သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂရိရထား ၂ စင္းတိုက္မႈ ၃၆ ေယာက္ထက္မနည္းေသဆံုး


ဂရိႏိုင္ငံ ေအသင္ၿမိဳ႕ေျမာက္ဘက္ ၂၃၆ မိ္ုင္ အကြာ Tempe ၿမိဳ႕နားမွာျဖစ္ပြားခဲ့တဲ့ ရထား ၂စင္းတိုက္မိခဲ့ျမင္ကြင္း (မတ္ ၁၊၂၀၂၃)

ဂရိနိင္ငံမွာ ခရီးသည္တင္ ရထားတစီးနဲ႔ ကုန္တင္ရထားတစီး မ်က္ႏွာခ်င္းဆိုင္တိုက္မိရာက မီးေလာင္ကြၽမ္းခဲ့ၿပီးတဲ့အတြက္ ၃၆ ေယာက္ထက္မနည္း ေသဆံုးခဲ့ပါတယ္။ ၈၅ ေယာက္ထက္မနည္းလည္း ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ဂရိတာ၀န္ရွိသူေတြက ဒီကေန႔ မတ္လ ၁ ရက္ေန႔မွာ ေျပာပါတယ္။ ဒီရထားတိုက္မႈဟာ ေအသင္ၿမိဳ႕ေျမာက္ဘက္ ၂၃၆ မိ္ုင္ အကြာ Tempe ၿမိဳ႕နားမွာ ျဖစ္သြားခဲ့တာပါ။

အဂၤါေန႔ည သန္းေခါင္မတိုင္ခင္ေလးမွာ ျဖစ္သြားခဲ့ၿပီးတဲ့ ရထား ၂ စင္းတိုက္မႈေၾကာင့္ ရထားတြဲ အေတာ္မ်ားမ်ားလဲ လမ္းေခ်ာ္က်ၿပီး မီးေလာင္ကုန္တယ္လို႔ ဆိုပါတယ္။ တြန္႔ေကာက္ ပ်က္ဆီးေနတဲ့ ရထားတြဲေတြၾကားက အသက္ရွင္က်န္ရစ္သူေတြကို ကယ္တင္ႏိုင္ဖို႔ ကယ္ဆယ္ေရး၀န္ထမ္းေတြက ဒီကေန႔ ဗုဒၶဟူးေန႔ မိုးမလင္းခင္ထဲက မီးထြန္းၿပီး ညလုံးေပါက္ ရွာေဖြခဲ့ၾကပါတယ္။

ခရီးသည္တင္ ရထားဟာ Athens ကေန Thessaloniki ၿမိဳ႕ကိုလာတဲ့ ေျမာက္ဘက္ကို ေမာင္းလာတဲ့ ရထားျဖစ္ၿပီး ကုန္တင္ရထားကေတာ့ Thessaloniki ၿမိဳ႕ကေန ေတာင္ဘက္ Larissa ၿမိဳ႕ကို ဦးတည္သြားေနခဲ့တာပါ။ ရထားေပၚမွာ ခရီးသည္ ၃၅၀ ေလာက္ လိုက္ပါခဲ့ၿပီး ထိခိုက္ဒဏ္ရာ မရတဲ့သူေတြ၊ အနည္းအက်ဥ္းပဲ ထိခိုက္သူေတြ အားလုံးကို အခင္းျဖစ္ပြားတဲ့ေနရာရဲ႕ ေျမာက္ဘက္ မိုင္ ၈၀ ေလာက္ေဝးတဲ့ Thessaloniki ၿမိဳ႕ကို ဘတ္စကားေတြနဲ႔ ပို႔ေပးခဲ့ပါတယ္။

ကနဉီးထြက္လာတဲ့ သတင္းေတြအရ ထိခိုက္ဒဏ္ရာရသူေတြထဲမွာ အနည္းဆုံး၂၅ ေယာက္က စိုးရိမ္ရၿပီး ဒဏ္ရာျပင္းထန္တဲအ့ေၾကာင္း ကယ္ဆယ္ေရးလုပ္ကိုင္ေနသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဂရိရထား ၂ စင်းတိုက်မှု ၃၆ ယောက်ထက်မနည်းသေဆုံး
ဂရိနိင်ငံမှာ ခရီးသည်တင် ရထားတစီးနဲ့ ကုန်တင်ရထားတစီး မျက်နှာချင်းဆိုင်တိုက်မိရာက မီးလောင်ကျွမ်းခဲ့ပြီးတဲ့အတွက် ၃၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ၈၅ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဂရိတာဝန်ရှိသူတွေက ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ပြောပါတယ်။ ဒီရထားတိုက်မှုဟာ အေသင်မြို့မြောက်ဘက် ၂၃၆ မိုင် အကွာ Tempe မြို့နားမှာ ဖြစ်သွားခဲ့တာပါ။

အင်္ဂါနေ့ည သန်းခေါင်မတိုင်ခင်လေးမှာ ဖြစ်သွားခဲ့ပြီးတဲ့ ရထား ၂ စင်းတိုက်မှုကြောင့် ရထားတွဲ အတော်များများလဲ လမ်းချော်ကျပြီး မီးလောင်ကုန်တယ်လို့ ဆိုပါတယ်။ တွန့်ကောက် ပျက်ဆီးနေတဲ့ ရထားတွဲတွေကြားက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့ မိုးမလင်းခင်ထဲက မီးထွန်းပြီး ညလုံးပေါက် ရှာဖွေခဲ့ကြပါတယ်။

ခရီးသည်တင် ရထားဟာ Athens ကနေ Thessaloniki မြို့ကိုလာတဲ့ မြောက်ဘက်ကို မောင်းလာတဲ့ ရထားဖြစ်ပြီး ကုန်တင်ရထားကတော့ Thessaloniki မြို့ကနေ တောင်ဘက် Larissa မြို့ကို ဦးတည်သွားနေခဲ့တာပါ။ ရထားပေါ်မှာ ခရီးသည် ၃၅၀ လောက် လိုက်ပါခဲ့ပြီး ထိခိုက်ဒဏ်ရာ မရတဲ့သူတွေ၊ အနည်းအကျဉ်းပဲ ထိခိုက်သူတွေ အားလုံးကို အခင်းဖြစ်ပွားတဲ့နေရာရဲ့ မြောက်ဘက် မိုင် ၈၀ လောက်ဝေးတဲ့ Thessaloniki မြို့ကို ဘတ်စကားတွေနဲ့ ပို့ပေးခဲ့ပါတယ်။

ကနဉီးထွက်လာတဲ့ သတင်းတွေအရ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အနည်းဆုံး၂၅ ယောက်က စိုးရိမ်ရပြီး ဒဏ်ရာပြင်းထန်တဲအ့ကြောင်း ကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။

XS
SM
MD
LG