သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ရဲ႕ အဂတိမႈေတြ ေနျပည္ေတာ္မွာ စစ္ေဆး 


အဂတိလိုက္စားမႈစြဲ်က္ေတြနဲ႔ တရားရင္ဆုိင္ေနရတဲ့ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ကို ေမလ ၂၄ ရက္၊ ၂၀၂၁ ခုႏွစ္ ႐ံုးခ်ိန္းမွာ ေတြ႔ခဲ့ရစဥ္။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ႏိုင္ငံေတာ္တိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ကို စြဲဆိုထားတဲ့ အဂတိလိုက္စားမႈေတြထဲက ရဟတ္ယာဥ္ ငွားရမ္းတာ၊ ဝယ္ယူတာနဲ႔သက္ဆိုင္တဲ့အမႈကို ဒီကေန႔ ေနျပည္ေတာ္အထူးတရား႐ုံးမွာ စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။ ဒီကေန႔စစ္ေဆးတာမွာ တရားလိုျဖစ္သူ စစ္ေကာင္စီရဲ႕ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ဦးေအာင္ခန္႔ကို စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

ဒီကေန႔မွာေတာ့ ဒီအမႈတခုတည္းကိုပဲ စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

ရဟတ္ယာဥ္ငွားရမ္းမႈနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္း စုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ကို စစ္ေကာင္စီဘက္က အဂတိအမႈ ၅ မႈနဲ႔ စြဲဆိုခဲ့တာ ျဖစ္ပါတယ္။ ဒီအမႈေတြကို လာမယ့္ ေမ ၁၆ ရက္ေန႔မွာ ထပ္မံ စစ္ေဆးဖို႔ ႐ုံးခ်ိန္းေပးထားပါတယ္။ အဲဒီေန႔မွာေတာ့ ရဟတ္ယာဥ္ဌားရမ္းဝယ္ယူတာနဲ႔ပတ္သတ္လို႔ စြဲဆိုထားတဲ့ တျခားအမႈေတြကို စစ္ေဆးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒီကေန႔႐ုံးခ်ိန္းတက္လာတဲ့ ေဒၚေအာင္ဆန္းစုၾကည္ေကာ ဦးဝင္းျမင့္ေကာ က်န္းမာေရးေကာင္းမြန္တယ္လို႔ သိရပါတယ္။ မနက္ျဖန္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကိုစြဲဆိုထားတဲ့ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ ရန္ကုန္နဲ႔ ေနျပည္ေတာ္မွာ ေျမေနရာရယူထားမႈနဲ႔ပတ္သက္တဲ့ အမႈေတြအျပင္ လုပ္ငန္းရွင္ ေမာင္ဝိတ္ဆီက လာဘ္ေငြရယူတယ္လို႔ စြပ္စြဲ စြဲဆိုထားတဲ့ အဂတိအမႈ ၂ မႈတို႔ကို စစ္ေဆးသြားဖို႔ရွိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ အဂတိအမႈ ၁၂ မႈေက်ာ္အျပင္ ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒခ်ိဳးေဖာက္မႈ၊ သဘာဝကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ အပါအဝင္ ပုဒ္မအမ်ားအျပားနဲ႔ တရားစြဲဆိုခံထားရပါတယ္။ စစ္တပ္ အာဏာသိမ္းခဲ့ၿပီးေနာက္ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိ အမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး ဒီကေန႔အမႈအပါအဝင္ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ရဲ့ အဂတိမှုတွေ နေပြည်တော်မှာ စစ်ဆေး

နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေထဲက ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့သက်ဆိုင်တဲ့အမှုကို ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့စစ်ဆေးတာမှာ တရားလိုဖြစ်သူ စစ်ကောင်စီရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးအောင်ခန့်ကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ဒီအမှုတခုတည်းကိုပဲ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီဘက်က အဂတိအမှု ၅ မှုနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုတွေကို လာမယ့် မေ ၁၆ ရက်နေ့မှာ ထပ်မံ စစ်ဆေးဖို့ ရုံးချိန်းပေးထားပါတယ်။ အဲဒီနေ့မှာတော့ ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတာနဲ့ပတ်သတ်လို့ စွဲဆိုထားတဲ့ တခြားအမှုတွေကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ရုံးချိန်းတက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကော ဦးဝင်းမြင့်ကော ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ မြေနေရာရယူထားမှုနဲ့ပတ်သက်တဲ့ အမှုတွေအပြင် လုပ်ငန်းရှင် မောင်ဝိတ်ဆီက လာဘ်ငွေရယူတယ်လို့ စွပ်စွဲ စွဲဆိုထားတဲ့ အဂတိအမှု ၂ မှုတို့ကို စစ်ဆေးသွားဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဂတိအမှု ၁၂ မှုကျော်အပြင် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုးဖောက်မှု၊ သဘာဝကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု အပါအဝင် ပုဒ်မအများအပြားနဲ့ တရားစွဲဆိုခံထားရပါတယ်။ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး ဒီကနေ့အမှုအပါအဝင် ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။

==============

XS
SM
MD
LG