သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုင်းရင်းသား အောင်လအန်ဆန် တိုကျိုပွဲ အနိုင်ရ


၂၀၁၇ ခုနှစ်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် One Championship ပြိုင်ပွဲတွင် အောင်ပွဲဆင်ခဲ့သည့် အောင်လအန်ဆန်။ (ဇူလိုင် ၁၊ ၂၀၁၇)
၂၀၁၇ ခုနှစ်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် One Championship ပြိုင်ပွဲတွင် အောင်ပွဲဆင်ခဲ့သည့် အောင်လအန်ဆန်။ (ဇူလိုင် ၁၊ ၂၀၁၇)

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒီကနေ့ ထိုးသတ်ခဲ့တဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ (Century of One Championship) ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံက ကချင်တိုင်းရင်းသား အောင်လအန်ဆန် အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါတယ်။

မြန်မာနိုင်ငံက အောင်လအန်ဆန်နဲ့ အမေရိကန်မှာမွေးဖွားတဲ့ ဖိလစ်ပိုင်နိုင်ငံက စိန်ခေါ်သူ ဘရန်ဒန်ဗဲယာ (Brandon Vera) တို့ ဒီကနေ့ ထိုးသတ်ကြတာမှာ အောင်လက ဒုတိယအချီမှာ အလဲထိုးပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ဖိလစ်ပိုင်နိုင်ငံသား လိုက်ဟဲဗီးဝိတ်တန်းက ဘရန်ဒန်ဗဲယာက အောင်လကို စိန်ခေါ်ခဲ့တာဖြစ်ပြီး အောင်လက ဒီပွဲကို အနိုင်ရသွားတဲ့အတွက် သူ့ရဲ့ မစ်ဒယ်လ်ဝိတ် ချန်ပီယံသရဖူတွေကို အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့တဲ့အပြင် လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုကိုပါ ရရှိသွားခဲ့ပါတယ်။

------------------------------

(Unicode)





XS
SM
MD
LG