သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတေလာင္းအျဖစ္ ယွဥ္ၿပိဳင္မယ့္ အာရွႏြယ္ဖြား


Andrew Yang.

လာမယ့္ အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ သမၼတ Donald Trump ကို ၿပိဳင္မယ့္ သမၼတေလာင္းေတြ တဒါဇင္ေက်ာ္ရွိေနတဲ့ အထဲမွာ အာရွႏြယ္ဖြား အေမရိကန္ အသိုင္းအ၀ိုင္းထဲက ထြက္ေပၚလာတဲ့ ဒီမိုကရက္ပါတီ သမၼတကိုယ္စားလွယ္ေလာင္း တဦးကေတာ့ စြန္႔ထြင္လုပ္ငန္းရွင္ Andrew Yang ျဖစ္ပါတယ္။ ဒီမိုကရက္ပါတီရဲ႕ ထိပ္တန္း သမၼတကိုယ္စားလွယ္ေလာင္းသံုးဦး စာရင္းမွာ ၀င္ဖို႔ မေသခ်ာေပမယ့္လည္း Andrew Yang ဟာဆိုရင္ အေမရိကန္သမၼတ ေရြးေကာက္ပြဲကို အေလးအနက္ ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ ပထမဆံုးေသာ အာရွႏြယ္ဖြား အေမရိကန္ ကိုယ္စားလွယ္ေလာင္းတဦး ျဖစ္ပါတယ္။

လာမယ့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ ေဂ်ာ္ဂ်ီယာျပည္နယ္ အတၱလႏၱာမွာ က်င္းပမယ့္ ဒီမိုကရက္ပါတီရဲ႕ သမၼတ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ စကားစစ္ထိုးပြဲမွာ သူ ပါ၀င္ခြင့္ရထားပါတယ္။ Andrew Yang ရဲ႕ ေလာ့စ္အိန္ဂ်လိစ္က လူထုစည္း႐ုံးေရးပြဲ တခုကေန ဗီြအိုေအသတင္းေထာက္ Elizabeth Lee က သတင္းေပးပို႔ထားတာကို မသိဂႌထုိက္က တင္ျပေပးထားပါတယ္။

ေရာ့ခ္ဂီတပြဲတခုနဲ႔ေတာင္ တူေနတဲ့ စည္း႐ုံးေရးပြဲမွာ Andrew Yang က သူ႔ကို ေထာက္ခံၾကတဲ့ ငယ္ရြယ္တဲ့ နည္းပညာရွင္ေတြၾကားကေန ထြက္ေပၚလာပါတယ္။

“ဒီမိုကရက္တေယာက္အေနနဲ႔ သမၼတေရြးေကာက္ပြဲကို ၀င္ဖို႔ ယွဥ္ၿပိဳင္တဲ့ ပထမဆံုးေသာ အာရွႏြယ္ဖြား အေမရိကန္ အမ်ိဳးသားတဦး ျဖစ္ရတာကို သိပ္ကို ဂုဏ္ယူပါတယ္။” လုိ႔ Andrew Yang က ေျပာပါတယ္။

ထိုင္၀မ္က မိဘေတြကေန နယူးေယာက္မွာ ေမြးဖြားခဲ့သူ Yang က စြန္႔ထြင္လုပ္ငန္းရွင္တဦး ျဖစ္ပါတယ္။ အ၀တ္အစား စည္းကမ္းသတ္မွတ္ခ်က္ေတြရွိတဲ့ အထက္တန္းေက်ာင္းမွာ သူက သိသာထင္ရွားသူတဦးအျဖစ္ သူ႔ကို မွတ္မိေနတဲ့ အတန္းေဖာ္တဦးလည္းျဖစ္သူ David Tsai က အခုလုိ ေျပာပါတယ္။

“သူ႔ကိုေမ့ဖို႔ မလြယ္ဘူးေလ။ က်ေနာ္တို႔ကို အားကစားအက်ႌ ၀တ္ရမယ္လို႔ သတ္မွတ္ထားတာ သူက တခါတေလ ကုတ္အက်ႌအရွည္ ၀တ္လာတတ္ပါတယ္။ သမၼတေရြးေကာက္ပြဲကို ႀကံဳသလို ၀င္ၿပိဳင္တဲ့သူ ဒါမွမဟုတ္လည္း ေအာင္ျမင္မယ့္သူ မဟုတ္ဘူးဆိုၿပီး ေျပာၾကသူေတြလည္း အမ်ားႀကီး ရွိပါတယ္။ ဒါေပမယ့္ တကယ္ေတာ့ အႀကံဉာဏ္ေကာင္းေတြနဲ႔သာဆိုရင္ ဘာမဆို ျဖစ္ႏုိင္တယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို ေပးတာပါ။”

Andrew Yang ကို ေထာက္ခံသူတဦးျဖစ္တဲ့ Austin Koh ကေတာ့ အခုလို ေျပာပါတယ္။

“ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ ေနာက္ ၁၀ ႏွစ္၊ ႏွစ္ ၂၀ ေလာက္မွာေတာင္ မျဖစ္ႏုိင္ဘူးလို႔ ထင္ခဲ့တာပါ။ အေနာက္ကမၻာျခမ္းမွာ က်ေနာ္တို႔ ရွိေစခ်င္တဲ့ အတိုင္းအတာမ်ိဳး ကိုယ္စားျပဳမႈ မရွိပါဘူး။ ဒါေၾကာင့္လည္း က်ေနာ့္အတြက္ေတာ့ မယံုၾကည္ႏုိင္စရာပါ။ ဒါက ႀကီးမားတဲ့ ေျခလွမ္းႀကီးတရပ္ ျဖစ္ပါတယ္။”

Andrew Yang ကို ေထာက္ခံသူ Hong Alyce Van ကလည္း အခုလို ေျပာပါတယ္။

“Andrew Yang အေၾကာင္း မၾကားခင္ကအထိေတာ့ က်မက ႏုိင္ငံေရးနဲ႔ ကင္းကင္းေနခဲ့တာပါ။ အခုဟာက ႏုိင္ငံေရးအတြက္ ပထမဆံုး ထည့္၀င္လွဴဒါန္းမႈ ျဖစ္ပါတယ္။”

Andrew Yang ကို ေထာက္ခံသူ အမ်ားအျပားကေတာ့ သူ႔ကို အင္တာနက္မွာ သတိထားမိခဲ့ၾကတာပါ။ Yang ကို ေထာက္ခံသူ အမ်ားအျပားကေတာ့ သူ႔ကို အာရွႏြယ္ဖြား အေမရိကန္ ျဖစ္တာေၾကာင့္ ေထာက္ခံတာမဟုတ္ဘဲ သူ႔ရဲ႕မူ၀ါဒေတြကို ေထာက္ခံတာလို႔ ေျပာၾကပါတယ္။

စက္ကိရိယာေတြနဲ႔ ဉာဏ္ရည္တုေတြက အလုပ္အကိုင္ေတြကို အစားထိုး ရယူသြားမယ္လို႔ Yang က ေျပာပါတယ္။ လူအစား စက္ေတြကို အစားထိုးအသံုးျပဳတဲ့ ကုမၸဏီေတြက အက်ိဳးအျမတ္ေတြနဲ႔ အရြယ္ေရာက္ၿပီးသူတဦးကို အေျခခံ၀င္ေငြအျဖစ္ တလကို ေဒၚလာ ၁၀၀၀ ေပးဖို႔ သူက အဆိုျပဳပါတယ္။ ေထာက္ခံသူ Winson Trang က အခုလို ေျပာပါတယ္။

“ေဒၚလာ ၁၀၀၀ ဆိုတာက လူအမ်ားအျပားအတြက္ စီးပြားေရးကို ခ်ိန္ညႇိႏိုင္မွာပါ။ အထူးသျဖင့္ အေမရိကန္မွာ အမ်ားအျပားက ရပ္တည္ေရးအတြက္ ႐ုန္းကန္ေနၾကရပါတယ္။ ရပ္တည္ေရးအတြက္ အလုပ္ ႏွစ္ခုသုံးခု လုပ္ေနၾကရပါတယ္။”

ေထာက္ခံသူ Austin Koh ကေတာ့ ေက်ာင္းတဖက္နဲ႔ အလုပ္မလုပ္ရေတာ့ဘူးေပါ့လုိ႔ ေျပာပါတယ္။

Donald Trump ရဲ႕ ဆန္႔က်င္ဘက္က သခ်ၤာႀကိဳက္တဲ့ အာရွအမ်ိဳးသားတေယာက္ ျဖစ္တာေၾကာင့္ သူက အသင့္ေတာ္ဆံုး ကိုယ္စားလွယ္ပါလို႔ Andrew Yang က ေျပာဆိုခဲ့ပါတယ္။

သခ်ၤာထူးခြ်န္တဲ့၊ ေတာ္တဲ့ အာရွသားဆိုၿပီး Yang က သူ႔ကိုယ္သူ ပံုေဖာ္တာကိုေတာ့ အာရွႏြယ္ဖြား အေမရိကန္အားလံုးကေတာ့ မေထာက္ခံပါဘူး။ Biola တကၠသိုလ္ လူမႈေဗဒပါေမာကၡ Nancy Wang Yuen ကေတာ့ အခုလို ေျပာပါတယ္။

“လူတေယာက္ကိုၾကည့္ၿပီး တစုတဖြဲ႔လံုးကို ခန္႔မွန္းတတ္တဲ့ ႏုိင္ငံတခုမွာ က်မတို႔ ေနေနရတယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္လည္း က်မ စိုးရိမ္ပါတယ္။ အာရွႏြယ္ဖြား အေမရိကန္ေတြဟာ သူတို႔ဘာသာ သီးသန္႔ေနတယ္ဆိုတဲ့ လူနည္းစု သမား႐ုိးက်ပံုစံမ်ိဳးေတြကို သူသံုးမွာပါ။ ဒါက အုပ္စုတခုလံုးကို အက်ံဳးမ၀င္ပါဘူး။”

Yang က သမား႐ုိးက် ပံုစံေတြကို တနည္းတဖံု ဆန္႔က်င္ပါတယ္။ လူမႈေဗဒပါေမာကၡ Nancy Wang Yuen ကေတာ့ အခုလို ေျပာပါတယ္။

“ေနာက္ၿပီး စကားလံုးေတြ ၾကမ္းၾကမ္းတမ္းတမ္းသံုးၿပီး သိပ္ကို ယဥ္ေက်း သိမ္ေမြ႔တာမ်ိဳး၊ ေနာက္ အေျပာင္းအလဲ သိပ္မလုပ္လိုတဲ့ အာရွႏြယ္ဖြားဆိုတာမ်ိဳးကို သူက ဆန္႔က်င္ျပမွာပါ။”

အခု လူထုစည္း႐ုံးေရးပြဲမွာ တက္ေရာက္လာၾကတဲ့ လူအေရအတြက္ေလာက္နဲ႔ကေတာ့ Yang အတြက္ ေမွ်ာ္လင့္ခ်က္က သိပ္မရွိေသးပါဘူး။

ဒါေပမယ့္ သူ႔ကိုေထာက္ခံသူ Winson Trang ကေတာ့ “လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းကလည္း Donald Trump အေၾကာင္းကို အလားတူ ေျပာခဲ့ၾကတာပဲ။ ေမွ်ာ္လင့္ခ်က္ သိပ္မရွိပါဘူးလို႔ ေျပာခဲ့ေပမယ့္ အခုေတာ့ သူက အိမ္ျဖဴေတာ္မွာ ေရာက္ေနၿပီေလ” လုိ႔ ေျပာပါတယ္။

အင္တာနက္ရဲ႕ စြမ္းရည္ကိုေတာ့ ေလွ်ာ့မတြက္ဖို႔ Yang နဲ႔ သူ႔ကို ေထာက္ခံသူေတြက ေျပာဆိုၾကပါတယ္။

-------------------------------------

(Unicode)

ကန်သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် အာရှနွယ်ဖွား

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Donald Trump ကို ပြိုင်မယ့် သမ္မတလောင်းတွေ တဒါဇင်ကျော်ရှိနေတဲ့ အထဲမှာ အာရှနွယ်ဖွား အမေရိကန် အသိုင်းအဝိုင်းထဲက ထွက်ပေါ်လာတဲ့ ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း တဦးကတော့ စွန့်ထွင်လုပ်ငန်းရှင် Andrew Yang ဖြစ်ပါတယ်။ ဒီမိုကရက်ပါတီရဲ့ ထိပ်တန်း သမ္မတကိုယ်စားလှယ်လောင်းသုံးဦး စာရင်းမှာ ဝင်ဖို့ မသေချာပေမယ့်လည်း Andrew Yang ဟာဆိုရင် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို အလေးအနက် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံးသော အာရှနွယ်ဖွား အမေရိကန် ကိုယ်စားလှယ်လောင်းတဦး ဖြစ်ပါတယ်။

လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမှာ ကျင်းပမယ့် ဒီမိုကရက်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းတွေရဲ့ စကားစစ်ထိုးပွဲမှာ သူ ပါဝင်ခွင့်ရထားပါတယ်။ Andrew Yang ရဲ့ လော့စ်အိန်ဂျလိစ်က လူထုစည်းရုံးရေးပွဲ တခုကနေ ဗွီအိုအေသတင်းထောက် Elizabeth Lee က သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ရော့ခ်ဂီတပွဲတခုနဲ့တောင် တူနေတဲ့ စည်းရုံးရေးပွဲမှာ Andrew Yang က သူ့ကို ထောက်ခံကြတဲ့ ငယ်ရွယ်တဲ့ နည်းပညာရှင်တွေကြားကနေ ထွက်ပေါ်လာပါတယ်။

“ဒီမိုကရက်တယောက်အနေနဲ့ သမ္မတရွေးကောက်ပွဲကို ဝင်ဖို့ ယှဉ်ပြိုင်တဲ့ ပထမဆုံးသော အာရှနွယ်ဖွား အမေရိကန် အမျိုးသားတဦး ဖြစ်ရတာကို သိပ်ကို ဂုဏ်ယူပါတယ်။” လို့ Andrew Yang က ပြောပါတယ်။

ထိုင်ဝမ်က မိဘတွေကနေ နယူးယောက်မှာ မွေးဖွားခဲ့သူ Yang က စွန့်ထွင်လုပ်ငန်းရှင်တဦး ဖြစ်ပါတယ်။ အဝတ်အစား စည်းကမ်းသတ်မှတ်ချက်တွေရှိတဲ့ အထက်တန်းကျောင်းမှာ သူက သိသာထင်ရှားသူတဦးအဖြစ် သူ့ကို မှတ်မိနေတဲ့ အတန်းဖော်တဦးလည်းဖြစ်သူ David Tsai က အခုလို ပြောပါတယ်။

“သူ့ကိုမေ့ဖို့ မလွယ်ဘူးလေ။ ကျနော်တို့ကို အားကစားအင်္ကျီ ဝတ်ရမယ်လို့ သတ်မှတ်ထားတာ သူက တခါတလေ ကုတ်အင်္ကျီအရှည် ဝတ်လာတတ်ပါတယ်။ သမ္မတရွေးကောက်ပွဲကို ကြုံသလို ဝင်ပြိုင်တဲ့သူ ဒါမှမဟုတ်လည်း အောင်မြင်မယ့်သူ မဟုတ်ဘူးဆိုပြီး ပြောကြသူတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် တကယ်တော့ အကြံဉာဏ်ကောင်းတွေနဲ့သာဆိုရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးတာပါ။”

Andrew Yang ကို ထောက်ခံသူတဦးဖြစ်တဲ့ Austin Koh ကတော့ အခုလို ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နောက် ၁၀ နှစ်၊ နှစ် ၂၀ လောက်မှာတောင် မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာပါ။ အနောက်ကမ္ဘာခြမ်းမှာ ကျနော်တို့ ရှိစေချင်တဲ့ အတိုင်းအတာမျိုး ကိုယ်စားပြုမှု မရှိပါဘူး။ ဒါကြောင့်လည်း ကျနော့်အတွက်တော့ မယုံကြည်နိုင်စရာပါ။ ဒါက ကြီးမားတဲ့ ခြေလှမ်းကြီးတရပ် ဖြစ်ပါတယ်။”

Andrew Yang ကို ထောက်ခံသူ Hong Alyce Van ကလည်း အခုလို ပြောပါတယ်။

“Andrew Yang အကြောင်း မကြားခင်ကအထိတော့ ကျမက နိုင်ငံရေးနဲ့ ကင်းကင်းနေခဲ့တာပါ။ အခုဟာက နိုင်ငံရေးအတွက် ပထမဆုံး ထည့်ဝင်လှူဒါန်းမှု ဖြစ်ပါတယ်။”

Andrew Yang ကို ထောက်ခံသူ အများအပြားကတော့ သူ့ကို အင်တာနက်မှာ သတိထားမိခဲ့ကြတာပါ။ Yang ကို ထောက်ခံသူ အများအပြားကတော့ သူ့ကို အာရှနွယ်ဖွား အမေရိကန် ဖြစ်တာကြောင့် ထောက်ခံတာမဟုတ်ဘဲ သူ့ရဲ့မူဝါဒတွေကို ထောက်ခံတာလို့ ပြောကြပါတယ်။

စက်ကိရိယာတွေနဲ့ ဉာဏ်ရည်တုတွေက အလုပ်အကိုင်တွေကို အစားထိုး ရယူသွားမယ်လို့ Yang က ပြောပါတယ်။ လူအစား စက်တွေကို အစားထိုးအသုံးပြုတဲ့ ကုမ္ပဏီတွေက အကျိုးအမြတ်တွေနဲ့ အရွယ်ရောက်ပြီးသူတဦးကို အခြေခံဝင်ငွေအဖြစ် တလကို ဒေါ်လာ ၁၀၀၀ ပေးဖို့ သူက အဆိုပြုပါတယ်။ ထောက်ခံသူ Winson Trang က အခုလို ပြောပါတယ်။

“ဒေါ်လာ ၁၀၀၀ ဆိုတာက လူအများအပြားအတွက် စီးပွားရေးကို ချိန်ညှိနိုင်မှာပါ။ အထူးသဖြင့် အမေရိကန်မှာ အများအပြားက ရပ်တည်ရေးအတွက် ရုန်းကန်နေကြရပါတယ်။ ရပ်တည်ရေးအတွက် အလုပ် နှစ်ခုသုံးခု လုပ်နေကြရပါတယ်။”

ထောက်ခံသူ Austin Koh ကတော့ ကျောင်းတဖက်နဲ့ အလုပ်မလုပ်ရတော့ဘူးပေါ့လို့ ပြောပါတယ်။

Donald Trump ရဲ့ ဆန့်ကျင်ဘက်က သင်္ချာကြိုက်တဲ့ အာရှအမျိုးသားတယောက် ဖြစ်တာကြောင့် သူက အသင့်တော်ဆုံး ကိုယ်စားလှယ်ပါလို့ Andrew Yang က ပြောဆိုခဲ့ပါတယ်။

သင်္ချာထူးချွန်တဲ့၊ တော်တဲ့ အာရှသားဆိုပြီး Yang က သူ့ကိုယ်သူ ပုံဖော်တာကိုတော့ အာရှနွယ်ဖွား အမေရိကန်အားလုံးကတော့ မထောက်ခံပါဘူး။ Biola တက္ကသိုလ် လူမှုဗေဒပါမောက္ခ Nancy Wang Yuen ကတော့ အခုလို ပြောပါတယ်။

“လူတယောက်ကိုကြည့်ပြီး တစုတဖွဲ့လုံးကို ခန့်မှန်းတတ်တဲ့ နိုင်ငံတခုမှာ ကျမတို့ နေနေရတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း ကျမ စိုးရိမ်ပါတယ်။ အာရှနွယ်ဖွား အမေရိကန်တွေဟာ သူတို့ဘာသာ သီးသန့်နေတယ်ဆိုတဲ့ လူနည်းစု သမားရိုးကျပုံစံမျိုးတွေကို သူသုံးမှာပါ။ ဒါက အုပ်စုတခုလုံးကို အကျုံးမဝင်ပါဘူး။”

Yang က သမားရိုးကျ ပုံစံတွေကို တနည်းတဖုံ ဆန့်ကျင်ပါတယ်။ လူမှုဗေဒပါမောက္ခ Nancy Wang Yuen ကတော့ အခုလို ပြောပါတယ်။

“နောက်ပြီး စကားလုံးတွေ ကြမ်းကြမ်းတမ်းတမ်းသုံးပြီး သိပ်ကို ယဉ်ကျေး သိမ်မွေ့တာမျိုး၊ နောက် အပြောင်းအလဲ သိပ်မလုပ်လိုတဲ့ အာရှနွယ်ဖွားဆိုတာမျိုးကို သူက ဆန့်ကျင်ပြမှာပါ။”

အခု လူထုစည်းရုံးရေးပွဲမှာ တက်ရောက်လာကြတဲ့ လူအရေအတွက်လောက်နဲ့ကတော့ Yang အတွက် မျှော်လင့်ချက်က သိပ်မရှိသေးပါဘူး။

ဒါပေမယ့် သူ့ကိုထောက်ခံသူ Winson Trang ကတော့ “လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလည်း Donald Trump အကြောင်းကို အလားတူ ပြောခဲ့ကြတာပဲ။ မျှော်လင့်ချက် သိပ်မရှိပါဘူးလို့ ပြောခဲ့ပေမယ့် အခုတော့ သူက အိမ်ဖြူတော်မှာ ရောက်နေပြီလေ” လို့ ပြောပါတယ်။

အင်တာနက်ရဲ့ စွမ်းရည်ကိုတော့ လျှော့မတွက်ဖို့ Yang နဲ့ သူ့ကို ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG