သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလ ျ-အာဆီယံ ထိပ်သီးညီလာခံစတင်

အကြမ်းဖက်မှု တိုက်ဖျက်ရာမှာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေဖလှယ်ရေး နားလည်မှုစာချွန်လွှာကို ဒီကနေ့စတင်တဲ့ သြစတေးလျနဲ့ အာဆီယံနိုင်ငံတွေကြား အစည်းအဝေးအတွင်း လက်မှတ်ရေးထိုးကြတယ်လို့ သြစတေးလျဝန်ကြီးချုပ် Malcolm Turnbull က ပြောပါတယ်။ Australia နိုင်ငံဟာ ASEAN အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိတဲ့အနေနဲ့ရော အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံရေး၊ ကုန်သွယ်ရေးမှာ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးရနိုင်ဖို့အတွက်ပါ ခုလို ပထမဆုံး Australia ASEAN အထူးထိပ်သီးစည်းဝေးပွဲကို ကျင်းပတာပါ။

ဒီထိပ်သီးဆွေးနွေးပွဲကို လာတက်ရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရိုဟင်ဂျာပဋိပက္ခနဲ့ ပတ်သတ်ပြီး လူတရာလောက် စုဝေးဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုး ဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သတ်လို့ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ့်အကြောင်း Australia ဝန်ကြီးချုပ် Malcolm Turnbull က သောကြာနေ့ကပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံက စစ်တပ်နဲ့ အဆက်အဆံဖြတ်တောက်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုနေတာပါ။

သြစတေးလျနိုင်ငံဟာ မြန်မာစစ်တပ်ကို ဆက်လက် ပံ့ပိုးပေးနေပြီး ဒါဟာ တကမ္ဘာလုံးနဲ့မတူဘဲဖြစ်နေပါတယ်။ Amnesty International အဖွဲ့အနေနဲ့သိသလောက်ဆိုရင် မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး လူမျိုးနွယ်စုအလိုက် ရင်းလင်းဖယ်ရှင်းမှုတွေကို စနစ်တကျလုပ်ဆောင်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ Malcom Turnbull အနေနဲ့ မြန်မာစစ်ဖက်နဲ့ အဆက်အဆံ ဖြတ်တောက်ဖို့ လိုလားပါတယ်လို့ AI အဖွဲ့ရဲ့ ပြောခွင့်ရ Diana Sayed က ပြောပါတယ်။

သြစတြေးလ ျ-အာဆီယံ ထိပ်သီးညီလာခံစတင်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG