကလည်း ဝန်ကြီးချု့ပ်ဟွန် ဆန် တဦးထဲအုပ်ချုပ်နေတာ နှစ်ပေါင်း ၂၀၊ ၃၀ လောက်ရှိနေပါပြီ ဒီမိုကရေစီဆိုတာ အပြည့်အဝရှိတာ မဟုတ်ပါဘူး။ အဲဒိလို နိုင်ငံတွေက နေမြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန် ရောက်အောင်တွန်း အားပေးမယ်ဆိုတာ ဖြစ်နိုင်ပါ့မလားခင်ဗျ။

ဦးဘိုလှတင့်။

ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေးကတော့ အဓိကအားဖြင့်ဆိုရင်တော့ ဒီစစ်အုပ်စုရဲ့ခံယူချက် ကတိုင်းပြည်ချစ်စိတ်ကဘယ်လောက်ကျန်သလဲပေါ့နော် လက်ရှိအနေအထားမှာပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့သူတို့က တိုင်းပြည်ဘာဘဲဖြစ်ဖြစ်ကိုယ်အာဏာရ၊ အာဏာတည်မြဲရင်၊ အာဏာရမယ်ဆိုရင် ဘာလဲလုပ်ရလုပ်ရဆိုတဲ့ရူးသွပ်မိုက်မဲတဲ့ချဉ်းကပ်မှုမျိုးနဲ့သွားနေတယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါတယ်။ တကယ်တမ်းနိုင်ငံရေးဖြေရှင်းမှုကို လိုလားတယ်ဆိုရင်တော့လက်ရှိ သမတကြီး ဦးဝင်မြင့်နဲ့တကွ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးတဲ့အနေနဲ့ အပြုသဘောလက္ခဏာပြသင့်တယ် လို့ပြောချင်ပါတယ်ခင်ဗျ။

ကိုဇော်မိုးကျော်

ဆိုတော့ ဦးဘိုလှတင့်ဆိုလိုချင်တာက အာဆီယံကဖြစ်စေ၊ အမေရိကန်ဖြစ်စေ၊ တရုတ်ကဖြစ်စေ ဘယ်လိုနိုင်ငံတကာ အသိုင်းအဝိုင်းကဖြစ်စေ၊ ဘယ်လိုတွန်းအားတွေပေးပေး တကယ်ကတော့ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်အပေါ်၊ ပြည်သူလူထုအပေါ် ဘယ်လောက်စေတနာရှိလဲ ဆိုတဲ့အချက်အပေါ်မှာ အဓိကတည်နေတယ်လို့ ပြောချင်တာလား။

ဦးဘိုလှတင့်

မှန်ပါတယ် ကျနော်တို့နိုင်ငံတကာမိသားစုဆိုတာကတော့ အတိုင်းအတာတခုအထိဘဲပါဝင်ပတ်သက် ပေးနိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့တိုင်းပြည်အနာဂတ်ဟာ ကျနော်တို့အားလုံးအပေါ်မှာ မူတည်ပါ တယ်။ ကျနော်တို့အားလုံးရဲ့လက်ထဲမှာရှိတာဖြစ်ပါတယ်။ ကျနော်တို့တိုင်းရင်းသားပေါင်းစုံ လူမျိုးတွေနဲ့ ညီအကိုတွေ တိုင်းရင်းသားသွေးချင်းတွေအားလုံးအပေါ်မှာကော၊ ကနေ့စစ်ကောင်စီ အပေါ်မှာသော် လည်းကောင်း တပ်မတော်တခုလုံးမှာသော်လည်းကောင်း တာဝန်ရှိတာဖြစ်ပါတယ်။

ဦးဘိုလှတင့်ပြောဆိုသွားတာပါ။

ဦးဘိုလှတင့်ကို NUG က ASEAN သံအမတ်အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့ကခန့်အပ်ကြောင်းကြေငြာထားခဲ့တာဖြစ်ပေမဲ့ ASEAN က တရားဝင်လက်ခံကြောင်းတစုံတရာထုတ်ပြန်ခြင်းမရှိသေးပါဘူး။ မြန်မာစစ်ကောင်စီကလဲ NUG , CRPH တို့ကို တရားမဝင်အကြမ်းဖက်အဖွဲ့များအဖြစ်ကြေငြာထားပြီး ဆက်သွယ်ဆွေးနွေးမှုများမလုပ်ဘို့ASEAN ကိုပြောဆိုထားပါတယ်။

####

Unicode:




###



















XS
SM
MD
LG