ျမန္မာႏိုင္ငံမွာ ႏိုင္ငံျခားအမွတ္တံဆိပ္ေတြ ခ်ဳပ္လုပ္ေပးေနတဲ့ အထည္ခ်ဳပ္စက္႐ုံေတြ တခုၿပီးတခုပိတ္ေနတဲ့အတြက္ အလုပ္သမားအမ်ားအျပား အလုပ္လက္မဲ့ျဖစ္မယ့္ လမ္းကို ဦးတည္ေနတယ္လို႔ အလုပ္သမားေရးရာ အဖြဲ႕ေတြက သတိေပးလိုက္ပါတယ္။ အလုပ္လက္မဲ့ျဖစ္သြားတဲ့ အလုပ္သမားေတြအေနနဲ႔ ေနာက္ထပ္ အလုပ္ျပန္ရဖို႔ မေရရာတဲ့ အေျခအေနမ်ိဳး ႀကဳံေနၾကရပါတယ္။ ရန္ကုန္ကလာတဲ့သထတင္းကို ကိုစည္သူက တင္ျပထားပါတယ္။
အိုင္ယာလန္ႏိုင္ငံအေျခစိုက္ Primark ကုမၼဏီအတြက္ အဝတ္အထည္ေတြကို ခ်ဳပ္လုပ္ေပးေနတဲ့ ေ႐ႊျပည္သာ ဝါးတရာစက္မႈဇုံက အထည္ခ်ဳပ္စက္႐ုံ ၂ ႐ုံဟာ ခ်ဳပ္ထည္ေအာ္ဒါသစ္ေတြ ထပ္မရေတာ့တာေၾကာင့္ မေန႔ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က အၿပီးပိတ္လိုက္ပါတယ္။ အလုပ္သမားစုစုေပါင္း ၂,၀၀၀ ေက်ာ္ လုပ္ကိုင္ေနၾကတဲ့ တ႐ုတ္ႏိုင္ငံသားပိုင္ GTIG နဲ႔ GY Sen စက္႐ုံ ၂ ခုကို ပိတ္လိုက္တာျဖစ္ပါတယ္။ စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္မွာ ႏိုင္ငံတကာက နာမည္ႀကီးတံဆိပ္ေတြ ျမန္မာႏိုင္ငံထဲကေန တျဖည္းျဖည္း ထြက္ခြာေနၾကပါတယ္။ လက္ရွိႏိုင္ငံတကာကုမၸဏီေတြ မွာထားတဲ့အထည္ခ်ဳပ္အမွာေတြ ဧၿပီလမွာ ေအာ္ဒါျပတ္သြားေတာ့မွာမို႔ အဲဒီေနာက္ပိုင္းဆို ပိုဆိုးလာႏိုင္တယ္လို႔လည္း တြက္ဆမႈေတြ ရွိေနပါတယ္။ ႏိုင္ငံျခားက အမွတ္တံဆိပ္ေအာ္ဒါေတြ ထပ္မရေတာ့ဘူးဆိုရင္ စက္႐ုံပိတ္သိမ္းမႈေတြေၾကာင့္ အလုပ္သမား သိန္းခ်ီၿပီး အလုပ္ဆုံးရႈံးႏိုင္ေၾကာင္း အလုပ္သမားေရးရာ အဖြဲ႕ေတြက ခန႔္မွန္းထားပါတယ္။ အမွတ္တံဆိပ္ တခုထဲက ေအာ္ဒါေတြကို သီးသန႔္ခ်ဳပ္လုပ္တဲ့ စက္႐ုံေတြ ပိုၿပီးထိခိုက္ႏိုင္တာကို ေသြးစည္းညီၫြတ္ေသာ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ STUM ရဲ႕ တာဝန္ရွိသူ ေဒၚမ်ိဳးေအးက အခုလို ေျပာျပပါတယ္။
"တကယ္ထြက္ခြာမယ္လို႔ေျပာတဲ့ Brand ေတြအားလုံး ထြက္ခြာမယ္၊ တျခားေအာ္ဒါေတြလည္း အဲဒီစက္႐ုံေတြက မရွာႏိုင္ဘူးဆိုရင္ေတာ့ သိန္းခ်ီတဲ့ အလုပ္သမားေတြဟာ အလုပ္လက္မဲ့ ျဖစ္သြားမယ္လို႔ ယူဆတယ္။ ဒါေပမဲ့ တခ်ိဳ႕က Brand တခုတည္းအေပၚ မွီခိုၿပီး ေနတာမဟုတ္ဘူး၊ တျခားဟာေတြလည္း ခ်ဳပ္ၾကတယ္ေလ။"
စက္႐ုံေတြ ပိတ္သိမ္းသြားတဲ့အခါမွာ အလုပ္သမားေတြရဲ႕ နစ္နာေၾကး ရပိုင္ခြင့္နဲ႔ အခြင့္အေရးေတြအတြက္ ႏိုင္ငံတကာဥပေဒအတိုင္း လုပ္ဖို႔ လိုအပ္ေၾကာင္း အလုပ္သမားေရးရာ အဖြဲ႕ေတြက ေျပာပါတယ္။ တခ်ိဳ႕စက္႐ုံေတြဟာ အလုပ္သမားဝန္ႀကီးဌာနကို ႀကိဳတင္ အသိေပးတာမ်ိဳးမရွိဘဲ ႐ုတ္ခ်ည္းပိတ္လိုက္တာမ်ိဳး၊ ပိတ္တဲ့ရက္မွ အသိေပးတာမ်ိဳးေတြ ရွိေနတာကို သူကေထာက္ျပပါတယ္။
"ျပည္တြင္းထဲကေန ထြက္ခြာမယ္လို႔ ေျပာတဲ့အထဲမွာ Primark ကေတာ့ ၂၀၂၃ မတ္လအကုန္မွာ အၿပီး ထြက္သြားမယ္လို႔ သူကေျပာခဲ့တယ္။ က်န္တဲ့ Brand ေတြကေတာ့ ထြက္ခြာဖို႔ ျပင္ဆင္ေနတယ္၊ တဆင့္ခ်င္းစီ ထြက္ခြာဖို႔အတြက္ကို step by step လုပ္တယ္။ သူတို႔ ထြက္ခြာသြားတဲ့အခ်ိန္မွာ ေနာက္ထပ္ေအာ္ဒါေတြ ရတဲ့အေနအထားမ်ိဳးေတြ ဘယ္လိုလဲတို႔ အဲဒီေအာ္ဒါေတြရေအာင္ ေစာင့္တယ္တို႔ၾကားတယ္။
တကယ္လို႔ စည္းကမ္းနဲ႔ မညီေဆာင္႐ြက္တဲ့ လုပ္ငန္းေတြကို သူတို႔အေနနဲ႔ အေရးယူႏိုင္ဖို႔ ေဆာင္႐ြက္သြားမယ့္ အစီအစဥ္ေတြကိုလည္း STUM ရဲ႕ တာဝန္ရွိသူက ခုလိုေျပာပါတယ္။
“က်မတို႔လည္း သိပ္မၾကာခင္မွာ အလုပ္ပိတ္သိမ္း ထြက္ခြာတာနဲ႔ ပတ္သက္ၿပီး လုပ္ငန္းေတြဘက္ ေဆာင္ရန္ေရွာင္ရန္ေတြ လုပ္ရမယ့္အခ်က္ေတြကို IndustriALL ကမာၻ႔သမဂၢနဲ႔ အလုပ္သမားသမဂၢနဲ႔ brand ေတြနဲ႔ စကားေျပာထားတဲ့ အခ်က္ေတြ၊ ညႇိႏႈိင္း သေဘာတူထားတဲ့ အခ်က္ေတြကို အဂၤလိပ္ဗားရွင္းနဲ႔ ဖတ္ရၿပီေပါ့ေနာ္ အဲဒါကို ျမန္မာလိုက်မတို႔ ဘာသာျပန္ၿပီးေတာ့ အဲဒါကို ေသခ်ာၾကည့္မယ္ ၾကည့္ၿပီးရင္ ဒီbrandေတြ တဆင့္ခ်င္း ထြက္ခြာတဲ့အခါမွာ တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိဘဲ ထြက္သြားတာမ်ိဳးေတြ ဆိုရင္ေတာ့ က်မတို႔က brand ကို ဆက္လက္ၿပီးေတာ့ တိုင္ၾကားတာတို႔ ေဖာ္ထုတ္တာတို႔ လုပ္မယ္ေပါ့ေနာ္။"
ေဖေဖာ္ဝါရီ ၂၈ရက္က ပိတ္သိမ္းလိုက္တဲ့ GTIG နဲ႔ GY Sen စက္႐ုံဟာ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြဆီကို ပိတ္သိမ္းေၾကာင္း စာတင္ခဲ့ေပမဲ့ ယာယီပိတ္မွာလား၊ အၿပီးပိတ္တာလားဆိုတာ အလုပ္သမားေတြဘက္က မသိရွိရပါဘူး။ အလုပ္သမားေတြကို အလုပ္ထုတ္ နစ္နာေၾကးသာရခဲ့ၿပီး ေလ်ာ္ေၾကးေတာ့ မရရွိေသးပါဘူး။ GY Sen စက္႐ုံရဲ႕ ဝန္ထမ္းတဦးက အခုလိုေျပာပါတယ္။
"ဒီလိုက်ပ္တည္းေနတဲ့အခ်ိန္မွာ စက္႐ုံက ျဗဳန္းစားႀကီး ထပိတ္လိုက္တဲ့အခ်ိန္မွာ တခ်ိဳ႕ဝန္ထမ္းေတြဆိုရင္ အလုပ္လက္မဲ့ ျဖစ္သြားတာ ေတာ္ေတာ္မ်ားေပါ့၊ တခ်ိဳ႕ၾကေတာ့ တျခားစက္႐ုံေတြမွာ အလုပ္ဝင္ေလွ်ာက္ၾကတယ္၊ တခ်ိဳ႕က အလုပ္ေလွ်ာက္လို႔မရဘူး နယ္ျပန္ၾကတယ္။ အထူးသျဖင့္ ေယာက်္ားေလးေတြေပါ့ေနာ္။ ေယာက်္ားေလေတြက အရမ္းကို ခက္ခဲသြားတဲ့ အေနအထားတခု ျဖစ္သြားတယ္။ ေတာ္႐ုံလုပ္ငန္းခြင္က ေယာက်္ားေလးေတြကို မေခၚၾကဘူး။ ဝန္ထမ္းေတြအတြက္က ေတာ္ေတာ္ေလးကို ထိခိုက္မႈ၊ နစ္နာမႈရွိတယ္။"
ဥပေဒအရဆိုရင္ နစ္နာေၾကး အလုပ္လစာ ၃ လေပးရမွာျဖစ္ေပမဲ့ အခုအလုပ္သမားေတြအေနနဲ႔ ဘယ္ႏွလစာ ညႇိဳႏႈိင္းရရွိတယ္ဆိုေတာ့ မသိရပါဘူး။ အခ်ိန္ပို အတင္းအက်ပ္ေစခိုင္းတာ၊ လုပ္ခလစာေခါင္းပုံျဖတ္တာ၊ တျခားစိတ္ပိုင္းဆိုင္ရာ ဖိႏွိပ္မႈေတြေၾကာင့္ အလုပ္သမားေတြနဲ႔ စက္႐ုံေတြၾကားက ပဋိပကၡေတြလည္း ပိုမ်ားလာေနပါတယ္။
{Unicode}
အထည်ချုပ်စက်ရုံတွေပိတ်ကုန်လို့ အလုပ်လက်မဲ့များလာနိုင်
မြန်မာနိုင်ငံမှာ နိုင်ငံခြားအမှတ်တံဆိပ်တွေ ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ်စက်ရုံတွေ တခုပြီးတခုပိတ်နေတဲ့အတွက် အလုပ်သမားအများအပြား အလုပ်လက်မဲ့ဖြစ်မယ့် လမ်းကို ဦးတည်နေတယ်လို့ အလုပ်သမားရေးရာ အဖွဲ့တွေက သတိပေးလိုက်ပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေအနေနဲ့ နောက်ထပ် အလုပ်ပြန်ရဖို့ မရေရာတဲ့ အခြေအနေမျိုး ကြုံနေကြရပါတယ်။ ရန်ကုန်ကလာတဲ့သထတင်းကို ကိုစည်သူက တင်ပြထားပါတယ်။
အိုင်ယာလန်နိုင်ငံအခြေစိုက် Primark ကုမ္မဏီအတွက် အဝတ်အထည်တွေကို ချုပ်လုပ်ပေးနေတဲ့ ရွှေပြည်သာ ဝါးတရာစက်မှုဇုံက အထည်ချုပ်စက်ရုံ ၂ ရုံဟာ ချုပ်ထည်အော်ဒါသစ်တွေ ထပ်မရတော့တာကြောင့် မနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အပြီးပိတ်လိုက်ပါတယ်။ အလုပ်သမားစုစုပေါင်း ၂,၀၀၀ ကျော် လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားပိုင် GTIG နဲ့ GY Sen စက်ရုံ ၂ ခုကို ပိတ်လိုက်တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်မှာ နိုင်ငံတကာက နာမည်ကြီးတံဆိပ်တွေ မြန်မာနိုင်ငံထဲကနေ တဖြည်းဖြည်း ထွက်ခွာနေကြပါတယ်။ လက်ရှိနိုင်ငံတကာကုမ္ပဏီတွေ မှာထားတဲ့အထည်ချုပ်အမှာတွေ ဧပြီလမှာ အော်ဒါပြတ်သွားတော့မှာမို့ အဲဒီနောက်ပိုင်းဆို ပိုဆိုးလာနိုင်တယ်လို့လည်း တွက်ဆမှုတွေ ရှိနေပါတယ်။ နိုင်ငံခြားက အမှတ်တံဆိပ်အော်ဒါတွေ ထပ်မရတော့ဘူးဆိုရင် စက်ရုံပိတ်သိမ်းမှုတွေကြောင့် အလုပ်သမား သိန်းချီပြီး အလုပ်ဆုံးရှုံးနိုင်ကြောင်း အလုပ်သမားရေးရာ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ အမှတ်တံဆိပ် တခုထဲက အော်ဒါတွေကို သီးသန့်ချုပ်လုပ်တဲ့ စက်ရုံတွေ ပိုပြီးထိခိုက်နိုင်တာကို သွေးစည်းညီညွတ်သော အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် STUM ရဲ့ တာဝန်ရှိသူ ဒေါ်မျိုးအေးက အခုလို ပြောပြပါတယ်။
"တကယ်ထွက်ခွာမယ်လို့ပြောတဲ့ Brand တွေအားလုံး ထွက်ခွာမယ်၊ တခြားအော်ဒါတွေလည်း အဲဒီစက်ရုံတွေက မရှာနိုင်ဘူးဆိုရင်တော့ သိန်းချီတဲ့ အလုပ်သမားတွေဟာ အလုပ်လက်မဲ့ ဖြစ်သွားမယ်လို့ ယူဆတယ်။ ဒါပေမဲ့ တချို့က Brand တခုတည်းအပေါ် မှီခိုပြီး နေတာမဟုတ်ဘူး၊ တခြားဟာတွေလည်း ချုပ်ကြတယ်လေ။"
စက်ရုံတွေ ပိတ်သိမ်းသွားတဲ့အခါမှာ အလုပ်သမားတွေရဲ့ နစ်နာကြေး ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေအတွက် နိုင်ငံတကာဥပဒေအတိုင်း လုပ်ဖို့ လိုအပ်ကြောင်း အလုပ်သမားရေးရာ အဖွဲ့တွေက ပြောပါတယ်။ တချို့စက်ရုံတွေဟာ အလုပ်သမားဝန်ကြီးဌာနကို ကြိုတင် အသိပေးတာမျိုးမရှိဘဲ ရုတ်ချည်းပိတ်လိုက်တာမျိုး၊ ပိတ်တဲ့ရက်မှ အသိပေးတာမျိုးတွေ ရှိနေတာကို သူကထောက်ပြပါတယ်။
"ပြည်တွင်းထဲကနေ ထွက်ခွာမယ်လို့ ပြောတဲ့အထဲမှာ Primark ကတော့ ၂၀၂၃ မတ်လအကုန်မှာ အပြီး ထွက်သွားမယ်လို့ သူကပြောခဲ့တယ်။ ကျန်တဲ့ Brand တွေကတော့ ထွက်ခွာဖို့ ပြင်ဆင်နေတယ်၊ တဆင့်ချင်းစီ ထွက်ခွာဖို့အတွက်ကို step by step လုပ်တယ်။ သူတို့ ထွက်ခွာသွားတဲ့အချိန်မှာ နောက်ထပ်အော်ဒါတွေ ရတဲ့အနေအထားမျိုးတွေ ဘယ်လိုလဲတို့ အဲဒီအော်ဒါတွေရအောင် စောင့်တယ်တို့ကြားတယ်။
တကယ်လို့ စည်းကမ်းနဲ့ မညီဆောင်ရွက်တဲ့ လုပ်ငန်းတွေကို သူတို့အနေနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမယ့် အစီအစဉ်တွေကိုလည်း STUM ရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။
“ကျမတို့လည်း သိပ်မကြာခင်မှာ အလုပ်ပိတ်သိမ်း ထွက်ခွာတာနဲ့ ပတ်သက်ပြီး လုပ်ငန်းတွေဘက် ဆောင်ရန်ရှောင်ရန်တွေ လုပ်ရမယ့်အချက်တွေကို IndustriALL ကမ္ဘာ့သမဂ္ဂနဲ့ အလုပ်သမားသမဂ္ဂနဲ့ brand တွေနဲ့ စကားပြောထားတဲ့ အချက်တွေ၊ ညှိနှိုင်း သဘောတူထားတဲ့ အချက်တွေကို အင်္ဂလိပ်ဗားရှင်းနဲ့ ဖတ်ရပြီပေါ့နော် အဲဒါကို မြန်မာလိုကျမတို့ ဘာသာပြန်ပြီးတော့ အဲဒါကို သေချာကြည့်မယ် ကြည့်ပြီးရင် ဒီbrandတွေ တဆင့်ချင်း ထွက်ခွာတဲ့အခါမှာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ထွက်သွားတာမျိုးတွေ ဆိုရင်တော့ ကျမတို့က brand ကို ဆက်လက်ပြီးတော့ တိုင်ကြားတာတို့ ဖော်ထုတ်တာတို့ လုပ်မယ်ပေါ့နော်။"
ဖေဖော်ဝါရီ ၂၈ရက်က ပိတ်သိမ်းလိုက်တဲ့ GTIG နဲ့ GY Sen စက်ရုံဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို ပိတ်သိမ်းကြောင်း စာတင်ခဲ့ပေမဲ့ ယာယီပိတ်မှာလား၊ အပြီးပိတ်တာလားဆိုတာ အလုပ်သမားတွေဘက်က မသိရှိရပါဘူး။ အလုပ်သမားတွေကို အလုပ်ထုတ် နစ်နာကြေးသာရခဲ့ပြီး လျော်ကြေးတော့ မရရှိသေးပါဘူး။ GY Sen စက်ရုံရဲ့ ဝန်ထမ်းတဦးက အခုလိုပြောပါတယ်။
"ဒီလိုကျပ်တည်းနေတဲ့အချိန်မှာ စက်ရုံက ဗြုန်းစားကြီး ထပိတ်လိုက်တဲ့အချိန်မှာ တချို့ဝန်ထမ်းတွေဆိုရင် အလုပ်လက်မဲ့ ဖြစ်သွားတာ တော်တော်များပေါ့၊ တချို့ကြတော့ တခြားစက်ရုံတွေမှာ အလုပ်ဝင်လျှောက်ကြတယ်၊ တချို့က အလုပ်လျှောက်လို့မရဘူး နယ်ပြန်ကြတယ်။ အထူးသဖြင့် ယောကျ်ားလေးတွေပေါ့နော်။ ယောကျ်ားလေတွေက အရမ်းကို ခက်ခဲသွားတဲ့ အနေအထားတခု ဖြစ်သွားတယ်။ တော်ရုံလုပ်ငန်းခွင်က ယောကျ်ားလေးတွေကို မခေါ်ကြဘူး။ ဝန်ထမ်းတွေအတွက်က တော်တော်လေးကို ထိခိုက်မှု၊ နစ်နာမှုရှိတယ်။"
ဥပဒေအရဆိုရင် နစ်နာကြေး အလုပ်လစာ ၃ လပေးရမှာဖြစ်ပေမဲ့ အခုအလုပ်သမားတွေအနေနဲ့ ဘယ်နှလစာ ညှိုနှိုင်းရရှိတယ်ဆိုတော့ မသိရပါဘူး။ အချိန်ပို အတင်းအကျပ်စေခိုင်းတာ၊ လုပ်ခလစာခေါင်းပုံဖြတ်တာ၊ တခြားစိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေကြောင့် အလုပ်သမားတွေနဲ့ စက်ရုံတွေကြားက ပဋိပက္ခတွေလည်း ပိုများလာနေပါတယ်။