သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် တရုတ်ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံနဲ့ တွေ့ဆုံ


့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံ Wang Yang
့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံ Wang Yang

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ဒုတိယ အကြိမ် BRI ခါးပတ်လမ်းမကြီး စီမံကိန်း အစည်းအဝေးကို တက်ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့မှာတော့ တရုတ်ရဲ့ ထိပ်တန်း နိုင်ငံရေး အကြံပေး Wang Yang နဲ့ ဘေဂျင်းက ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း တရုတ်ပိုင် ရှင်ဟွာသတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ လူမှုရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုတွေကို တရုတ် အနေနဲ့ ထောက်ခံကြောင်း တရုတ် Political Consultative Conference ရဲ့ ဥက္ကဌ Wang Yang က ပြောဆိုပါတယ်။

ပိုးလမ်းမကြီး စီမံကိန်း မူဘောင်အောက်က တရုတ် မြန်မာ စီးပွားရေး စင်္ကြ ံတည်ဆောက်ရေး၊ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား အရေးကြီးတဲ့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ရေး အတွက် တရုတ်ဘက်က အဆင်သင့်ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာ အနေနဲ့လည်း ခါးပတ်လမ်းမကြီး တည်ဆောက်ရေးမှာ ဆက်ပြီး တက်တက်ကြွကြွ ပါဝင်သွားလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီး မြန်မာနိုင်ငံ အတွက် အရေးပါတဲ့ တရုတ်ရဲ့ ရေရှည် ထောက်ခံမှု ထောက်ပံ့မှုတွေ အတွက် ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ သမ္မတ ရှီကျင်းပင် ကိုယ်စား PCC ဥက္ကဌ Wang Yang တည်ခင်းတဲ့ နေ့လည်စာ စားပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ တနလာၤနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘောဒီးယားကို သွားဖို့ ရှိနေပါတယ်။ ၂ ရက်ကြာမယ့် ကမ္ဘောဒီးယား ခရီးစဉ် အတွင်းမှာတော့ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံမှာ ဖြစ်သလို ကမ္ဘောဒီးယား ဘုရင် Norodom Sihamoni၊ နောက် ဘုရင့်မယ်တော် တို့နဲ့ နန်းတော်မှာ သီးခြားတွေ့ဆုံဖို့ ရှိကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဌာနက ကြေညာထားပါတယ်။ အထက်လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတို့နဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG