သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဒင်လူသတ်မှုတပ်မတော်ဝန်ခံတာ တရားဥပဒေစိုးမိုးရေး တိုးတက်တဲ့ခြေလှမ်းအဖြစ် ဒေါ်စုသုံးသပ်


မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မွတ်စလင်ရွာသား (၁၀) ဦး သတ်ဖြတ်ခံရမှုမှာ တပ်မတော်သားတချို့ ပါဝင်ခဲ့ကြောင်း ဝန်ခံပြောဆိုတာဟာ တရားဥပဒေ စိုးမိုးရေးအတွက် တိုးတက်မှု ခြေလှမ်းတခုဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုလိုက်ပါတယ်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူဖို့ စစ်တပ်က ပြောဆိုခဲ့တာဟာ နိုင်ငံအတွက် ရှေ့ကိုခြေလှမ်းသစ်တလှမ်း လှမ်းလိုက်တာဖြစ်ကြောင်း မြန်မာနိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Taro Kono နဲ့ ဒီကနေ့ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ဒီလိုဖြစ်ရပ်တွေကို စုံစမ်းဖော်ထုတ်ခြင်းအားဖြင့် အလားတူ ဖြစ်ရပ်မျိုးတွေကို ဟန့်တားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG