သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ အြန္လိုင္း႐ုံးခ်ိန္း ေရွ႕ေနတက္ခြင့္မရ


ဥပေဒအက်ဳိးေဆာင္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္

(Zawgyi/Unicode)
ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းယူလုိက္တဲ့ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ကတည္းက ဖမ္းဆီး ထိန္းသိမ္းခံထားရတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈ ရုံးခ်ိန္းကုိ ရန္ကုန္ အေရွ႕ပုိင္းခရုိင္ တရားရုံးမွာ ေမလ ၆ ရက္ ၾကာသပေတးေန႔က႔ အြန္လုိင္းကတဆင့္ ျပဳလုပ္ခဲ့ပါတယ္။ ဒီရံုးခ်ိန္းဟာ ၾကားနာတဲ့ရုံးခ်ိန္းမဟုတ္ဘဲ အမႈအတြက္ ရုံးကုိ တင္ျပစရာရွိတာေတြ တင္ျပတဲ့ ရုံးခ်ိန္းသာျဖစ္တယ္လုိ႔ ဥပေဒအက်ဳိးေဆာင္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ဗီြအုိေအကုိ ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NLD ၀န္ႀကီး ၃ ဦးအပါအ၀င္ Sean Turnell တုိ႔ကုိ စစ္ေကာင္စီက အစိုးရလွ်ိဳ႕ဝွက္ခ်က္မ်ား အက္ဥပေဒ ပုဒ္မ ၃ (၁) (ဂ) နဲ႔ ရန္ကုန္ အေရွ႕ပုိင္းခရုိင္ရုံးမွာ တရားစြဲဆုိထားတာျဖစ္ၿပီး ထိန္းသိမ္းခံထားရတဲ့ ၾသစေတးလ်ႏုိင္ငံသား Sean Turnell အတြက္ ေရွ႕ေနမရွိေသးလို႔ ေရွ႕ေနပါ၀ါ တင္ခဲ့တယ္လုိ႔လည္း ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

Video Conferencing ကတဆင့္ ျပဳလုပ္ခဲ့တယ္လုိ႔ဆုိတဲ့ ဒီၾကားနာပြဲအတြက္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြဘက္က သြားေရာက္ခဲ့ေပမယ့္ အင္တာနက္ ဆက္သြယ္မရွိတဲ့အတြက္ သူတုိ႔အေနနဲ႔ တရားခြင္ကုိ အြန္လုိင္းက တက္ခြင့္မရသလုိ၊ ဒီၾကားနာပြဲကုိ တကယ္ဘဲ အြန္လုိင္းက ျပဳလုပ္ခဲ့တာလား၊ ဒါမွမဟုတ္ စြဲခ်က္တင္ခံထားရသူေတြကုိ တရားခြင္မွာ သြားစစ္တာလားဆုိတာ ေသခ်ာ ကြဲကြဲျပားျပား မသိခဲ့ရဘူးေၾကာင္းနဲ႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႔ခြင့္ရဖုိ႔ ေရွ႕ေနေတြဘက္က ေလွ်ာက္ထားခဲ့ေပမယ့္ ေတြ႔ခြင့္မရခဲ့ဘူးလုိ႔ လည္း ေျပာပါတယ္။

အခုခ်ိန္ထိ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္နဲ႔ တျခား ဖမ္းဆီးထားတဲ့ NLD ထိပ္တန္းေခါင္းေဆာင္တခ်ဳိ႕ကုိ စစ္ေကာင္စီက အႀကိမ္ႀကိမ္ ရုံးထုတ္ စစ္ေဆးတယ္ဆုိေပမယ့္ တရားခြင္မွာ ေရွ႕ေနေတြနဲ႔ ေတြ႔ခြင့္မရသလုိ စြဲခ်က္တင္ထားတဲ့ အမႈေတြအတြက္ တကယ္ ၾကားနာစစ္ေဆးမႈေတြ တႀကိမ္မွ ျပဳလုပ္ႏုိင္ျခင္း မရွိေသးဘဲ ရုံးခ်ိန္းေတြေျပာင္းခ်ိန္းတာသာ ရွိေနပါေသးတယ္။

တိုက္႐ိုက္ လင့္ခ္


.........

ဒေါ်အောင်ဆန်းစုကြည် အွန်လိုင်းရုံးချိန်း ရှေ့နေတက်ခွင့်မရ
(Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ရုံးချိန်းကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ မေလ ၆ ရက် ကြာသပတေးနေ့က့ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့ပါတယ်။ ဒီရုံးချိန်းဟာ ကြားနာတဲ့ရုံးချိန်းမဟုတ်ဘဲ အမှုအတွက် ရုံးကို တင်ပြစရာရှိတာတွေ တင်ပြတဲ့ ရုံးချိန်းသာဖြစ်တယ်လို့ ဥပဒေအကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဝန်ကြီး ၃ ဦးအပါအဝင် Sean Turnell တို့ကို စစ်ကောင်စီက အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှာ တရားစွဲဆိုထားတာဖြစ်ပြီး ထိန်းသိမ်းခံထားရတဲ့ သြစတေးလျနိုင်ငံသား Sean Turnell အတွက် ရှေ့နေမရှိသေးလို့ ရှေ့နေပါဝါ တင်ခဲ့တယ်လို့လည်း ဦးခင်မောင်ဇော်က ပြောပါတယ်။

Video Conferencing ကတဆင့် ပြုလုပ်ခဲ့တယ်လို့ဆိုတဲ့ ဒီကြားနာပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က သွားရောက်ခဲ့ပေမယ့် အင်တာနက် ဆက်သွယ်မရှိတဲ့အတွက် သူတို့အနေနဲ့ တရားခွင်ကို အွန်လိုင်းက တက်ခွင့်မရသလို၊ ဒီကြားနာပွဲကို တကယ်ဘဲ အွန်လိုင်းက ပြုလုပ်ခဲ့တာလား၊ ဒါမှမဟုတ် စွဲချက်တင်ခံထားရသူတွေကို တရားခွင်မှာ သွားစစ်တာလားဆိုတာ သေချာ ကွဲကွဲပြားပြား မသိခဲ့ရဘူးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ ရှေ့နေတွေဘက်က လျှောက်ထားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ လည်း ပြောပါတယ်။

အခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ တခြား ဖမ်းဆီးထားတဲ့ NLD ထိပ်တန်းခေါင်းဆောင်တချို့ကို စစ်ကောင်စီက အကြိမ်ကြိမ် ရုံးထုတ် စစ်ဆေးတယ်ဆိုပေမယ့် တရားခွင်မှာ ရှေ့နေတွေနဲ့ တွေ့ခွင့်မရသလို စွဲချက်တင်ထားတဲ့ အမှုတွေအတွက် တကယ် ကြားနာစစ်ဆေးမှုတွေ တကြိမ်မှ ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ ရုံးချိန်းတွေပြောင်းချိန်းတာသာ ရှိနေပါသေးတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG