သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္း ၃၀ ရာခုိင္ႏႈန္းေက်ာ္ က်ဆင္း


ေရႊျပည္သာၿမိဳ႕နယ္ရွိ အထည္ခ်ဳပ္စက္႐ံု လုပ္ငန္းခြင္တခု။ (စက္တင္ဘာ ၁၈၊ ၂၀၁၅)

(Zawgyi / Unicode)

COVID-19 ႐ိုက္ခတ္ခ်က္ေၾကာင့္ ထိခိုက္က်ဆင္းေနတဲ့ ျမန္မာႏုိင္ငံရဲ႕ စီးပြားေရးက႑ဟာ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္မွာ ပိုမိုထိခိုက္ က်ဆင္းခဲ့ပါတယ္။ အဲဒီအထဲမွာ အလုပ္သမား ၅ သိန္းေလာက္ကို အလုပ္ေပးထားတဲ့ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းလည္း ပါဝင္ပါတယ္။ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းရဲ႕ ၃၀ ရာႏႈန္းေက်ာ္ေလာက္ က်ဆင္းသြားခဲ့ပါတယ္။ ဒီအေျခအေနေတြကို ကိုေဇာ္မိုးေက်ာ္ တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံက အထည္ခ်ဳပ္လုပ္ငန္းဟာ ၂၀၁၉ ခုႏွစ္ ကုိဗစ္စတင္ျဖစ္ပြားခ်ိန္ ပထမလႈိင္း ကာလမွာ ႏိုင္ငံတကာက လုပ္ငန္းေတြ ရပ္ဆိုင္းခဲ့တဲ့အတြက္ ထိခိုက္မႈေတြ ရွိခဲ့ပါတယ္။ စက္႐ုံတခ်ိဳ႕ ရပ္ဆိုင္းခဲ့ရၿပီး တင္ပို႔မႈေတြလည္း ထိုးက်သြားခဲ့ပါတယ္။

ဒါေပမယ့္ ဒုတိယလႈိင္းျဖစ္စဥ္ ၂၀၂၀ ခုႏွစ္အတြင္းမွာ အထည္ခ်ဳပ္လုပ္ငန္းရွင္ေတြ အေနနဲ႔ အေတြ႔အႀကဳံ ရလာတဲ့အတြက္ လုပ္ငန္းေတြ အနည္းငယ္ ျပန္လည္တည္ၿငိမ္လာခဲ့ပါတယ္။ လုပ္ငန္းအပ္ထည္ေတြ အေတာ္မ်ားမ်ား စာခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ကိုဗစ္တတိယလႈိင္းဟာ အလြန္ျပင္းထန္ခဲ့တာရယ္ စစ္တပ္က အာဏာသိမ္းခဲ့ၿပီး ႏုိင္ငံေရး မတည္ၿငိမ္မႈေတြရယ္ေၾကာင့္ ျမန္မာႏိုင္ငံက အထည္ခ်ဳပ္လုပ္ငန္းေတြ ထိုးက်သြားခဲ့ပါတယ္။ အထည္ခ်ဳပ္ငန္းရွင္တဦးလည္းျဖစ္ ျမန္မာႏိုင္ငံ အထည္ခ်ဳပ္အသင္း အမႈေဆာင္အဖြဲ႔ဝင္တဦးလည္း ျဖစ္တဲ့ ေဒၚရင္ရင္မိုးက အခုလို ရွင္းျပပါတယ္။

“ဒီ ကိုဗစ္တတိယလႈိင္းမွာ လူေတြအေတာ္မ်ားမ်ားက က်န္းမာေရး ထိခိုက္ကုန္တယ္။ စက္႐ုံေတြမွာကို Production (ထုတ္လုပ္မႈ) က လုံးဝ ကြင္းဆက္ခ်ိတ္လို႔ မရေတာ့ဘူး။ ကေလးေတြက (အလုပ္သမား) အကုန္လုံး ေတာက္ေလွ်ာက္ ခြင့္ယူကုန္တယ္။ ၁,၀၀၀ ရွိတဲ့ ႐ုံမွာဆိုရင္ လူဦးေရ ၄၀၀ ေလာက္ ပ်က္တယ္ရွင့္။ ဆိုေတာ့ ၄၀ ရာႏႈန္းေလာက္က ႐ုံထဲမွာမရွိေတာ့ဘူး ဆိုတဲ့အခါက်ေတာ့ အလုပ္က ဘယ္လိုမွ လုပ္လို႔မရေတာ့ဘူး။ အဲဒီမွာ မေမွ်ာ္လင့္ဘဲနဲ႔ အခုလိုမ်ိဳး စစ္ေကာင္စီ အာဏာသိမ္းတဲ့ အေျခအေနနဲ႔ သြားၿပီးႀကဳံတဲ့အခါမွာ အခ်ိန္က အံကိုက္လိုမ်ိဳး ထပ္ၿပီးေတာ့ ႀကဳံေတြ႔ရတဲ့ အခါမွာေတာ့ က်မတို႔ အေတာ္မ်ားမ်ား နာလန္မထူႏိုင္ေတာ့ဘူး။ အဲဒီအေျခအေနမွာ ေအာ္ဒါေတြက မတ္လေလာက္ကတည္းက စၿပီးေတာ့ အားလုံးက Cancel (ပယ္ဖ်က္) ေတြ ျဖစ္ကုန္တယ္။ အေျခအေနေတြ ကစဥ့္ကလ်ားေတြ ျဖစ္ကုန္တယ္ေပါ့ေနာ္။ ေမလေလာက္မွာ စက္႐ုံအေတာ္မ်ားမ်ား ပိတ္သြားတယ္။”

ကုိေဇာ္မုိးေက်ာ္ - ေနာက္တခုက ဘာျဖစ္လို႔ ႏိုင္ငံတခ်ိဳ႕ရဲ႕ အပ္ထည္အမွာေတြ ရပ္ဆိုင္းသြားတာလဲခင္ဗ်။ ဘာျဖစ္လို႔ Cancel လုပ္သြားတာလဲခင္ဗ်။

ေဒၚရင္ရင္မုိး - “Cancel (အမွာဖ်က္သိမ္း) သြားတယ္ဆိုတာက ဒီ ျမန္မာျပည္ႏိုင္ငံေရး မတည္ၿငိမ္တာရယ္၊ ေနာက္တခါ အခုလိုမ်ိဳး စစ္ေကာင္စီ သိမ္းတဲ့အခ်ိန္မွာ စက္မႈဇုန္တခ်ိဳ႕ကို သူတို႔က ဒီ စီးပြားပိတ္ဆို႔ ဧရိယာအျဖစ္ သတ္မွတ္လိုက္တယ္ေပါ့။ ေနာက္ၿပီးေတာ့ ဥေရာပေအာ္ဒါ အေတာ္မ်ားမ်ားက ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရး မတည္ၿငိမ္မႈအေပၚမွာ စိုးရိမ္ေၾကာင့္ၾကၿပီး သူတို႔ တျခားႏိုင္ငံေတြကို ခ်က္ခ်င္း ႐ုတ္တရက္ ေရႊ႕သြားတယ္။ ပိတ္ဆို႔ဆိုတဲ့ ကိစၥကလည္း ေနာက္ဆက္တြဲ ပါလာတယ္ေပါ့။ အဲဒါေၾကာင့္ ေအာ္ဒါေတြ အကုန္ Cancel ျဖစ္သြားတယ္။”

စစ္အာဏာသိမ္းၿပီးေနာက္ အထည္ခ်ဳပ္လုပ္ငန္း အပ္ထည္အမွာေတြက ျမန္မာႏိုင္ငံကေန ဗီယက္နမ္လိုႏိုင္ငံကို အဓိကေရႊ႕သြားတယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္ လာအို၊ ကေမၻာဒီးယား၊ အင္ဒိုနီးရွားနဲ႔ ဘဂၤလားေဒ့ရွ္လို ႏိုင္ငံေတြကို ေရႊ႕သြားပါတယ္။ ၿပီးခဲ့တဲ့ မတ္လထဲတုန္းကလည္း ဥေရာပကုမၸဏီျဖစ္တဲ့ H and M လို ကမၻာေက်ာ္ အထည္ကုမၸဏီေတြဟာ လူ႔အခြင့္အေရးအဖြဲ႔ေတြရဲ႕ ေတာင္းဆိုမႈေတြေၾကာင့္ ျမန္မာႏိုင္ငံက အထည္ခ်ဳပ္လုပ္ငန္းေတြကို ရပ္ဆိုင္းခဲ့ပါတယ္။ ဒီလို အခက္အခဲေတြေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းရဲ႕ ဝင္ေငြေတြ ထိုးက်သြားခဲ့တယ္လို႔ ဆိုပါတယ္။

ILO အလုပ္သမားအဖြဲ႔ခ်ဳပ္ရဲ႕ စာရင္းအရ ၂၀၁၉ ခုႏွစ္တုန္းက ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းရဲ႕ ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၅ ဘီလီယံ၊ ေဒၚလာသန္း ၅,၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ ျမန္မာ့တင္ပို႔ကုန္အားလုံးရဲ႕ ၂၈ ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။ အခုအခါမွာေတာ့ ရာခိုင္ႏႈန္း အေတာ္မ်ားမ်ား က်ဆင္းသြားပါတယ္။

အထည္ခ်ဳပ္အသင္းရဲ႕ စာရင္းဇယားေတြအရ ျမန္မာႏိုင္ငံမွာ အထည္ခ်ဳပ္စက္႐ုံေပါင္း ၇၃၄ ႐ုံေက်ာ္ ရွိခဲ့ပါတယ္။ ဒါေပမယ့္ အခုေနာက္ဆုံး စာရင္းေတြအရက စက္႐ုံေပါင္း ၄၄၅ ႐ုံသာ ဆက္လက္လည္ပတ္ႏိုင္ပါေတာ့တယ္။ ကိုဗစ္စျဖစ္ၿပီးကတည္းက အခုအခ်ိန္အထိ စက္႐ုံေပါင္း ၂၈၉ ႐ုံ ပိတ္လိုက္ရပါတယ္။ ၃၀ ရာခုိင္ႏႈန္းေက်ာ္ေလာက္ က်ဆင္းသြားတယ္လို႔ ဆိုရမွာပါ။

ျမန္မာႏိုင္ငံရဲ႕ အထည္ခ်ဳပ္လုပ္ငန္းဟာ ႏွစ္ေပါင္း ၃၀ ေက်ာ္ရွိပါၿပီ။ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္း စစ္တပ္အစိုးရလက္ထက္ ၂၀၀၂၊ ၂၀၀၃ တုန္းကလည္း ႏိုင္ငံတကာ ပိတ္ဆို႔အေရးယူမႈေတြေၾကာင့္ စက္႐ုံေတြပိတ္ရၿပီး ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္း ရပ္ဆိုင္းသြားခဲ့ဖူးပါတယ္။ အထည္ခ်ဳပ္လုပ္ငန္းဟာ သယံဇာတေရာင္းတဲ့ လုပ္ငန္းမ်ိဳး မဟုတ္ဘဲ တိုင္းျပည္ရဲ႕ တကယ့္ကုန္ထုတ္လုပ္ငန္း ျဖစ္ပါတယ္။ လုပ္ငန္းေတြ ရပ္ဆိုင္းသြားရင္ ေအာက္ေျခလူတန္းစားေတြပဲ ထိခိုက္ႏုိင္တယ္လို႔ ေဒၚရင္ရင္မိုးက ေျပာပါတယ္။

“ဒီလိုမ်ိဳး ႏိုင္ငံေရး အက်ပ္အတည္းၾကားထဲ အထည္ခ်ဳပ္ေတြကို ႏိုင္ငံတကာက ပိတ္ဆုိ႔တဲ့အထဲမွာ မပါသင့္ဘူးလို႔ က်မတို႔ထင္ပါတယ္။ အဲဒီအတြက္လည္း က်မတို႔ အသနားခံတဲ့ Statement (ေၾကညာခ်က္) ေတြလည္း ဟို ႀကိဳးစားၿပီး ေပးပို႔ပါတယ္။ အဲဒါေတြကေတာ့ လုပ္သားမ်ားစြာရဲ႕ စားဝတ္ေနေရး အခက္အခဲ ျဖစ္တယ္ေလ။ ဒါေၾကာင့္မုိ႔လို႔ ဒီ အေျခခံလူတန္းစားေတြပဲ ဒုကၡေရာက္မယ့္ အေျခအေနမ်ိဳးကို မလုပ္သင့္၊ မပါသင့္ပါဘူးလို႔ပဲ က်မတို႔က ျမင္ပါတယ္။”

တကယ္တမ္း ကိုဗစ္မျဖစ္ခဲ့ရင္၊ စစ္တပ္အာဏာသိမ္းတာမ်ိဳး မျဖစ္ခဲ့ရင္ ျမန္မာႏိုင္ငံဟာ ေဒသတြင္း အထည္ခ်ဳပ္လုပ္ငန္းမွာ ထိပ္တန္းႏိုင္ငံတႏိုင္ငံ ျဖစ္လာႏိုင္တဲ့ အလားအလာေတြ ရွိခဲ့တယ္လို႔ ေဒၚရင္ရင္မိုးက ဆိုပါတယ္။ အခုခါမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ အထည္ခ်ဳပ္လုပ္ငန္း အနာဂတ္ဟာ ခန႔္မွန္းရခက္ေနတယ္လို႔ ဆိုပါတယ္။

အခုအခါ ဗီယက္နမ္လိုႏိုင္ငံမွာ ကိုဗစ္ကာကြယ္ေဆးေတြ ထိုးတာေတြကို အရွိန္ျမႇင့္္ လုပ္ေဆာင္ေနၿပီး ကုန္ထုတ္လုပ္ငန္းေတြ ျပန္လည္ လည္ပတ္ႏိုင္ေအာင္ ႀကိဳးပမ္းေနပါတယ္။ အျခား အထည္ခ်ဳပ္လုပ္ငန္းေတြလုပ္တဲ့ ဘဂၤလားေဒ့ရွ္တို႔ ကေမာၻဒီးယားတို႔လို ႏိုင္ငံေတြမွာ လုပ္ငန္းေတြ ျပန္လည္ လည္ပတ္လာႏိုင္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္ျပႆနာကို ေျဖရွင္းႏိုင္ရင္ေတာင္မွ ႏိုင္ငံေရးျပႆနာ ရွိေနေသးတဲ့အတြက္ ျမန္မာ့အထည္ခ်ဳပ္လုပ္ငန္းရဲ႕ အနာဂတ္ဟာ မေသခ်ာ မေရရာတဲ့ အေနအထားမွာ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မြန်မာ့အထည်ချုပ်လုပ်ငန်း ၃၀ ရာခိုင်နှုန်းကျော် ကျဆင်း

COVID-19 ရိုက်ခတ်ချက်ကြောင့် ထိခိုက်ကျဆင်းနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍဟာ စစ်အာဏာသိမ်းခဲ့ပြီးနောက်မှာ ပိုမိုထိခိုက် ကျဆင်းခဲ့ပါတယ်။ အဲဒီအထဲမှာ အလုပ်သမား ၅ သိန်းလောက်ကို အလုပ်ပေးထားတဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းလည်း ပါဝင်ပါတယ်။ မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ ၃၀ ရာနှုန်းကျော်လောက် ကျဆင်းသွားခဲ့ပါတယ်။ ဒီအခြေအနေတွေကို ကိုဇော်မိုးကျော် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းဟာ ၂၀၁၉ ခုနှစ် ကိုဗစ်စတင်ဖြစ်ပွားချိန် ပထမလှိုင်း ကာလမှာ နိုင်ငံတကာက လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တဲ့အတွက် ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ စက်ရုံတချို့ ရပ်ဆိုင်းခဲ့ရပြီး တင်ပို့မှုတွေလည်း ထိုးကျသွားခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယလှိုင်းဖြစ်စဉ် ၂၀၂၀ ခုနှစ်အတွင်းမှာ အထည်ချုပ်လုပ်ငန်းရှင်တွေ အနေနဲ့ အတွေ့အကြုံ ရလာတဲ့အတွက် လုပ်ငန်းတွေ အနည်းငယ် ပြန်လည်တည်ငြိမ်လာခဲ့ပါတယ်။ လုပ်ငန်းအပ်ထည်တွေ အတော်များများ စာချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ်တတိယလှိုင်းဟာ အလွန်ပြင်းထန်ခဲ့တာရယ် စစ်တပ်က အာဏာသိမ်းခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေရယ်ကြောင့် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေ ထိုးကျသွားခဲ့ပါတယ်။ အထည်ချုပ်ငန်းရှင်တဦးလည်းဖြစ် မြန်မာနိုင်ငံ အထည်ချုပ်အသင်း အမှုဆောင်အဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ ဒေါ်ရင်ရင်မိုးက အခုလို ရှင်းပြပါတယ်။

“ဒီ ကိုဗစ်တတိယလှိုင်းမှာ လူတွေအတော်များများက ကျန်းမာရေး ထိခိုက်ကုန်တယ်။ စက်ရုံတွေမှာကို Production (ထုတ်လုပ်မှု) က လုံးဝ ကွင်းဆက်ချိတ်လို့ မရတော့ဘူး။ ကလေးတွေက (အလုပ်သမား) အကုန်လုံး တောက်လျှောက် ခွင့်ယူကုန်တယ်။ ၁,၀၀၀ ရှိတဲ့ ရုံမှာဆိုရင် လူဦးရေ ၄၀၀ လောက် ပျက်တယ်ရှင့်။ ဆိုတော့ ၄၀ ရာနှုန်းလောက်က ရုံထဲမှာမရှိတော့ဘူး ဆိုတဲ့အခါကျတော့ အလုပ်က ဘယ်လိုမှ လုပ်လို့မရတော့ဘူး။ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ အခုလိုမျိုး စစ်ကောင်စီ အာဏာသိမ်းတဲ့ အခြေအနေနဲ့ သွားပြီးကြုံတဲ့အခါမှာ အချိန်က အံကိုက်လိုမျိုး ထပ်ပြီးတော့ ကြုံတွေ့ရတဲ့ အခါမှာတော့ ကျမတို့ အတော်များများ နာလန်မထူနိုင်တော့ဘူး။ အဲဒီအခြေအနေမှာ အော်ဒါတွေက မတ်လလောက်ကတည်းက စပြီးတော့ အားလုံးက Cancel (ပယ်ဖျက်) တွေ ဖြစ်ကုန်တယ်။ အခြေအနေတွေ ကစဉ့်ကလျားတွေ ဖြစ်ကုန်တယ်ပေါ့နော်။ မေလလောက်မှာ စက်ရုံအတော်များများ ပိတ်သွားတယ်။”

ကိုဇော်မိုးကျော် - နောက်တခုက ဘာဖြစ်လို့ နိုင်ငံတချို့ရဲ့ အပ်ထည်အမှာတွေ ရပ်ဆိုင်းသွားတာလဲခင်ဗျ။ ဘာဖြစ်လို့ Cancel လုပ်သွားတာလဲခင်ဗျ။

ဒေါ်ရင်ရင်မိုး - “Cancel (အမှာဖျက်သိမ်း) သွားတယ်ဆိုတာက ဒီ မြန်မာပြည်နိုင်ငံရေး မတည်ငြိမ်တာရယ်၊ နောက်တခါ အခုလိုမျိုး စစ်ကောင်စီ သိမ်းတဲ့အချိန်မှာ စက်မှုဇုန်တချို့ကို သူတို့က ဒီ စီးပွားပိတ်ဆို့ ဧရိယာအဖြစ် သတ်မှတ်လိုက်တယ်ပေါ့။ နောက်ပြီးတော့ ဥရောပအော်ဒါ အတော်များများက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုအပေါ်မှာ စိုးရိမ်ကြောင့်ကြပြီး သူတို့ တခြားနိုင်ငံတွေကို ချက်ချင်း ရုတ်တရက် ရွှေ့သွားတယ်။ ပိတ်ဆို့ဆိုတဲ့ ကိစ္စကလည်း နောက်ဆက်တွဲ ပါလာတယ်ပေါ့။ အဲဒါကြောင့် အော်ဒါတွေ အကုန် Cancel ဖြစ်သွားတယ်။”

စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်လုပ်ငန်း အပ်ထည်အမှာတွေက မြန်မာနိုင်ငံကနေ ဗီယက်နမ်လိုနိုင်ငံကို အဓိကရွှေ့သွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေကို ရွှေ့သွားပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲတုန်းကလည်း ဥရောပကုမ္ပဏီဖြစ်တဲ့ H and M လို ကမ္ဘာကျော် အထည်ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကြောင့် မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလို အခက်အခဲတွေကြောင့် အထည်ချုပ်လုပ်ငန်းရဲ့ ဝင်ငွေတွေ ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။

ILO အလုပ်သမားအဖွဲ့ချုပ်ရဲ့ စာရင်းအရ ၂၀၁၉ ခုနှစ်တုန်းက မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ၊ ဒေါ်လာသန်း ၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။ မြန်မာ့တင်ပို့ကုန်အားလုံးရဲ့ ၂၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ အခုအခါမှာတော့ ရာခိုင်နှုန်း အတော်များများ ကျဆင်းသွားပါတယ်။

အထည်ချုပ်အသင်းရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၇၃၄ ရုံကျော် ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး စာရင်းတွေအရက စက်ရုံပေါင်း ၄၄၅ ရုံသာ ဆက်လက်လည်ပတ်နိုင်ပါတော့တယ်။ ကိုဗစ်စဖြစ်ပြီးကတည်းက အခုအချိန်အထိ စက်ရုံပေါင်း ၂၈၉ ရုံ ပိတ်လိုက်ရပါတယ်။ ၃၀ ရာခိုင်နှုန်းကျော်လောက် ကျဆင်းသွားတယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းဟာ နှစ်ပေါင်း ၃၀ ကျော်ရှိပါပြီ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်အစိုးရလက်ထက် ၂၀၀၂၊ ၂၀၀၃ တုန်းကလည်း နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကြောင့် စက်ရုံတွေပိတ်ရပြီး မြန်မာ့အထည်ချုပ်လုပ်ငန်း ရပ်ဆိုင်းသွားခဲ့ဖူးပါတယ်။ အထည်ချုပ်လုပ်ငန်းဟာ သယံဇာတရောင်းတဲ့ လုပ်ငန်းမျိုး မဟုတ်ဘဲ တိုင်းပြည်ရဲ့ တကယ့်ကုန်ထုတ်လုပ်ငန်း ဖြစ်ပါတယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားရင် အောက်ခြေလူတန်းစားတွေပဲ ထိခိုက်နိုင်တယ်လို့ ဒေါ်ရင်ရင်မိုးက ပြောပါတယ်။

“ဒီလိုမျိုး နိုင်ငံရေး အကျပ်အတည်းကြားထဲ အထည်ချုပ်တွေကို နိုင်ငံတကာက ပိတ်ဆို့တဲ့အထဲမှာ မပါသင့်ဘူးလို့ ကျမတို့ထင်ပါတယ်။ အဲဒီအတွက်လည်း ကျမတို့ အသနားခံတဲ့ Statement (ကြေညာချက်) တွေလည်း ဟို ကြိုးစားပြီး ပေးပို့ပါတယ်။ အဲဒါတွေကတော့ လုပ်သားများစွာရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်တယ်လေ။ ဒါကြောင့်မို့လို့ ဒီ အခြေခံလူတန်းစားတွေပဲ ဒုက္ခရောက်မယ့် အခြေအနေမျိုးကို မလုပ်သင့်၊ မပါသင့်ပါဘူးလို့ပဲ ကျမတို့က မြင်ပါတယ်။”

တကယ်တမ်း ကိုဗစ်မဖြစ်ခဲ့ရင်၊ စစ်တပ်အာဏာသိမ်းတာမျိုး မဖြစ်ခဲ့ရင် မြန်မာနိုင်ငံဟာ ဒေသတွင်း အထည်ချုပ်လုပ်ငန်းမှာ ထိပ်တန်းနိုင်ငံတနိုင်ငံ ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိခဲ့တယ်လို့ ဒေါ်ရင်ရင်မိုးက ဆိုပါတယ်။ အခုခါမှာတော့ မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း အနာဂတ်ဟာ ခန့်မှန်းရခက်နေတယ်လို့ ဆိုပါတယ်။

အခုအခါ ဗီယက်နမ်လိုနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးတာတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီး ကုန်ထုတ်လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ အခြား အထည်ချုပ်လုပ်ငန်းတွေလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်တို့ ကမ္ဘောဒီးယားတို့လို နိုင်ငံတွေမှာ လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ပြဿနာကို ဖြေရှင်းနိုင်ရင်တောင်မှ နိုင်ငံရေးပြဿနာ ရှိနေသေးတဲ့အတွက် မြန်မာ့အထည်ချုပ်လုပ်ငန်းရဲ့ အနာဂတ်ဟာ မသေချာ မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ်။

XS
SM
MD
LG