တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တောင်ထူထပ်ရာ ယူနန်ပြည်နယ်မှာ ဒီကနေ့ မြေပြိုမှုကြောင့် သေဆုံးသူ ၈ ယောက်ကို အာဏာပိုင်တွေ အတည်ပြုထားပြီး၊ မြေအောက်ပိတ်မိနေသူတွေလည်း ဒါဇင်နဲ့ချီ ရှိနေပါတယ်။ ပြောင်းရွှေ့ပေးထားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ အေးခဲနေတဲ့ ရာသီဥတုနဲ့ နှင်းတွေကျနေချိန် ယူနန်ပြည်နယ် မြောက်ဘက်စွန်း Liangshui ရွာမှာ မနက် ၆ နာရီလောက်က ဖြစ်ပွားတဲ့ မြေပြိုမှုကြောင့် လူ ၂၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရကြောင်း နိုင်ငံပိုင် သတင်းက ဖော်ပြခဲ့တာပါ။
သေဆုံးသူ ၈ ယောက်ကို အတည်ပြုနိုင်ပြီး ၄ ယောက်ကို မြေအောက်က ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း နိုင်ငံပိုင် CCTV သတင်းက ဖော်ပြပေမဲ့ ကယ်ဆယ်နိုင်တဲ့သူတွေရဲ့ အခြေအနေ အတိအကျကိုတော့ မပြောပါဘူး။ ဒါဇင်နဲ့ချီတဲ့ မီးသတ်ကားတွေ ပစ္စည်းကရိယာတွေနဲ့အတူ ကယ်ဆယ်ရေးဝန်ထမ်း ၂၀၀ လောက် စေလွှတ်ထားတယ်လို့လည်း ပြောပါတယ်။ မြေပြိုမှု ဖြစ်ပွားချိန်မှာ ဒေသခံတွေ အိပ်နေကြတဲ့ အချိန်ဖြစ်တယ်လို့လည်း သတင်းတွေက နယ်ခံတွေကို ကိုးကားဖော်ပြခဲ့တာပါ။ လူမှုကွန်ရက်က ဓာတ်ပုံတွေမှာတော့ လိမ္မော်ရောင် ဝတ်စုံတွေနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ မီးသတ်တွေကို နှင်းတွေကျဆင်းနေတဲ့ကြားမှာ တွေ့ကြရပါတယ်။