သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္ကို စြဲဆိုတဲ့ အဂတိမႈမ်ားၾကားနာစစ္ေဆး


ေဒၚေအာင္ဆန္းစုၾကည္ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

စီးပြားေရးလုပ္ငန္းရွင္တဦးျဖစ္တဲ့ ဦးေမာင္ဝိတ္က ေဒၚလာေငြ ၅ သိန္း လာဘ္ထိုးခဲ့တယ္ဆိုတဲ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲခ်က္အမႈႏွစ္မႈကို ဒီကေန႔ ေမ ၁၀ ရက္ေန႔ ေနျပည္ေတာ္ အထူးတရား႐ုံးမွာ ၾကားနာခဲ့ပါတယ္။ ေနာက္ အဂတိအမႈေတြျဖစ္တဲ့ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းအတြက္ ေျမေနရာရယူမႈစြဲခ်က္အမႈနဲ႔ပတ္သက္လို႔ေတာ့ ထြက္ဆိုမယ့္ သက္ေသမလာလို႔ မစစ္ျဖစ္ပါဘူး။

ေစပိုင္ကုမၸဏီပိုင္ရွင္ ဦးေမာင္ဝိတ္ဆီကေန ေဒၚလာ ၅ သိန္း ရယူခဲ့တယ္ဆိုၿပီး စစ္ေကာင္စီခန႔္တဲ့ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ေဒၚေအာင္ဆန္းစုၾကည္ ကို အဂတိလိုက္စားမႈ ဥပေဒပုဒ္မ ၅၅ နဲ႔အမႈ ၂ မႈ စြဲဆိုခဲ့တာျဖစ္ပါတယ္။ ဒီ ၂ မႈကို ၿပီးခဲ့တဲ့ ေမလ ၂ ရက္ေန႔မွာ စတင္ စစ္ေဆးၾကားနာခဲ့တာပါ။

စြဲဆိုထားတဲ့ အမႈ ၂ မႈစလုံးရဲ႕ တရားလိုျဖစ္သူ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ စုံစမ္းစစ္ေဆးေရးအရာရွိ ဦးရဲထက္ကို ဒီကေန႔ စစ္ေဆးၾကားနာခဲ့ပါတယ္။ ေနာက္လာမယ့္ ႐ုံးခ်ိန္းမွာေတာ့ အမႈ ၂ မႈ စလုံးအတြက္ တရားလို ဦးရဲထက္ကို ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ေရွ႕ေနေတြဘက္က ထပ္မံစစ္ေဆးသြားဖို႔ရွိေနပါတယ္။ အမႈ ၂ မႈအတြက္ စစ္ေကာင္စီဘက္က တင္ျပထားတဲ့ တရားလိုစာရင္းမွာ ေစပိုင္ကုမၸဏီ ပိုင္ရွင္ ဦးေမာင္ဝိတ္ ကိုယ္တိုင္ လာေရာက္ထြက္ဆို ႏိုင္ဖြယ္ရွိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ေနာက္ထပ္ စြပ္စြဲခံထားရတဲ့ အဂတိအမႈေတြထဲက ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ဆက္စပ္တဲ့ အဂတိအမႈစြဲခ်က္အတြက္ စစ္ေကာင္စီက သက္ေသ အျဖစ္ေခၚထားတဲ့ ေဒၚခင္ၾကည္ေဖာင္‌ေဒးရွင္းတာဝန္ရွိသူ ေဒါက္တာသန႔္ေသာ္ေကာင္းဟာ ဒီေန႔႐ုံးခ်ိန္းကိုမလာတာေၾကာင့္ ဒီအမႈကို မစစ္ႏိုင္ခဲ့ပါဘူး။ ေဒါက္တာသန႔္ေသာ္ေကာင္းဟာ သက္ေသလာေရာက္ထြက္ဆိုဖို႔ ပ်က္ကြက္တာ ႐ုံးခ်ိန္း ၃ ပတ္ ရွိတာမို႔ သူသက္ေသအျဖစ္ တင္သြင္းထားတာကို ပယ္ဖ်က္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနေတြဘက္က တရား႐ုံးကိုတင္ျပခဲ့ပါတယ္။

ဒီအမႈေတြကို လာမယ့္တပတ္ ေမလ ၁၇ ရက္ အဂၤါေန႔မွာ ျပန္လည္စစ္ေဆးၾကားနာဖို႔ ႐ုံးခ်ိန္း ထပ္ခ်ိန္းထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ က်န္းမာေရးအေျခအေနလည္း ေကာင္းမြန္တယ္လို႔ သိရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္အက္ဥပေဒခ်ိဳး ေဖာက္မႈ၊ သဘာဝ ကပ္ ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲဥပေဒခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈ အမႈအေတာ္မ်ားမ်ားနဲ႔ စစ္ေကာင္စီဘက္ စြဲဆိုထားတာပါ ။ စစ္တပ္ အာဏာသိမ္းခဲ့ၿပီးေနာက္ စစ္ေကာင္စီက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေလာေလာဆယ္အထိ အမႈေပါင္း ၁၈ မႈနဲ႔ တရားစြဲခဲ့ၿပီး အမႈ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ ခ်မွတ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========

[[Unicode]]

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုတဲ့ အဂတိမှုများကြားနာစစ်ဆေး

စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်က ဒေါ်လာငွေ ၅ သိန်း လာဘ်ထိုးခဲ့တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်အမှုနှစ်မှုကို ဒီကနေ့ မေ ၁၀ ရက်နေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာခဲ့ပါတယ်။ နောက် အဂတိအမှုတွေဖြစ်တဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာရယူမှုစွဲချက်အမှုနဲ့ပတ်သက်လို့တော့ ထွက်ဆိုမယ့် သက်သေမလာလို့ မစစ်ဖြစ်ပါဘူး။

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာ ၅ သိန်း ရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီခန့်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒေါ်အောင်ဆန်းစုကြည် ကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ နဲ့အမှု ၂ မှု စွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီ ၂ မှုကို ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ စတင် စစ်ဆေးကြားနာခဲ့တာပါ။

စွဲဆိုထားတဲ့ အမှု ၂ မှုစလုံးရဲ့ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအရာရှိ ဦးရဲထက်ကို ဒီကနေ့ စစ်ဆေးကြားနာခဲ့ပါတယ်။ နောက်လာမယ့် ရုံးချိန်းမှာတော့ အမှု ၂ မှု စလုံးအတွက် တရားလို ဦးရဲထက်ကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရှေ့နေတွေဘက်က ထပ်မံစစ်ဆေးသွားဖို့ရှိနေပါတယ်။ အမှု ၂ မှုအတွက် စစ်ကောင်စီဘက်က တင်ပြထားတဲ့ တရားလိုစာရင်းမှာ စေပိုင်ကုမ္ပဏီ ပိုင်ရှင် ဦးမောင်ဝိတ် ကိုယ်တိုင် လာရောက်ထွက်ဆို နိုင်ဖွယ်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ အဂတိအမှုစွဲချက်အတွက် စစ်ကောင်စီက သက်သေ အဖြစ်ခေါ်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းတာဝန်ရှိသူ ဒေါက်တာသန့်သော်ကောင်းဟာ ဒီနေ့ရုံးချိန်းကိုမလာတာကြောင့် ဒီအမှုကို မစစ်နိုင်ခဲ့ပါဘူး။ ဒေါက်တာသန့်သော်ကောင်းဟာ သက်သေလာရောက်ထွက်ဆိုဖို့ ပျက်ကွက်တာ ရုံးချိန်း ၃ ပတ် ရှိတာမို့ သူသက်သေအဖြစ် တင်သွင်းထားတာကို ပယ်ဖျက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က တရားရုံးကိုတင်ပြခဲ့ပါတယ်။

ဒီအမှုတွေကို လာမယ့်တပတ် မေလ ၁၇ ရက် အင်္ဂါနေ့မှာ ပြန်လည်စစ်ဆေးကြားနာဖို့ ရုံးချိန်း ထပ်ချိန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေချိုး ဖောက်မှု၊ သဘာဝ ကပ် ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု အမှုအတော်များများနဲ့ စစ်ကောင်စီဘက် စွဲဆိုထားတာပါ ။ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် လောလောဆယ်အထိ အမှုပေါင်း ၁၈ မှုနဲ့ တရားစွဲခဲ့ပြီး အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ် ချမှတ်ထားပါတယ်။

=========

XS
SM
MD
LG