သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားမှာ လာရောက်အခြေချသူတွေအထဲ အာရှတိုက်သားတွေ အများဆုံးဖြစ်လာနိုင်


နယူးယောက်မြို့ Flushing က အမေရိကားမှာ လာရောက်အခြေချသူ အာရှတိုက်သားတွေကို တွေ့ရစဉ်
နယူးယောက်မြို့ Flushing က အမေရိကားမှာ လာရောက်အခြေချသူ အာရှတိုက်သားတွေကို တွေ့ရစဉ်

(Zawgyi/Unicode)
အမေရိကန် ပြည်ထောင်စုမှာ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအပေါ် လေ့လာဆန်းစစ်ချက်အရ အာရှနွယ်ဖွား အမေရိကန် လူဦးရေဟာ ၂၄ သန်း ရှိကြောင်း PEW သုတေသနဌာနရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၆၀ ပြည့်နှစ်မှာ အာရှနွယ်ဖွား အမေရိကန် လူဦးရေဟာ ၄၆ သန်းအထိ ရှိလာနိုင်တယ်လို့လည်း ဝါရှင်တန်အခြေစိုက် သုတေသနအဖွဲ့က အရင်ကတည်းက ခန့်မှန်းထားပြီး၊ အမေရိကန်မှာ ရွှေ့ပြောင်းအခြေချတဲ့ လူမျိုးတွေထဲမှာ အများဆုံး ဖြစ်လာနိုင်တယ်လို့လည်း ပြောပါတယ်။ အာရှနွယ်ဖွား အမေရိကန်တွေ အားလုံးနီးပါးဟာ အာရှ ၁၉ နိုင်ငံက ဖြစ်ကြပြီး၊ ဒီအထဲမှာ တရုတ်လူမျိုးက ၂၃ ရာခိုင်နှုန်းရှိတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားတာပါ။

အမေရိကန်ရောက် အာရှနွယ်ဖွားတွေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အနောက်ဖက်ခြမ်း ပြည်နယ်တွေမှာ နေထိုင်ကြပြီး၊ ၂၄ ရာခိုင်နှုန်းကတော့ တောင်ပိုင်းဒေသက ပြည်နယ်တွေမှာ နေထိုင်တယ်လို့လည်း ပြောပါတယ်။

PEW သုတေသနဌာနရဲ့ ၂၀၁၇ ခုနှစ် စစ်တမ်းမှာတော့ အမေရိကန်မှာ တရားမဝင် နေထိုင်နေကြတဲ့ လူပေါင်း ၁၀ သန်းခွဲအနက် ၁၄ ရာခိုင်နှုန်းလောက်ဟာ အာရှကဖြစ်ကြောင်း တွေ့ရှိထားတာပါ။ အာရှနွယ်ဖွား အမေရိကန် စုစုပေါင်းရဲ့ ၅၇ ရာခိုင်နှုန်းကတော့ ပြည်ပနိုင်ငံ တခုခုမှာ မွေးဖွားခဲ့သူတွေ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၉ နှစ်အတွင်း ကိန်းဂဏန်းတွေအရ၊ ဘူတန်၊ နီပေါနဲ့ မြန်မာနိုင်ငံတို့က ရောက်လာသူတွေရဲ့ လူဦးရေ တိုးတက်မှုနှုန်းဟာ အများဆုံး ဖြစ်ခဲ့ပြီး လာအိုနဲ့ ဂျပန်ကတော့ အနည်းဆုံးဖြစ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)





XS
SM
MD
LG